ချင်းညီနောင်ကို အစဉ်တစိုက် ထောက်ပံ့ကူညီတဲ့ AA နဲ့ မဟာမိတ်တွေအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်
ဒီဇင်ဘာလ ၃၀ ရက်။ ချင်းညီနောင်အဖွဲ့ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နှင့် တော်လှန်ရေးမဟာမိတ် တွေနဲ့ နိုင်ငံတကာက ေတာ်လှန်ပြည်သူတွေအားလုံးအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ် ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ချင်းညီနောင် စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေး နှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်တွေ ကျဆုံးသွားတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အားလုံးကိုလည်း လေးနက်စွာ တန်ဖိုးထား ဂုဏ်ယူအောက်မေ့ ကြောင်း ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူလူထု ထောက်ခံမှု မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် ချင်းညီနောင် အဖွဲ့ဝင်တွေ အခြေစိုက်ရာ မတူပီမြို့နယ်၊…

