မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဇီဝ အချက်အလက်တွေကို သြဂုတ်လအတွင်း အပြီးကောက်ယူမယ်လို့သိရ
ဩဂုတ်လ ၅ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီသီးရောက်ရှိနေတဲ့ မြန်မာစစ်ဘေရှောင်တွေရဲ့ Biometric ဇီဝအချက်အလက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ကောက်ယူနေပြီး သြဂုတ်လအတွင်း အပြီးသတ်ကောက်ယူသွားဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းက Serchhip, Lunglei , Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နဲ့ Hnahthial စတဲ့ ခရိုင် ၁၁ ခုမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ကြတဲ့ မြန်မာစစ်ဘေးရှောင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကောက်ယူနေတာလို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင်နေထိုင်သူတစ်ဦးက “စကောက်တာက ဇူလိုင်လ ကုန်ပိုင်းလောက်ကနေ စကောက်နေကြပြီ ဒီသြဂုတ်လအတွင်း…

