
စစ်ကောင်စီကင်းစင်တာ ၃ လနီးပါးရှိပြီဖြစ်တဲ့ ကန်ပက်လက်မြို့ပေါ် ကို ဒေသခံတွေ ပြန်မလာနိုင်ကြသေးဘူးလို့ သိရ
မတ်လ ၁၃ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို ဒေသခံတွေ အများစုဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိသေးတာကြောင့် ပြန်မလာနိုင်သေးဘူးလို့ ကန်ပက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိကန်ပက်လက်မြို့ပေါ်မှာ ချင်းညီနောင်တပ်ဖွဲ့ဝင် CDF – Kanpetlet နဲ့ အာရက္ခတပ်တော် (AA) တွေက မြို့တွင်းလုံခြုံရေး၊ သန့်ရှင်းရေးတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက် ဒေသခံတစ်ဦးက “ကျနော်ထင်တာက အခုလိုပြန်မနေကြသေးတာက အားလုံးသိတဲ့အတိုင်းဘဲ လေကြောင်းအန္တရာယ်တွေ လုံခြုံစိတ်ချမှုမရှိသေးတာတို့ ပြီးတော့အဲဒီမှာ မိုင်းတွေ၊ ဗုံးတွေ အဲလိုမျိုးအန္တရာယ်တွေ စိုးရိမ်တာတွေလည်းဖြစ်မယ်ထင်တယ် အရမ်းကြီးစိတ်ချရတဲ့ အနေထားမျိုးမဟုတ်သေးဘူးလို့ အများစုကမခံစားရသေးဘူးပေါ့နော် အဲလိုကြောင့် ကြာနေသေးတာလည်းဖြစ်ပါတယ် ကျနော်တော့ အဲလိုနားလည်တာပေါ့နော်၊မြို့ကိုသန့်ရှင်းရေး၊ ဘာတွေလုပ်တာကတော့ (AA) တွေနဲ့ သန့်ရှင်းရေးတွေ လုပ်တာကိုတော့ကြားရတယ် ပြည်သူတွေကတော့ လောလောဆယ် ပြန်လာတာမျိုးတွေ သိပ်မရှိသေးဘူးလို့…