ချင်းအမျိုးသမီးများ အမွေဆက်ခံခွင့် တကယ်ဆုံးရှုံး သလား ? (ဥပဒေရှုထောင့်ဖြင့်)
By ဒေါ်ကျိန်ထိတ်ကိမ် (ခ) ကိမ်နူး အထက်တန်းရှေ့နေ ချင်းဓလေ့ထုံးတမ်းအရ အချို့ဒေသများတွင် အကြီးဆုံးသား သို့မဟုတ် အငယ်ဆုံးသားကသာ အမွေဆက်ခံခွင့်ရှိပြီး ကျန်သည့် သားသမီးများမှာ အမွေဆက်ခံခွင့် ဆုံးရှုံးကြသည်ဟု ယူဆထား သည့် အလေ့အထများ ယနေ့အထိ တည်ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် တည်ဆဲဥပဒေများနှင့် တရားရုံးစီရင်ထုံးများအရ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် ချင်း အမျိုးသမီးများ၏ အမွေဆက်ခံခွင့်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအချက်အလက်များကို ဖော်ပြလိုပါသည်။ ၁။ ဓလေ့ထုံးတမ်းဥပဒေ နှင့် အက်ဥပဒေ (Customary Law vs Act) ဥပဒေရေးရာအခြေခံသဘောတရားအရ ဓလေ့ထုံးတမ်းဥပဒေသည် ပြဋ္ဌာန်းထားသည့် အက်ဥပဒေနှင့် ဆန့်ကျင်ပါက အက်ဥပဒေကို ဦးစားပေး အသုံးချရပါသည်။ ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ရှေးယခင်ကတည်းက…

