
မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြီး ဆင်နွဲသွားဖို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တိုက်တွန်း
ဇန်နဝါရီလ ၂ ရက်။ ချင်းပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချင်းပြည်သစ် ထူထောင်နိုင်ရေး သန္နိဌာန်နဲ့ မဆုတ်မနစ် ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲသွားဖို့ တိုက်တွန်းတဲ့အကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ် ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူပြည်သားအားလုံး ဘေးရန်ကင်း၍ ကျန်းမာလုံခြုံစွာ အောင်ပွဲများနဲ့အတူ ပါဝင်ဆင်နွှဲနိုင်ပါစေလို့လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) က ဆိုပါတယ်။ ချင်းလက်နက်ကိုင် (၆) ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoland)၊ ချင်းကာကွယ်ရေးတပ်…