ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခရပ်စဲရေး တစ်ဖွဲ့ချင်းစီနဲ့ညှိနှိုင်းမှုတွေ စတင်မယ်လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီကြေညာ
ဒီဇင်ဘာလ ၂၃ ရက်။ တိုက်ပွဲအရှိန်မြင့်တက်နေတဲ့ ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခရပ်စဲရေး သက်ဆိုင်ရာ တစ်ဖွဲ့ချင်းနဲ့ ညှိနှိုင်းမှုတွေ စတင်ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ပါတီစုံရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC)က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၎င်းတို့ ရွေးကောက်ပွဲကြေညာစာတမ်း ဖော်ပြချက်အရ သိရပါတယ်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကြား တိကျခိုင်မာတဲ့ အာဏာခွဲဝေမှုရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ချင်းပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း သယံဇာတအရင်းအမြစ်နှင့် အကျိုးအမြတ် စီမံခန့်ခွဲပိုင်ခွင့်ရှိရေး နှင့် ပြည်နယ်တရားလွှတ်တော်မှာ ချင်းပြည်နယ်နှင့် သက်ဆိုင်သည့် ဥပဒေတွေကို အလေးအနက် ဖွင့်ဆိုခွင့်ရရှိရေး စတဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီ ( NCC) က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ၎င်းတို့ ပါတီရဲ့…

