Headlines

မြန်မာနိုင်ငံအတွင်း မီဇိုယာဉ်မောင်း သေဆုံးခဲ့မှုကြောင့် အိန္ဒိယ – မြန်မာ ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်လိုက်တယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၆ ရက်။ မြန်မာနိုင်ငံ ဘက်ကို ကုန်ပစ္စည်းပို့ဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က မီဇိုးယာဉ်မောင်းအမျိုးသားသေဆုံးတဲ့အမှုကြောင့် မီဇိုရမ်ပြည်နယ်က ဗဟိုလိုင်လူငယ်အသင်း Central Young Lai Association ( CYLA) က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်လိုက်တယ်လို့ မီဇိုရမ်အခြေစိုက် သတင်းဌာနတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မီဇိုးယာဉ်မောင်းအမျိုးသားသေဆုံးသွားသည့် နေရာဟာ လက်ရှိ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အာရက္ခတပ်တော် ( ULA / AA) ကို လည်း ဖုန်းဖြင့် ဆက်သွယ်ကာ အမှုကို သေချာစွာ စုံစမ်းဆောင်ရွက်ပေးဖို့ CYLA ဘက်က အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ မီဇိုးယာဉ်မောင်းတစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga သည်…

Read More

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီး

ဖေဖော်ဝါရီလ ၁၆ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က မနေ့ည ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ PDF – Zoland ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့ တီးတိန်မြို့နယ် ၊ ဇန်ဇောလ်ကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဂျက်ဖိုက်တာတစ်စီးက မနေ့ည ၈ နာရီခန့်မှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြင်းထန်လှတဲ့ ဗုံးအရှိန်ကြောင့် လမ်းမပေါ်က ကားပါ လွင့်ထွက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ ဒေသခံ၂ ဦးကိုလည်း လက်ရှိမှာ…

Read More

ဖလမ်းမြို့နယ်၊ထင်းရှုးစခန်း ခံစစ်ကုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေပြန်သိမ်းပိုက်၊လက်နက်ကြီးနဲ့လက်နက်ခဲယမ်းများစွာ ရရှိ

ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ထင်းရှုးစခန်းက ခံစစ်ကုန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်း ၁ နာရီလောက်မှာ ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ငယ် ၁၁ ခန့််ပြန်ရခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း မသယ်နိုင်လို့ ဖွက်ထားတဲ့ လက်နက်ကြီးတွေကိုလည်း မဏိပူရ်မြစ်တဘက်ခြမ်းတွင် ပြန်တွေ့ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့​ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။ ဖလမ်းမြို့နယ် ထင်းရှုးစခန်းက ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ခံစစ်ကုန်းကို သိုင်းငင်းကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က မနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ ထိုးစစ်ပြန်ဆင်ကာ…

Read More

ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၃ ရက်။ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အတွင်း မနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေ (၇) နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဘက်က ရဲအရာအပါအဝင် ရဲတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Hakha ကို ထောက်ပံ့နေတဲ့ CDF-Hakha Support Team of North America က ထုတ်ပြန်ပါတယ်။ ဟားခါးမြို့အတွင်း တာဝန်ကျရဲမင်းကြီးရဲ့ လူမဆန်စွာ ကြမ်းကြုတ် ရိုင်းစိုင်းသလို ပြည်သူတွေထံကနေ မတရားငွေညစ်တာတွေ လုပ်လေ့ ရှိတာကြောင့် ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့က Operation…

Read More

မတ်လမှာ ကျင်းပမယ့် ချင်းပြည်နယ်လွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးအမည်စာရင်း ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၂ ရက်။ မတ်လမှာ ကျင်းပမယ့်ချင်းပြည်နယ်လွှတ်တော်အပါအဝင်တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၀၁) ဦး ၏ အမည်စာရင်းများကို အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်​ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ချင်းပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရသူအကုန်ယူစနစ်/အချိုးကျကိုယ်စားပြုစနစ်နဲ့ အနိုင်ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၄ ယောက်နဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ယောက် တို့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လာမယ့်မတ်လမှာ လွှတ်တော် ခေါ်ယူပြီးအနိုင်ရတဲ့ပါတီကိုအာဏာလွဲပြောင်း ပေးမယ်လို့ ပြောထားပါတယ်။…

