Headlines

စစ်ရေးတင်းမာနေတဲ့ ငဖဲမြို့နယ်ထဲက ပဒါန်းမြို့ဝင်ထွက်ခွင့်တင်းကြပ်လိုက်တာကြောင့်ဒေသခံချင်းလူမျိုးတွေစားနပ်ရိက္ခာသယ်ယူရာမှာအခက်ခဲကြုံနေရ

ဇန်နဝါရီလ ၈ ရက်။ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က ပဒါန်းမြို့ဝင်ထွက်ခွင့်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းလောက်ကစလို့ ကန့်သတ်တင်းကြပ်လိုက်တာတွေကြောင့် ငဖဲမြို့နယ်ထဲ ဒေသခံချင်းလူမျိုးတွေ စားနပ်ရိက္ခာ သယ်ယူရာမှာ အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ငဖဲမြို့နယ် ကျွဲတလင်းရွာနားမှာ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဒါန်းမြို့ထဲဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီဘက်က တင်းကြပ်စွာ ကန့်သတ်လိုက်တာလို့လည်း သိရပါတယ်။ ငဖဲမြို့နယ်ထဲက ဒေသအခေါ် တောင်ပေါ်ဆယ်အုပ်စုလို့ခေါ်တဲ့ ချင်းလူမျိုးဒေသခံတွေ နေထိုင်တဲ့ ကျေးရွာ ၃၀ လောက်က ပဒါန်းမြို့ကို သွားပြီးတော့ ဈေးသွား၊ ဈေးဝယ် လုပ်ကြရတာဖြစ်ပြီး အခုတော့ ပဒါန်းမြို့ဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်တာတွေ…

Read More

ပဒါန်း-ငဖဲလမ်း တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရ၊အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို CDF-Asho ဖမ်းဆီးရမိ

ဇန်နဝါရီလ ၅ ရက်။ ဇန်နဝါရီ ၃ ရက်နေ့က မကွေးတိုင်း၊ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ပါတဲ့စစ်ကား ၂ စီးကို ပဒါန်း-ငဖဲလမ်းမှာ CDF-Asho က မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF-Asho )က ဒီကနေ့ ဇန်နဝါရီလ ၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ငဖဲမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာလက်နက်ခဲယမ်းနဲ့အတူ CDF – Asho တပ်ဖွဲ့ကဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF-Asho တပ်ဖွဲ့ဟာ…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ခု သိမ်းပိုက်ထားတဲ့ ULA/AA အနေဖြင့် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ခု ကို သိမ်းပိုက်ခဲ့ပြီ ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက် များကိုစစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ULA/AA က သဘောထားထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ လက်ရှိ မြန်မာ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သည့် အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် မိမိတို့ အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်” တယ်…

Read More

အမ်းမြို့နယ် (နပခ)က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ CDF – Asho ထုတ်ပြန်

ဒီဇင်ဘာလ ၂၈ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိတာနဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးဆောင်များစွာ သိမ်းဆည်းရရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ကဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးက စစ်ကြောင်းပျက် ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ပါ စစ်ကြောင်း ၂ ကြောင်းကို အမ်း – ပဒါန်း လမ်းမအနီးပျဉ်းဝ စစ်ဆေးဂိတ် အနောက်ဘက်မီတာ (၁၅၀၀) ေကျာ်ခန့်ကနေ ပိတ်ဆို့တားဆီးခဲ့တယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။ အသာတကြည်…

Read More

လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကိုဆန့်ကျင်ကြဖို့ ခရစ္စမတ်ပွဲမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော

လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီဇင်လာလ ၂၂ ရက်မှာ ရန်ကုန်မြို့ ၊ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church မှာ ပြုလုပ်ကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်အကြို)ကျေးဇူးတော်ချီးမွမ်းခြင်း နဲ့ မိတ်သဟာယညစာစားပွဲ မှာပြောကြားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟုဆိုနိုင် ကြောင်း ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ဘာသာ၊ သာသနာရေးတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့် အညီအမျှရရှိရေးကိုလည်း ‌ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။…

Read More

ချင်းလူငယ် သရုပ်ဆောင် ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်တဲ့ မေတ္တာ ရုပ်ရှင် ဇာတ်ကား ဒီဇင်ဘာ ၂၆ အထိ ဆက်လက် ပြသမည်

