နယူးဒေလီမြို့ရှိ ရိုဟင်ဂျာခရစ်ယာန် ဒုက္ခသည်တွေကို India for Myanmar က ငွေရေးကြေးရေး ကူညီထောက်ပံ့
ဇွန်လ ၂၄ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ဖိနှိပ်ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်တွေနဲ့အတူ တစ်သားတည်းရပ်တည်လျက် စာနာမှုပြသတဲ့ အနေနဲ့ အိန္ဒိယရှုပီးငွေ ၅၄၀၀၀ ကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေဆီကနေ တဆင့် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အိန္ဒိယ-မြန်မာ အရေး လေ့လာ စောင့်ကြည့်နေတဲ့ India for Myanmar အဖွဲ့က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည် အဖွဲ့အစည်းက ကူညီမဲ့သူမရှိတဲ့အခြေအနေဖြစ်တာမို့ ကျနော်တို့ သူတို့ကို အကူအညီပေးတာပါ ကျန်တဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းက ကျနော်တို့ကို အဆက်အသွယ်မလုပ်တာကြောင့်လည်းပါပါတယ် ကျနော်တို့ကို ခရစ်ယာန် ရိုဟင်ဂျာ အဖွဲ့အစည်းက ဒီလိုအခက်အခဲရှိတယ်ဆိုပြီးမှ အကူအညီတောင်းလာတဲ့ခါကြတော့ ငွေကြေးရေးအကူအညီအပါအဝင် တခြားလိုအပ်တဲ့အကူအညီဟာမျိုးတွေကို…

