လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဟားခါးမြို့မှာ ကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်း ဈေးတက်နေလို့ အခြေခံလူတန်းစားတွေအခက်အခဲဖြစ်နေ

မေလ ၁၃ ရက်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့တန်ဆာခတွေကြောင့် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ စားသောက်ကုန်နဲ့ တခြားကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်းစျေးတက်နေလို့ အခြေခံလူတန်းစားတွေ လုပ်ကိုင်စားသောက်နိုင်ဖို့ အခက်ခဲများစွာရှိလာနေတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေဒေသခံတစ်ဦးက “အခြေခံစားသောက်ကုန်တွေလည်း ဈေးအရမ်းကြီးလာတယ် တနေ့ပြီးတနေ့ပေါ့ ကြက်ဥ တစ်လုံးကို ၇၀၀ ၊ ငါးတပိဿာကို ၃ သောင်း၊ ကြက်တစ်ကောင်ကို ၃ သောင်းလောက်ဈေးရှိတယ် နောက်ပြီး မီးသွေးဈေးတောင် ၃ သောင်းခွဲရှိနေပြီ မလွယ်ဘူး အခြေခံလူတန်းစားတွေအနေနဲ့ ဝယ်နိုင်ဖို့က ဘယ်လိုမှ မလွယ်ဘူး အဓိက အခုလို ကုန်ဈေးနှုန်းတွေတက်တာ တန်ဆာခတွေကြောင့် ဖြစ်မယ်” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေအပြင် ဂိတ်တွေမှာ ငွေကြေးအရမ်းပေးရလို့လည်း ဟားခါးမှာ အခုလို ကုန်ပစ္စည်းဈေးနှုန်းတွေ တနေ့ပြီးတနေ့ ဈေးတက်တာလို့လည်း သိရပါတယ်။ ချင်းပြည်နယ်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့်…

Read More

ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြဖို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ဒီနေ့မှာ CDF – Kanpetlet ပြော

မေလ ၁၃ ရက်။ အသက်သွေးချွေးပေါင်းများစွာရင်းနှီးပြီး ရလာတဲ့ အောင်မြင်မှု ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်သွားကြဖို့ ကန်ပက်လက်ပြည်သူတွေကို တိုက်တွန်းတယ်လို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။ CDF – Kanpetlet ကတာဝန်ရှိသူတစ်ဦးက “CDF – Kanpetlet ရဲ့ ၄ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို သတင်းပါးချင်တာကတော့ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထားပြီး ခံယူချက်၊ ပန်းတိုင် မယိမ်းယိုင်ဘဲ တစိုက်မတ်မတ် ရှေ့ဆက်ဖို့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပြီး ရရှိလာတဲ့ အောင်မြင်မှု…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေ

မေလ ၁၃ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာဖြစ်တယ်လို့ မေလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ကြတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အတွက် ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောခဲ့တာဖြစ်ပါတယ်။ “ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၅၀ ကျော်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စုစုပေါင်း တော်လှန်ရေးရဲဘော်…

Read More

CDF-Tonzang မှ ပြည်သူ့စစ်သင်တန်း တက်ဖို့ နေအိမ်အရောက် ဖမ်းဆီးခေါ်ယူနေလို့ တွန်းဇံမြို့က လူငယ် အများအပြား တိမ်းရှောင်နေရ

မေလ ၁၃ ရက်။ CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ရောက် ဖို့ လူငယ်တွေကို ဆင့်ခေါ် နေပြီး တက်ရောက်ရန် ပျက်ကွက်သူများကို နေအိမ် အရောက် ဖမ်းဆီး ခေါ်ဆောင် တာကြောင့် တွန်းဇံမြို့ နှင့် ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ဒေသကို စွန့်ခွာ တိမ်းရှောင် နေရ သူ များပြား နေကြောင်း တိမ်းရှောင်သူ တွန်းဇံဒေသခံလူငယ် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။ “ကျွန်တော်တို့ က တွန်းဇံမြို့မှာ ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း ပထမ အဖွဲ့ မှာ ပါတယ်။ အသက် ၁၈နှစ် နှင့် ၃၅ နှစ်ကြားလို့ သတ်မှတ်တယ်…

