အိန္ဒိယကို သီချင်းနဲ့စည်းလုံးအောင် လုပ်နိုင်ခဲ့တဲ့ မီဇိုရမ်ပြည်က အသံရှင်လေး Esther Hnamte
တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က အိမ်လေးတစ်လုံးထဲမှာ စတင်ခဲ့တာပါ။ ဒါဟာ သေးငယ်ပြီး နုနယ်တဲ့အရာလေးတစ်ခုကနေနိုင်ငံအဆင့်အထိ ဘယ်လိုတောက်ပလာသလဲဆိုတဲ့ အသက် ၉ နှစ်အရွယ် Esther Hnamte ရဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံသမ္မတကြီး ဒရော့ပါဒီ မူရ်မူ (Droupadi Murmu) ဆီကနေ ကလေးများအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု (Pradhan Mantri Rashtriya Bal Puraskar) ကို တည်တည်ငြိမ်ငြိမ်နဲ့ တက်ယူနေတဲ့ အသက် ၉ နှစ်အရွယ်မိန်းကလေးကို မြင်ရတဲ့သူတွေဟာ ဒီကလေးမလေးရဲ့ ငယ်ဘဝကို သိရင် အံ့ဩကြမှာပါ။ Esther Lalduhawmi Hnamte @ Esther…

