မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်မြို့တွေကို မနေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးသေဆုံး ၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့
ဖေဖော်ဝါရီလ ၉ ရက်။ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တွေကို မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတူပီမြို့အနီး ချန်းပြန်းကျေးရွာမှာတော့ ၁၀ နှစ်အရွယ် ဝန်းကျင်ရှိ ကလေးငယ်တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့ဖေဖော်ဝါရီ ၈ ရက်က တစ်ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင် (CB) အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နဲ့ မတူပီမြို့နယ်တွေကို စစ်ကော်မရှင် လေကြောင်းနေက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားအဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့ပေါ်တနေရာကို မနက် ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး…

