
မလေးရှားမှာ ပတ်ဝန်းကျင် တိုင်ကြားတာခံရလို့ အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရ
ဇူလိုင်လ ၄ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ Cheras Ria Apartment မှာ ပတ်ဝန်းကျင်ရဲ့ တိုင်ကြားတာခံရလို့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်/၃ ရက်နေ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “Cheras Ria Apartment မှာ ၂ ညဆက်တိုက်ဖမ်းတယ် ပထမညဖမ်းတဲ့ချိန် ထွက်ပြေးတဲ့သူရှိတာသိလို့ နောက်တနေ့ ပြန်ဖမ်းတာလို့ သိရပါတယ် အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်လောက်တော့ အဖမ်းခံရတယ်လို့ သိရတယ် အဓိက ပတ်ဝန်းကျင် တိုင်ကြားမှုနဲ့ ဖမ်းတာများတယ်၊ ဖမ်းတာက နေ့တိုင်းတောက်လျှောက်ပဲ ဖမ်းနေတာ ဒီကာလ…