Headlines

admin

၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်

ဒီဇင်ဘာလ ၆ ရက်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၄ ခု နှင့် ရပ်ကွက် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိတဲ့ အတွက် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း၊ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၆၈ ရွာ ရှိပြီး ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု…

Read More

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု ချင်းအမျိုးသား ၁ ဦး ရရှိ

ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် ရှိ Governor of Victoria နှင့် Victorian Multicultural Commission တို့မှ ကြီးမှူး ကျင်းပ ပေးအပ်ခဲ့သော ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု (Victorian Multicultural Awards for Excellence) ချီးမြှင့်ပွဲမှာ ချင်းအမျိုးသား တစ်ဦးမှ ဆုရရှိခဲ့ကြောင်း Victorian Multicultural Commission ရဲ့ website ပါ ဖော်ပြချက် အရ သိရှိရ ပါတယ်။ Website ပါ ဖော်ပြချက်များ အရ ဆုရတဲ့ ချင်းအမျိုးသားဟာ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသူSalai Peter…

Read More

ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာလ ၅ ရက်။ ချင်းအရေးကို လူမျိုးနွယ်စုအလိုက်ချည်းကပ်ဖြေရှင်းဖို့ကြိုးစားနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ Institute of Chin Affairs ( ICA)အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ Together for Humanity Friendship Dinner မိတ်ဆုံညစာစားပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ( Pu Lalduhoma) ကမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “ အဓိကအားဖြင့် ချင်းပြည်နယ်အတွင်းက ချင်းညီအစ်ကိုတွေ အချင်းအချင်း မစည်းလုံးဘူးဆိုရင် ရန်သူအတွက် အမြဲတမ်းအနိုင်ယူဖို့လွယ်ကူနေမှာ ဖြစ်တယ် ဦးဆောင်မှုပိုင်းမှာ အဓိကဖြစ်တဲ့ CC နဲ့ CB ကကျနော်ရှေ့မှာဘဲ ငြိမ်းချမ်းရေးလုပ်ပေးပြီး Chin National Council ကို…

Read More

စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် တီးတိန်မြို့မှာ ခရီးသွားပြည်သူ ၁ ဦး သေဆုံး

ဒီဇင်ဘာလ ၄ ရက်။ နိုဝင်ဘာလ ၂၇ ရက်နေ့က တီးတိန်မြို့နယ် ကနေဒီတောင် အရှေ့ဘက်ခြမ်း လမ်းလွှဲ တစ်နေရာမှာ စစ်ကော်မရှင်တပ်စစ်သားတွေက ခရီးသွား အရပ်သား ကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ခံရတဲ့ အရပ်သား ခရီးသွားအမျိုးသား ၁ ဦးဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ် လို့ တီးတိန်မြို့ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။ သေဆုံးသူ Pa Ngo Vungh ဟာ တီးတိန်မြို့နယ် Buan ရွာသား တစ်ဦး ဖြစ်ပြီး ရွာကနေ ကလေးမြို့ ဆင်းဖို့ ဒိုင်နာကား တစီးဖြင့် တခြား လူ နှစ်ဦး နဲ့ ဆင်းလာခြင်း ဖြစ်ကြောင်း၊ ကနေဒီလမ်းခွဲ ကနေ တွီးဆောက်-ပိမ်းပိ-ခိုင်ကမ်း လမ်း…

Read More

“အလံချစ်သူများနဲ့ နိုင်ငံချစ်သူများ”

