ချင်းလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ တရားရေးစနစ် ကျင့်သုံးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲ CCPR က ပြုလုပ်
မတ်လ ၉ ရက်။ ချင်းပြည်နယ်အတွင်းက ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ အဖွဲ့အစည်း ၁၆ ဖွဲ့အတွင်း တရားရေးစနစ် ကျင့်သုံးနေတဲ့ အခြေအနေတွေကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာမိတ်ဆက်ပွဲကို ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Chin Center for Peace & Reconciliation (CCPR) အဖွဲ့က မိတ်ဆက်ခဲ့ပါတယ်။ CCPR အဖွဲ့ရဲ့ Operations Director ကို Van Bawi Mang က -“၂၀၂၄ ခုနှစ်မှာ စပြီး အစပိုင်းမှာတော့ ချင်းပြည်မှာ ကမကထ အောက်ခြေကနေ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအဖွဲ့ပေါင်း (၂၄) အားလုံး အခြေအနေတွေ…

