တောမီးလောင်ကျွမ်းမှုကြောင့် မင်းတပ် – မတူပီလမ်းက ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိကာ ရေပြန်ရအောင်ကြိုးစားနေကြောင်းထုတ်ပြန်
မတ်လ ၂၂ ရက်။ တောမီးလောင်ကျွမ်းမှုတွေကြောင့် မင်းတပ် – မတူပီလမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိတာကြောင့် မြို့တွင်း ခေတ္တာရေပြတ်လပ်မှုတွေကို အမြန်ဆုံး ရေပြန်ရရှိအောင်ဆောင်ရွက်နေတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ သဘာဝအလျောက် တောမီးလောင်ကျွမ်းမှုတွေကြောင့် သော်လည်းကောင်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပျက်စီးသွားတဲ့ မင်းတပ် – မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို ပြုပြင်ပြီး အမြန်ဆုံးရေပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ မြို့ပေါ်သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို လမ်းသွား၊ လမ်းလာအချို့က ဓါး၊ ပုဆိန်တွေနဲ့ စည်းကမ်းမဲ့ ခုတ်ထစ်တာတွေကိုလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်တော့မယ်လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ရေပိုက်လိုင်း ဖျက်ဆီးသူတွေကို တွေ့ရှိရင်လည်း တာဝန်ရှိသူတွေဆီ သတင်းပေးပို့ကြရန် နဲ့…

