Headlines

admin

ဖလမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီး

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဟားခါး – ဖလမ်းကြားမှာရှိတဲ့ လဲန်သဲ ( Lente ) ကျေးရွာကို စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီကသိရပါတယ်။ ဒေသခံ သတင်းရင်းမြစ်က “ လဲန်သဲရွာက ဟားခါး -ဖလမ်းကြားမှာ ရှိတဲ့ ကျေးရွာဖြစ်တယ် နောက်ပြီး ဝေဘူလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လဲန်သဲရွာဘက်ကနေ လာကြတာဖြစ်တယ် မနေ့ကလည်း အပြန်အလှန်ပစ်ခေတ်မှုတွေ ရှိတယ် လဲန်သဲရွာမှာ အရပ်သားမရှိတာက ကြာပြီ ဆိုတော့ မနေ့ညက…

Read More

အရှေ့တီမောနိုင်ငံ သမ္မတ José Ramos-Horta နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွေ့ဆုံပြီး မြန်မာပြည်တွင်း စစ်ရာဇဝတ်မှုများကို တင်ပြ

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အာဆီယံအဖွဲ့၀င် အရှေ့တီမောနိုင်ငံ (Timor-Leste) ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်သို့ သွားရောက်ပြီး သမ္မတ José Ramos-Horta နဲ့ တစ်နာရီကြာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CHRO ကထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်နေတဲ့ “ထိတ်လန့်ခြောက်ခြားဖွယ်ရာ အုပ်ချုပ်မှုစနစ်” နဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ အရပ်သားပြည်သူတွေကို စနစ်တကျ သတ်ဖြတ်နေတာတွေကို သမ္မတထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က…

Read More

မတူပီမြို့နယ်အတွင်း သတင်းထောက်နှင့် ကလေးငယ်အပါအဝင် ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံခဲ့ရမှုအပါအဝင် စစ်ရာဇဝတ်မှုများအတွက် အရှေ့တီမောနိုင်ငံမှာ တရားစွဲဖို့လျှောက်ထား

ဇန်န၀ါရီလ ၁၃ ရက်။   မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက Khonumthung သတင်းဌာနရဲ့ သတင်းသမားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပါအဝင် မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရှေ့တီမော(Timor-Leste) နိုင်ငံ၊ Dili မြို့က အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုနိုင်ရေးအတွက်လျှောက်ထားစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဒီအမှုကို Chin Human Rights Organisation (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့အဖွဲ့ကနေ Myanmar Accountability Project (MAP) ရဲ့ ဝန်းရံပံ့ပိုးမှုနဲ့အတူ Timor-Leste နိုင်ငံအခြေစိုက် Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့က ရှေ့နေတွေဖြစ်တဲ့ Jose Teixeira နဲ့ Nuno…

Read More

ပလက်ဝမြို့မှာ ခရစ်ယာန်သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ ခရစ်တော်၌ အိပ်ပျော်

ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံချင်းလူမျိုး “ အင်္ဂလီကန် အသင်းတော်၊စစ်တွေသာသနာပိုင်နယ်၊ သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ အသက်တော် ၈၂ နှစ်၊ သိက္ခာတော် ၅၇ ဝါ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ခွဲဝန်းကျင်မှာ ပလက်ဝမြို့မှာ ခရစ်တော်၌ အိပ်ပျော်သွားတယ်လို့ သိရပါတယ်။ အင်္ဂလီကန် အသင်းတော်၊သာသနာပိုင်ကြီး ဗာနဗထောင်ဝှေ့ကို မနေ့က ဇန်နဝါရီ (၁၂) ရက်နေ့ မွန်းလွဲပိုင်းအချိန် ပလက်ဝမြို့မှာ ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့အညီ င်္သဂြိုလ်ခဲ့ပြီး ပလက်ဝမြို့က လူထုပရိတ်သတ်တို့ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝဒေသခံ စစ်တွေသာသနာပိုင်နယ်မှ သာသနာပိုင်ကြီး (အနားယူသာသနာပိုင်ကြီး) ဘီးရှော့ဗာနဗထောင်ဝှေ့ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပိုခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)…

Read More

ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒါ့ပြင် ချင်းပြည်နယ်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။…

Read More

မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်

ဇန်နဝါရီလ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာလအတွင်းမှာ သေဆုံးသူအများဆုံး စံချိန်တင်သွားတာဖြစ်သလို၊ လူနာ ၂၆၇ ယောက်ကတော့ တီဘီရောဂါအပြင် HIV/AIDS ပါ နှစ်မျိုးစလုံး ခံစားနေရတယ်လို့ The Hindu သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ တီဘီရောဂါသည် လူနာသစ် ၂,၂၇၅ ယောက် တွေ့ခဲ့ပြီး အဲဒီထဲက ၁,၉၀၀ ကိုတော့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၇၅ ယောက်ကိုတော့ ပုဂ္ဂလိက ဆေးခန်းတွေမှာ တွေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တွေ့ခဲ့တဲ့…