ချင်းလူငယ် သရုပ်ဆောင်မင်းသား ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင် သရုပ်ဆောင်ထားသော နိုင်ငံတကာ ဆုတံဆိပ် ၁၁ ခု ရရှိထားသည့် မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကို ဒုတိယ အပတ် အနေဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ရန်ကုန်မြို့နဲ့မြန်မာပြည် မြို့ကြီးများရှိ ရုပ်ရှင်ရုံ တချို့မှာ ဆက်လက် ပြသ သွားမယ် လို့ သိရပါတယ်။ “ရှေ့ဆောင် ရုပ်ရှင်ရုံမှာ က နေ့လည် ၁ နာရီ နှင့် ည ၆ နာရီခွဲမှာ ပြသ သွားမယ်။ မင်္ဂလာ ဂမုန်းပွင့်မှာ မနက် ၁၀ နာရီ၊ St. John City Mall ရဲ့…

Read More

ချင်းအမျိုးသား Gin Mung ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်တဲ့နိုင်ငံတကာဆု ၁၁ ခု ရရှိထားတဲ့ မေတ္တာ ရုပ်ရှင် မြန်မာပြည်မှာ ပြသ

ဒီဇင်ဘာလ ၁၉ ရက် ။ မိဘမဲ့ကလေးများ ရံပုံငွေအတွက် ရိုက်ကူးထားသော ချင်းအမျိုးသား သရုပ်ဆောင် Gin Mung ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ပြီး နိုင်ငံတကာဆု (၁၁)ခုအထိ ရရှိထားသည့် မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၃ ရက် ကနေ ၁၉ ရက် အထိ ရန်ကုန်မြို့ နှင့် မြန်မာနိုင်ငံ တခြားမြို့ကြီးများရှိ မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံ တွေမှာ ပြသသွားခဲ့တယ် လို့ သိခဲ့ရပါတယ်။ မေတ္တာ ရုပ်ရှင်ဟာ Unbroken Ties မူရင်း ဝတ္တုကို အခြေခံပြီး ဒါရိုက်တာ Graham Streeter နှင့် တွဲဘက် ဒါရိုက်တာ ဂရေ့စ် ဆွေဇင်ထိုက် ရိုက်ကူး ပုံဖော်ထားကာ…

Read More

ငဖဲမြို့နယ်မှာ တောင်ယာ၊တောထဲတွေမှာ စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော် အရေးပေါ်စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ဒီဇင်ဘာလ ၁၇ ရက်။ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှာ တောင်ယာ၊တောထဲတွေမှာစစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ငဖဲမြို့နယ် အမ်း – ပဒါန်းကားလမ်းပေါ်မှာရှိနေထိုင်ခဲ့ကြတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဧပြီလ နဲ့ နိုဝင်ဘာလလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် တောင်ယာနဲ့ တောထဲတွေမှာ တဲထိုးပြီး စစ်ဘေးရှောင်နေကြရသူတွေဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ငဖဲမြို့နယ်က ကျေးရွာ ၆ ရွာလောက်က ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်လောက်က စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်။ သူတို့တွေက အမ်း – ပဒါန်းကားလမ်းမပေါ်က ကျေးရွာတွေဖြစ်တယ် ခုနှစ် ဧပြီလ နဲ့ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတယ် လက်ရှိသူတို့တွေဟာ…

Read More

၂၀၂၅ မှာမြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာကူညီဖို့ ရံပုံငွေ ဒေါ်လာ ၁ ဘီလျံ ကျော်လိုအပ်ကြောင်း ကုလထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လိုအပ်မှာဖြစ်ကြောင်း၊အရေးပေါ် အကူအညီလိုနေသူ ၅ ဒသမ ၅ သန်းအတွက် ဒေါ်လာ ၁ ဘီလျံသုံးစွဲဖို့မျှော်မှန်းထားကြောင်း၊ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) ကဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ “၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန် နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ၅ ဒသမ ၃ သန်းထဲကလူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ပါဘူး။ ရရှိခဲ့တဲ့သူတွေဟာလည်းအပြည့်အစုံရရှိခဲ့ခြင်းမရှိပါဘူး။၂၀၂၅ ခုနှစ်မှာ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရပါလိမ့်မယ်။ “လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) က…

Read More

ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာဆက်လက်ရပ်တည်၊ချင်းပြည်နယ်မှာဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာ

ဒီဇင်ဘာလ ၁၃ ရက်။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာ မနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်းကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ ကြောင်း၊မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ကာ ၊အခုနှစ်မှာ ချင်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC ထုတ်ပြန်တဲ့အစီရင်ခံစာမှာပါရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။…

Read More