Read More

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေကို ပေါင်းစည်းကာ တပ်မတော်တစ်ရပ်အဖြစ်ဖွဲ့စည်းဖို့ အခြေခံမှုတွေ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၂ ရက်။ ချင်းညီနောင်အဖွဲ့ရဲ့ မြေပြင်အစည်းအဝေးမှာချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို ကာကွယ်ပေးနိုင်တဲ့ ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ် (Standard Army) အဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ အနာဂတ်မှာ ချင်းပြည်သူလူထုတရပ်လုံး ကိုယ်စားပြုတဲ့ ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်းအစရှိတဲ့ ဒီမိုကရေစီစံနှုန်းထားတွေ ပါဝင်တဲ့ ချင်းညီနောင်ရဲ့ Tems of Refence (ToR) အတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သဘာတူခဲ့ကြတယ်လို့လည်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနဲ့ စပ်လျဉ်းပြီး သော်လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး မူဝါဒတွေ…

Read More

မင်းတပ်မြို့ကို မေလ ၉ ရက်ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့နေအိမ် ၁၅ လုံးခန့်ပျက်စီး၊ဒဏ်ရာရသူအနည်းအကျဉ်းရှိခဲ့

မေလ ၁၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မေလ ၉ ရက်နေ့ ညအချိန် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် ပြည်သူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မင်းတပ်မြို့ကိုစစ်ကောင်စီက ယခုရက်ပိုင်းတွင်း လေကြောင်းတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF –…

Read More

၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ဝင်ရောက်ယှဉ်ပြိုင်မယ်

မေလ ၁၀ ရက်။ ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ် ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ယှဉ်ပြိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ…

Read More

CDF-Tonzang ရဲ့ အမိန့်ကြောင့် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာသား အားလုံး နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရလို့ ဒေသခံများဆို 

မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာရှိ  ရွာသားအားလုံး ထွက်ခွာရန် CDF-Tonzang မှ အမိန့်ပေးသည့် အတွက် ရွာအတွင်းတွင် မည်သူမျှ မနေရဲတော့ဘဲ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တွန်းဇံ မြို့နယ်မှ ဒေသခံများထံမှ သိရှိရပါတယ်။  “မေလ ၈ ရက်နေ့  နေ့လည် ၁၂ နာရီ နောက်ပိုင်း တွီးတွမ်ရွာမှာ ဘယ်သူမှ မနေရ ဆိုပြီး CDF-Tonzang ဘက်က အမိန့်ထုတ်တာကြောင့် ရွာမှာ ကျန်နေသေးတဲ့ ရွာသားတွေ အားလုံး ရွာကို စွန့်ခွာ ခဲ့ရတယ်။ အခု ကျန်နေသေးတဲ့ လူတွေက တခြား ခိုလှုံစရာ မရှိလို့ ရွာမှာ သောင်တင်တဲ့ အဖွဲ့ တွေပါ။ ကိုယ့်အိမ်၊…

Read More

အိန္ဒိယ တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ပညာသင်ဆုပေးမယ်လို့ CHO ထုတ်ပြန်

မေလ ၉ ရက်။ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ချင်းကျန်းမာရေးအဖွဲ့အစည်း (Chin Health Organization ) က ပညာသင်ဆု စကောလာရှစ်ပေးမယ်လို့ မေလ ၈ ရက်နေ့ အသိပေးထုတ်ပြန်ထားပါတယ်။ အနည်းဆုံး အသက် ၁၇နှစ်ပြည့်ထားပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ၁၂တန်း အောင်ထားပြီး Nurse (သို့မဟုတ်) Lab Technician ဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အိန္ဒိယက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ Nursing အတွက် လျှောက်လို့ရမယ့် program (၂) ခု ရှိပါပြီး General Nursing and Midwifery…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး အရပ်သားပြည်သူသေဆုံးတာတွေလည်း ရှိကြောင်းထုတ်ပြန်

မေလ ၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ မေလ ၇ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့လို့ အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေရှိသလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့အနီးဝန်းကျင်ကို မနေ့မနက် ၁ နာရီခွဲချိန်မှာ ဗုံး ၂ လုံးကြဲခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိခဲ့သလို နေ့လည် ၂ နာရီ ၄၀ ဝန်းကျင်မှာလည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း…

Read More