Read More

ရည်မှန်းချက်တူတဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ CPU / CPA ကထုတ်ပြန်

ဇန်နဝါရီလ ၁၂ ရက်။ စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ရေးနိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union )/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) က ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို ချင်းညီနောင်အဖွဲ့ဝင်များဖြင့်ကြတဲ့ မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း…

Read More

ကလေးဝကနေ ခမ်းပတ်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၈ ကီလိုကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရ

ဇန်န၀ါရီလ ၁၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ကနေ တမူးခရိုင်၊ခမ်းပတ်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၈ ကီလိုကျော်ကို အာဏာသိမ်း စစ်ကော်မရှင် လက်အောင်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ ကလေးဝ – မော်လိုက် သွားကားလမ်း နန်းမော်ကယ်ကျေးရွာ အနီးမှာ မော်လိုက်မြို့နယ် ၊ နန်းခမ်းပါတ်သစ်တောကြိုးဝိုင်း၊ ပျဉ်းကတိုးစိုက်ခင်းနေ ကျော်ဇင်လင်း (ခ) မောင်ကောင်း (၂၆) နှစ် မောင်းနှင်လာတဲ့ မော်တော်ယာဉ် ကို သတင်းရလို့ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ…

Read More

ရထားလမ်းသစ်ကြောင့် ၄ လအတွင်း မီဇိုရမ်ပြည်ဝင်ခွင့်လက်မှတ် (ILP) ၂၂,၀၀၀ ကျော် ထုတ်ပေးခဲ့ရ

ဇန်န၀ါရီလ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ရဲ့ Bairabi-Sairang ရထားလမ်းပိုင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း၊ Sairang ဘူတာမှာ လာရောက်လည်ပတ်သူတွေကို ထုတ်ပေးခဲ့ရတဲ့မီဇိုရမ်ပြည်၀င်ခွင့်လက်မှတ် Inner Line Permits (ILP) ပေါင်း ၂၂,၀၀၀ ကျော် ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း Mizoram News သတင်းမှာဖော်ပြပါတယ်။ ILP ဟာ မီဇိုရမ်ပြည်လို လူနည်းစုတိုင်းရင်းသားပြည်နယ်များကို အကာအကွယ်ပေးထားတဲ့ပြဋ္ဌာန်းချက်ဖြစ်ကာILP လက်မှတ်ဟာ အဆိုပါဒေသတွေကို ဝင်ရောက်မယ့် အိန္ဒိယနိုင်ငံသားတွေအတွက် ထုတ်ပေးတဲ့ တရားဝင် ခရီးသွားခွင့် လက်မှတ်တစ်ခုဖြစ်ပြီး ယခုလိုဆောင်ရွက်တာဟာ ၁၈၇၅ ခုနှစ်၊ ဗြိတိသျှအစိုးရက ထုတ်ပြန်ခဲ့တဲ့ ၁၈၇၃ ခုနှစ် ဘင်္ဂလားအရှေ့ပိုင်း နယ်စပ်စည်းမျဉ်း (BEFR) ရဲ့ ပြဋ္ဌာန်းချက်တစ်ခု ဖြစ်ပါတယ်။ Sairang ဘူတာရှိ ILP ကောင်တာမှာရှိတဲ့ ရဲအရာရှိတစ်ဦးရဲ့ ပြောပြချက်အရ ရထားလမ်းစဖွင့်ခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ပြီးခဲ့တဲ့နှစ်ကုန်အထိ ခရီးသွားတွေ၊ ကုန်သည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား…

Read More

အတင်းပုံဖော်ထားသော ကိုယ်စားပြုမှုအကျပ်အတည်းနှင့် ၂၀၂၅ ချင်းပြည်နယ် ရွေးကောက်ပွဲရလဒ်

(Special Analysis Report on 2025 Chin State Election) ရေးသားသူ – DonBosco မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပခဲ့သော ၂၀၂၅ ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွက် အကြီးမားဆုံးသော တရားဝင်မှု၊ကိုယ်စားပြုမှုအကျပ်အတည်း (Legitimacy Crisis) ကို ဖြစ်ပေါ်စေခဲ့ပါသည် ။ ချင်းပြည်နယ်၏ ၉ မြို့နယ်အနက် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ စစ်ကော်မရှင် ထိန်းချုပ်ထားသော ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့တို့တွင်သာ ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ချင်းပြည်နယ် ရှိ စစ်တပ်မှ ထိန်းချုပ်ထားသည့် ဟားခါး…

Read More