Headlines

အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ ခါရာနှင့်ချင်းအဆိုတော်များ ပါဝင်ဖျော်ဖြေမယ့် ရောင်နီဂီတပွဲ အင်ဒီယားနားပိုလစ်စ်မြို့မှာ ပြုလုပ်မယ်

(ပွဲအကျိုးအမြတ်အားလုံးကို ချင်းပြည်က CDM ၀န်ထမ်းများ၊ ဒဏ်ရာရရဲဘော်များနဲ့ တော်လှန်ရေးပြည်သူများကို မျှမျှတတခွဲဝေသွားမယ်လို့ဆို) ဒီဇင်ဘာလ ၂၃ ရက်။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရှိ၊ အင်ဒီယားနားပိုလစ်စ်မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်၊ ဒေသစံတော်ချိန် ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ အဆိုတော်လင်းလင်း၊ ချစ်သုဝေ၊ သရုပ်ဆောင် ခါရာနဲ့ ချင်းအဆိုတော်များ ပါဝင်ဖျော်ဖြေသွားမယ့် ရောင်နီဂီတပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲကို We For All Charity Event လို့ အမည်ပေးထားပါတယ်။ ဒီပွဲလေးရဲ့ ထူးခြားချက်က ပွဲကရရှိသမျှ အကျိုးအမြတ်အားလုံးကို ချင်းပြည်က CDM ပြည်သူများ၊ ဒဏ်ရာရရဲဘော်များနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ပြည်သူများအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့် ခွဲဝေပေးသွားမှာဖြစ်ပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ ချင်းပြည်သူတွေအတွက် အဆိုတော်ကိုလင်းလင်း၊ မချစ်သုဝေ၊…

Read More

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ Joshua Van ကို အမေရိကန်က ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုမယ်

ဒီဇင်ဘာလ ၁၆ ရက်။ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရရှိထားတဲ့ Joshua Van ကို အမေရိကန်ပြည်ထောင်စု အင်ဒီယားပူလစ်မြို့ရှိ Chin Evangelical Baptist Church Life Center မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်ရောက်ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့ပြုလုပ်တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးရခဲ့ပါတယ်။ ချင်းလူငယ် Joshua Van ချန်ပီယံခါးပတ်ရရှိတာကြောင့် UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့…

Read More

အိန္ဒိယအစိုးရကို စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၁၃ ဖွဲ့ က အိတ်ဖွင့်စာပေးပို့

ဒီဇင်ဘာလ ၁၃ ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကိုလုံးဝအသိအမှတ်မပြုဖို့ အပါအဝင် အချက် ၃ ချက်ကို အိန္ဒိယအစိုးရနှင့် လွှတ်တော်ကို မြန်မာပြည်သူလူထု ကိုယ်စားလှယ်စား အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ၁၁၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ၂၉ ဦးတို့က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့တယ်လို့ India For Myanmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ၎င်းတို့စိုးမိုးထားရာ နယ်မြေအနည်းငယ်မှာ မကြာမီကာလအတွင်း ဟန်ပြကျင်းပရန် ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲ ကို လုံးဝ အသိအမှတ်မပြုဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲသို့စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များစေလွှတ်ခြင်းမှရှောင်ကြဉ်ရန်၊မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမယ့် အကူအညီတွေကိုသာ ပံ့ပိုးပေးဖို့ အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့ထားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊…

Read More

မီဇိုရမ်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ ဝင်ခွင့်ရဖို့ ICA အဖွဲ့ချုပ်နဲ့မီဇိုရမ်တက္ကသိုလ် MoU လက်မှတ်ရေးထိုး

ဒီဇင်ဘာလ ၁၀ ရက်။ မြန်မာနိုင်ငံကျောင်းသားတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အိုက်ဇောလ်မြို့ကမီဇိုရမ်တက္ကသိုလ် ဝင်ခွင့်ရမယ့် နားလည်မှုစာချွန်လွှာ ( MoU) ကို မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာ ( MoU) ထဲမှာ မြန်မာစကာားပြော ဒီပလိုမာသင်တန်း မိတ်ဆက်ပို့ချတာ၊ မြန်မာနိုင်ငံကကျောင်းသူ၊ ကျောင်းသားတွေကို မီဇိုရမ်တက္ကသိုလ်မှာ ဝင်ခွင့်ရအောင်နှင့် တခြား သုတေသနဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနားလည်မှုစာချွန်လွှာ ( MoU) ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား…

