တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာ
ဒီဇင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် ၃ ခု အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းရှိ မြို့နယ် ၉ ခုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။ ယင်းကြေငြာချက် အရ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များ ရှိ သက်ဆိုင်ရာ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၃ ခု၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်…

