အာရက္ခတပ်တော်(AA)က တပ်သားစုဆောင်းနေလို့ အမ်းမြို့နယ် ချင်းရွာတွေက ဒေသခံချင်းလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရ
စက်တင်ဘာလ ၂၅ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ချင်းရွာတွေမှာ အာရက္ခတပ်တော် (AA)က ကျေးရွာလုံခြုံရေးအတွက်ဆိုပြီး လူငယ်တွေကို မဲနှိုက်စနစ်နဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ် အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံလူငယ်တချို့သတင်းပေးပို့ချက်အရသိရပါတယ်။ အမ်းမြို့နယ်ထဲက သရွဲရွာ၊ တာဖျားရွာ၊ မဝှမ်းရွာ၊ ရှုးချင်းရွာ ၊ ဒုကန်ရွာ၊ မဲတန်ကြိုးရွာ၊ ဖောင်တော်ဦးရွာ၊ မဲလက်မောင်းရွာ စတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေက ဒေသခံချင်းလူငယ်တွေကို ကျေးရွာလုံခြုံရေးအတွက် ဆိုပြီး အာရက္ခတပ်တော် (AA)က မဲနှိုက်စနစ်နဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ လုပ်နေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံလူငယ် တစ်ဦးက “မဲမနှိုက်ချင်ကြတော့ ဒေသခံလူငယ်တွေက အမ်းမြို့နဲ့ ရန်ကုန်ကို ပြေးကြတယ် ပြေးတဲ့သူတွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေပဲ သွားလို့ရတယ် ကျောင်းသားမဟုတ်တဲ့သူတွေတော့ ရန်ကုန်နဲ့ အမ်းကို ဝင်လို့မရဘူး ရွာကနေ…