Read More

ဒုတိယသက်တမ်းအတွက် မဏ္ဏိုင်ကြီး ၃ ရပ်ကို Chinland Council ထုတ်ပြန်

ဖေဖော်ဝါရီ ၁၁ ရက်။ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်၊ ချင်းပြည် (Chinland) စာရင်းစစ်ချုပ် များကို ခန့်အပ်ခြင်း၊ ဖွဲ့စည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ Chinland Council က ဒီကနေ့ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ကြေငြာပါတယ်။ ၂၀၂၃ ခုနှစ်နှစ်ကုန်မှာစတင်ခဲ့တဲ့ ချင်းပြည် (Chinland) ကောင်စီဟာ သက်တမ်းတစ်ခုကို ၂ နှစ်စီသတ်မှတ်ထားပါတယ်။ Chinland Council ကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ဒုတိယသက်တမ်းဝန်ကြီးချုပ်အဖြစ် ပလက်ဝမြိုနယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆလိုင်းမျိုးထိုက် ရွေးချယ်ခံရပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်မှ ၇ ရက်အထိ ချင်းလုံမြို့မှာ ဒုတိယသက်တမ်း ချင်းပြည်ကောင်စီ၊ချင်းပြည်အစိုးရအဖွဲ့ရဲ့ပထမအကြိမ် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီးစစ်ရေးစီမံချက်များ…

Read More

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ် အင်အားဖြည့်တင်းတာတွေ ထပ်လုပ်လာလို့ ခရီးသွားပြည်သူတွေကို သတိပေး

ဖေဖော်ဝါရီလ ၁၁ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မြောက်ပိုင်းကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းကာ စစ်ကူတွေ ထပ်မံပို့ဆောင်တာတွေ လုပ်နေပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညနေပိုင်းလောက်မှာ တီးတိန်မြို့နယ် ၊ သိုင်းငင်းရွာကို စစ်ကော်မရှင်တပ်စစ်ကူတွေ ရောက်လာပြီဖြစ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားကြဖို့ကို PDF – Zoland စစ်ဦးစီးချုပ်က သတိပေးထားပါတယ်။ တီးတိန်မြို့နယ်မှာအခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဖြစ်တဲ့ PDF – Zoland စစ်ဦးစီးချုပ်က “စစ်သားတွေ Forland ကား ၅ စီးနဲ့ သိုင်းငင်းရွာ ရောက်နေပြီ ဘယ်ဘက်ကို သွားမလဲဆိုတာ မသေချာသေးပါ ။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ သတိထားကြပါ” လို့ ၎င်းရဲ့ Greenland Gideon…

Read More

မဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှုပြသပေးတဲ့ AA ကို လေးစားကျေးဇူးတင်ရှိပြီး ခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်လိုတယ်လို့ MTC / MDF ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၀ ရက်။ အာရက္ခတပ်တော် (ULA/AA) ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာလက်နက်ကိုင် ( MTC / MDF) တွေ့ဆုံမှုမှာမဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ ဖော်ရွေမှုတွေပြသပေးတဲ့ ULA / AA ကို လေးစား ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားလိုတယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC / MDF) က ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MTC / MDF ရဲ့ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဌာနက “ ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA / AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့်…

Read More

ထန်တလန်မြို့နယ် ကို စစ်ကော်မရှင်တပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၁၀ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါ(Tlang Khua)ကျေးရွာကို ဒီကနေ့ ဖေဖောဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုအမျိုးသားတွေ အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ကျောင်းသူ၊ ကျောင်းသား အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ထန်တလန်မြို့နယ် တလန်ခွါရွာကျောင်း နဲ့ ဘောလုံးကွင်းအနီးရှိ အိမ်ဆောက်လုပ်သူတွေ အနားမှာ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံ အရပ်သား ၆ ယောက်သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၇ ယောက်ဝန်းကျင်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြတာတွေ့ရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ တချို့က ဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး…

Read More

မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်မြို့တွေကို မနေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးသေဆုံး ၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့

ဖေဖော်ဝါရီလ ၉ ရက်။ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တွေကို မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတူပီမြို့အနီး ချန်းပြန်းကျေးရွာမှာတော့ ၁၀ နှစ်အရွယ် ဝန်းကျင်ရှိ ကလေးငယ်တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့ဖေဖော်ဝါရီ ၈ ရက်က တစ်ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင် (CB) အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နဲ့ မတူပီမြို့နယ်တွေကို စစ်ကော်မရှင် လေကြောင်းနေက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားအဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့ပေါ်တနေရာကို မနက် ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး…

Read More