Read More

ချင်းလူငယ် ဖိုက်တာ Joshua Van ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် ၊ လာစ်ဗီးဂတ်မြို့မှာ မနေ့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ UFC ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို အနိုင်ယူပြီး UFC ဖလိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF) အနေနဲ့ အထူးဝမ်းမြောက်တယ်လို့ CNF က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူငယ် ဖိုက်တာ Joshua Van ဟာ UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံအဖြစ် အလှဆုံးသမိုင်းစာမျက်နှာသစ် ဖန်းတီးသူဖြစ်ကြောင်းနဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၊…

Read More

ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးနဲ့ ထိုင်းဖိုက်တာတို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထိုးသတ်မယ်

ဒီဇင်ဘာလ ၆ ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားကွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ONE Championship Friday Fight 136 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ထိုင်းဖိုက်တာတို့ ထိုးသတ်သွားမှာဖြစ်လို့ သိရပါတယ်။ ONE Friday Fight 136 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး က ထိုင်းဖိုက်တာ CHATPICHIT နဲ့ မွေထိုင်း Atomweight တွင် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာလည်းဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ယှဉ်ပြိုင်ထိုးမယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ်ဟာ ONE Firday Fight…

Read More

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု ချင်းအမျိုးသား ၁ ဦး ရရှိ

ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် ရှိ Governor of Victoria နှင့် Victorian Multicultural Commission တို့မှ ကြီးမှူး ကျင်းပ ပေးအပ်ခဲ့သော ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု (Victorian Multicultural Awards for Excellence) ချီးမြှင့်ပွဲမှာ ချင်းအမျိုးသား တစ်ဦးမှ ဆုရရှိခဲ့ကြောင်း Victorian Multicultural Commission ရဲ့ website ပါ ဖော်ပြချက် အရ သိရှိရ ပါတယ်။ Website ပါ ဖော်ပြချက်များ အရ ဆုရတဲ့ ချင်းအမျိုးသားဟာ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသူSalai Peter…

Read More

ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာလ ၅ ရက်။ ချင်းအရေးကို လူမျိုးနွယ်စုအလိုက်ချည်းကပ်ဖြေရှင်းဖို့ကြိုးစားနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ Institute of Chin Affairs ( ICA)အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ Together for Humanity Friendship Dinner မိတ်ဆုံညစာစားပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ( Pu Lalduhoma) ကမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “ အဓိကအားဖြင့် ချင်းပြည်နယ်အတွင်းက ချင်းညီအစ်ကိုတွေ အချင်းအချင်း မစည်းလုံးဘူးဆိုရင် ရန်သူအတွက် အမြဲတမ်းအနိုင်ယူဖို့လွယ်ကူနေမှာ ဖြစ်တယ် ဦးဆောင်မှုပိုင်းမှာ အဓိကဖြစ်တဲ့ CC နဲ့ CB ကကျနော်ရှေ့မှာဘဲ ငြိမ်းချမ်းရေးလုပ်ပေးပြီး Chin National Council ကို…

Read More

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၉၃ ဦးအထဲ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းမြန်မာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Malaysia Myanmar Association – MMA အဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ မလေးရှားတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၆၉၃ လည်း ဖမ်းဆီးခံရပြီး အဲဒီမှာ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ဖမ်းဆီးခံရတယ်လို့ MMA အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဖမ်းဆီးခံရတဲ့စာရင်းဟာ MMA အဖွဲ့ရဲ့…

Read More

အိန္ဒိယ (မီဇိုရမ်) – မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

နို၀င်ဘာလ ၂၅ ရက်။ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၂၄ ရက်နေ့လောက်ကစလို့ ပြန်ဖွင့်လိုက်ပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “မနေ့ကစလို့ ထင်တယ် လော့ဒေါင်းတွေ ပြန်ဖွင့်လိုက်တာ ပလက်ဝဘက်ပြန်မယ့်သူတွေ ပြန်ဖို့ လုပ်တာတွေ ရှိတယ် ကျနော်အသိတွေ ဒီအခုက ဝမ်းရောဂါလည်း သက်သာသွားတဲ့ အခြေအနေမျိုးရှိလို့ ဖြစ်မယ် ဘယ်နေ့ကစလို့ အခုလို ပြန်ခွင့်ပြုတာလည်းဆိုတာ ရက်တိကျတော့ မသိလိုက်ဘူး မနေ့လောက်ကနေ ခွင့်ပြုတာထင်တယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေမှာ နိုဝင်ဘာလဆန်းလောက်ကနေ စပြီး ပြင်းထန်တဲ့…

Read More