Headlines

UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van အဆင့် ၁ တိုးမြင့်သတ်မှတ်ခံရ

ဇူလိုင် ၂ ရက်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ အမေရိကန်ဖိုက်တာ Brandon Royval တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် ကမ္ဘာကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေကျင်းပနေတဲ့ UFC က ရွေးချယ်လိုက်ကာ၊ယခုအချိန်ကစပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ကို အရည်အချင်းသတ်မှတ်ချက် Ranking အဆင့် ၁ တိုးမြင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁ သတ်မှတ်ခံရတဲ့ အမေရိကန်ဖိုက်တာ…

Read More

ဗဟိုမီဇိုလူငယ်အသင်း(CYMA)က ၅ လအတွင်းဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီး

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဗဟိုမီဇိုလူငယ်အသင်း(CYMA) ရဲ့ လက်အောက်ခံ ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (CADS)ကဦးစီးပြီး မီဇိုရမ် ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိမူးယစ်ဆေးဝါးများဖျက်စီးခြင်း အစီအစဉ်တစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့က မြို့တော်အိုင်ဇော်လ်မြို့ရှိ YMA ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ India Today မီဒီယာကဖော်ပြပါတယ်။ CYMA အတွင်းရေးမှုး Prof. Malsawmliana က ဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး စာရင်းများကို တင်ပြခဲ့ရာ ၂၀၂၅ မတ်လကနေ ဇွန်လကုန်အထိ ငါးလအတွင်း ဘိန်းဖြူ (နံပါတ် ၄): ၈၆၁ ယူနစ်၊ တစ်တက် ဆေးပြားများ: ၁,၄၉၈ ပြား၊ မက်သာအမ်ဖက်တမင်း: ၁၀ ကီလိုဂရမ်၊ ဆေးဝါးပြားများ:…

Read More

မီဇိုရမ်ပြည်က ရေဘေးသင့် စစ်ဘေးရှောင်ပလက်ဝဒေသခံတွေရဲ့ နေအိမ်ပြန်လည်တည်ဆောက်ရေးအပြင် အခြေခံစားနပ်ရိက္ခာ ၊ ဆေးဝါးတွေ အကူအညီ လိုအပ်လျက်ရှိနေ

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ တွီဒင်း၊ ကာကီနဲ့ လောင်ဆွီးကျေးရွာတွေမှာ ရေဘေးသင့်နေတဲ့ စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် သစ်ဝါး၊ ရေပုံးတွေနဲ့ အခြေခံစားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးဌာန ရဲ့ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ဘေးရှောင် ရေးဘေးသင့်ပလက်ဝဒေသခံတွေကို ဇွန်လ ၂၇ ရက်နေ့က ကာကီစခန်းကို ဆန် (၁၀၇)အိတ်၊ လောင်းပဆူးစခန်း ဆန် (၂၅) အိတ်၊ တွီဒင်းစခန်းကို ဆန် (၁၀၇) အိတ် စုစုပေါင်း ဆန်အိတ် အပြင် ဆား (၁၀၀) အိတ်၊ ဆီ (၄၈)ဘူးနဲ့ နေအိမ်လုံးဝပျက်စီးသွားတဲ့ နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်ကို…

Read More

နေပြည်တော်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် အဖြစ် ချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင်တစ်ဦး ပါဝင်တက်ရောက်ခဲ့

ဇွန်လ ၃၀ ရက်။ ဇွန်လ ၂၅ ရက်ကနေ ၂၇ရက်နေ့ အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Forum 2025) မှာပါဝင်တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦးထဲမှာ အိန္ဒိယဖွားချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင် တစ်ဦးဖြစ်တဲ့ Professor Dr Kham Khan Suan Hausing လည်း ပါဝင် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။ Professor Kham Khan Suan Hausing ဟာ အိန္ဒိယ နိုင်ငံ ဟိုက်ဒရာဘတ် တက္ကသိုလ် (UoH) ရှိ နိုင်ငံရေးသိပ္ပံဌာန နှင့် လူမှုရေး သိပ္ပံကျောင်း တို့တွင်…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van ကို UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ရဲ့ ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ် အတည်ပြုလိုက်ပြီ