Abraham Ling Ki Gei အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေ ဆက်ဆံတဲ့နေရာမှာ “ကန်တော့ရမလား၊ မကန်တော့ရဘူးလား” ဆိုတာ ရှေးခေတ်ကတည်းက စပြီး ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို Hein ရဲ့ Youtube Channel ကနေ “နေထွက်ဘုရင်နှင့် နေမဝင်အင်ပါယာ၊ မန်ချက်စတာရောက် ကင်းဝန်မင်းကြီး၏ ဝိတိုရိယ ကန်တော့ခန်း” ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို နားထောင်မိတာ ခုထိ နားထဲစွဲနေတုန်းပါပဲ။ သူဆက်ပြောတာက… • အရှေ့တိုင်းသားတွေက အရိုအသေပေးရင် ဖိနပ်ကို ချွတ်ရတယ်။• အနောက်တိုင်းသားတွေက အရိုအသေပေးရင် ဦးထုပ်ကို ချွတ်ရတယ်။• အရှေ့တိုင်းသားတွေက အရိုအသေပေးရမယ့် လူကြီးသူမ လာရင် ယဉ်ကျေးသိမ်မွေ့စွာ ထိုင်ပေးရတယ်။• အနောက်တိုင်းသားတွေက အရိုအသေပေးရင် မတ်တတ်ထရတယ်။အားလုံးဟာ ပြောင်းပြန်တွေချည်းပါပဲ။ သမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ၁၉ ရာစုမှာ…

Read More

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၉၃ ဦးအထဲ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းမြန်မာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Malaysia Myanmar Association – MMA အဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ မလေးရှားတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၆၉၃ လည်း ဖမ်းဆီးခံရပြီး အဲဒီမှာ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ဖမ်းဆီးခံရတယ်လို့ MMA အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဖမ်းဆီးခံရတဲ့စာရင်းဟာ MMA အဖွဲ့ရဲ့…

Read More

၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာ

ဒီဇင်ဘာလ ၃ ရက်။ ၂၀၂၅ ခုနှစ် အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာပြီး မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာပါ ဖော်ပြချက်များ အရ သိရပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ရာနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း…

Read More

ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ

ဒီဇင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြားအရွယ်ရှိသူ ချင်းလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝအထက်ပိုင်း ပိန္နဲတပင်ရွာ၊ ငရှားရွာ၊ ကြွေသောင်ရွာ နဲ့ အနီးအနားက ရွာတွေ နှင့် ပလက်ဝအောက်ပိုင်း လောက်ကဒူး၊ တိုးမဝ၊ ရီမဝ၊ အောင်သဲဝ ၊ နှမဒါ ရွာတွေမှာ အာရက္ခတပ်တော် ULA / AA က တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေပြီး ချင်းလူမျိုးတွေကို ပထမဆုံး တပ်သားစုဆောင်းလာတာလို့လည်း ပလက်ဝဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကနေ တစ်အိမ်ကို လူတစ်ယောက်နှုန်းနဲ့…

Read More

မီဇိုရမ်ပြည်နယ်ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေကို ရက်ကန်းသင်တန်းပေးပြီး အလုပ်အကိုင် ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်

ဒီဇင်ဘာလ ၂ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်မြို့ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ နှင့် စစ်ဘေးရှောင်တွေကိုရက်ကန်း သင်တန်းပေးပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်တဲ့ သူတွေကို အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်၊ ပေါင်းစည်းလမ်း သက်မွေးသင်တန်းဌာနက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေထဲက ၈ ဦးဟာ ခြောက်ပတ်ကြာ လေ့လာသင်ယူခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သင်တန်းသားအားလုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းဆင်းပွဲမှာ တစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း အောင်လက်မှတ်တွေပေးအပ်ခဲ့ပြီး အထွေထွေထောက်ပံ့ငွေတွေကိုလည်း…

Read More

NUG မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူလူထုအသံကို ကမ္ဘာကသိအောင် ချဲ့ထွင်လုပ်ဆောင်မယ်လို့ ဒေါက်တာဆာဆာပြော

ဒီဇင်ဘာလ ၂ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အဖွဲ့မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူတွေ အားလုံးရဲ့ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ၊ သြဂုတ်လအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းတော့မှာဖြစ်တဲ့အကြောင်း ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) ဥက္ကဌတို့က သူ့ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကနေ နုတ်ထွက်တာနဲ့ ပက်သက်လို့ ဒေါက်တာဆာဆာက ရှင်းပြထားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့…

Read More