ဇွန်လ ၃၀ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ထိပ်တန်းပြိုင်ဘက် Brandon Royval ကို အနိုင်ယူခဲ့ပြီးနောက် လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ရဲ့ Flyweight(ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်အတွက်စိန်ခေါ်သူအဖြစ် UFC က တရားဝင် အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja က လည်း မနေ့ ဇွန်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ UFC ပွဲမှာ Kai Kara ကို တတိယအချီမှာ အနိုင်ရပြီး ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ဆက်ပြီးကာကွယ်နိုင်ခဲ့ပြီး နောက်ထပ် ချန်ပီယံခါးပတ်အတွက် Joshua Van…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာကိုအနိုင်ရ

ဇွန်လ ၂၉ ရက်။ ဒီကနေ့ ဇွန် ၂၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊လပ်ဗီးဂတ်မြို့မှာ ကျင်းပတဲ့ UFC 317 ၊ ဖလိုင်းဝိတ်တန်း ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာဖြစ်တဲ့ ပြိုင်ဘက် အမေရိကန်ဖိုက်တာ Brandon Royval ကိုအကြိတ်အနယ်ထိုးသတ်ခဲ့ပြီး တတိယအချီမှာ ဒိုင်အဆုံးအဖြတ်နဲ့ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့လည်း ဇွန်လ ၂၇ ရက်နေ့မှာပြုလုပ်တဲ့ UFC 317 ပြိုင်ပွဲ အကြိုသတင်းစာရှင်းလင်းပွဲမှာ UFC ဥက္ကဌကြီးဖြစ်သူ ဒေနာဝှိုက်က ပြောဆိုထားပါတယ်။ UFC Flyweight တန်း အဆင့်် ၁…

Read More

အိန္ဒိယဥပဒေ ကိုမလိုက်နာပဲ နယ်စပ်ကိုဖြတ်ကျော်တဲ့ မြန်မာဒုက္ခသည်များရဲ့ မှတ်ပုံတင်များသိမ်းဖို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် စဉ်းစားလာ

ဇွန်လ ၂၈ ရက်။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ကိုထပ်ခါတလဲလဲ ဖြတ်ကျော်ပြီး အိန္ဒိယဥပဒေများကို ချိုးဖောက်နေတဲ့ မြန်မာဒုက္ခသည်များရဲ့ မှတ်ပုံတင်များကို သိမ်းဆည်းရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က စဉ်းစားလာနေတယ်လို့ ဇွန်လ ၂၇ ရက်နေ့က India Today သတင်းဌာနမှာဖော်ပြပါတယ်။ ဇွန်လ (၂၆) ရက်၊ ကြာသပတေးနေ့က မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ပြုလုပ်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန်၊ ပြည်ပရောက်လုပ်သားများအကာအကွယ်ပေးရေး ညွှန်ကြားရေးမှူးချုပ် ဆူရင်ဒါ ဘာဂတ် (Surinder Bhagat) တို့နဲ့ ပြုလုပ်တဲ့ အဆင့်မြင့်အစည်းအဝေးတစ်ခုအတွင်း ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဒုက္ခသည်အချို့ရဲ့ အပြုအမူများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မှတ်ပုံတင်များသိမ်းဆည်းရေးကိစ္စကိုလည်း စဉ်းစားနေတယ်လို့ဆိုပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က “ဒုက္ခသည်အများအပြားဟာ ဥပဒေကို လိုက်နာကြပေမယ့်လည်း၊ လက်ရှိအကျပ်အတည်းကို အခွင့်ကောင်းယူကာ မြန်မာနဲ့ နယ်စပ်ကို ဖြတ်ကျော်သွားလာနေသူများလည်း…

Read More

မီဇိုရမ်ပြည်နယ်ထဲ မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦး မြန်မာနိုင်ံငံပြန်ပို့ခံရ

ဇွန်လ ၂၅ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲဝင်ရောက်ပြီး မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အသင်း (CYLA) က မြန်မာနိုင်ငံဘက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ လောင်တလိုင်ခရိုင်မှာ နေထိုင်သူတစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနဲ့ ၂၁ ရက်နေ့က CYLA ရဲ့မူးယစ်ဆေးဝါးလျှော့ချရေးအဖွဲ့ Drug Squad က နယ်စပ်အထိ ပို့လိုက်တယ်လို့ကြားတယ် သူက စစ်ရှောင်တော့မဟုတ်ဘူး ဒီမှာ စီပွားရေးလာလုပ်ပြီး နေတဲ့သူမျိုးလို့ လို့သိရတယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံပြန်ပို့ခံရတဲ့ အဆိုပါအမျိုးသားဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ – တမူးမြို့ကြားက ဇိုမွှန်ကျေးရွာနေ ဒေသခံတစ်ဦးလို့လည်း သိရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့ပေါ်မှာ…

Read More

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀ဆိုင်ရာအချက်အလက်မှတ်ပုံတင်ခြင်းကို ဇူလိုင်လ စလုပ်မယ်

ဇွန်လ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်းရှိ ခရိုင် (၁၁) ခုစလုံးတွင် မြန်မာနိုင်ငံဖက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀အချက်အလက် (biometric) မှတ်ပုံတင်ခြင်းကို ဇူလိုင်လ ကနေစတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့မှာ Northeast Today မီဒီယာကဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာသူ ဦးရေ ၃၂၀၀၀ ကျော်ရှိတယ်လို့ပြောဆိုထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Vanlalmawia က “အမျိုးသားသတင်းအချက်အလက်စင်တာ (National Informatics Centre – NIC)  ဖော်ဆောင်ထားတဲ့ နိုင်ငံခြားသားများ ခွဲခြားသတ်မှတ်ရေး ပေါ်တယ်လ် (Foreigner Identification Portal) မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီးဖြစ်သလို ခရိုင်အရာရှိများကိုလည်း လေ့ကျင့်ပေးထားပြီးပါပြီ”လို့ပြောပါတယ်။ စစ်ဘေးရှောင်များရဲ့ အချက်အလက်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဒုတိယကော်မရှင်နာများဦးဆောင်တဲ့ ခရိုင်အဆင့်ကော်မတီများက ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး K.Sapdanga ဦးဆောင်တဲ့ ပြည်နယ်အဆင့် ကော်မတီက မှတ်ပုံတင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ကွက်ကဲသွားမှာဖြစ်ပါတယ်။ ယခုစီမံကိန်းကို အဓိကအားဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း…

Read More

နယူးဒေလီမြို့ရှိ ရိုဟင်ဂျာခရစ်ယာန် ဒုက္ခသည်တွေကို India for Myanmar က ငွေရေးကြေးရေး ကူညီထောက်ပံ့

ဇွန်လ ၂၄ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ဖိနှိပ်ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်တွေနဲ့အတူ တစ်သားတည်းရပ်တည်လျက် စာနာမှုပြသတဲ့ အနေနဲ့ အိန္ဒိယရှုပီးငွေ ၅၄၀၀၀ ကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေဆီကနေ တဆင့် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အိန္ဒိယ-မြန်မာ အရေး လေ့လာ စောင့်ကြည့်နေတဲ့ India for Myanmar အဖွဲ့က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည် အဖွဲ့အစည်းက ကူညီမဲ့သူမရှိတဲ့အခြေအနေဖြစ်တာမို့ ကျနော်တို့ သူတို့ကို အကူအညီပေးတာပါ ကျန်တဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းက ကျနော်တို့ကို အဆက်အသွယ်မလုပ်တာကြောင့်လည်းပါပါတယ် ကျနော်တို့ကို ခရစ်ယာန် ရိုဟင်ဂျာ အဖွဲ့အစည်းက ဒီလိုအခက်အခဲရှိတယ်ဆိုပြီးမှ အကူအညီတောင်းလာတဲ့ခါကြတော့ ငွေကြေးရေးအကူအညီအပါအဝင် တခြားလိုအပ်တဲ့အကူအညီဟာမျိုးတွေကို…

Read More