“ ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည်” အချက်ကို နှလုံးသွင်းပြီး ချင်းအမျိုးသားနေ့ကိုကျင်းပကြဖို့ CNF ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၀ ရက်။ ချင်းလဲန်ပြည်သူများအနေဖြင့် ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ အနှစ်သာရဖြစ်တဲ့ “ ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းပြီး (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို အနှစ်သာရရှိရှိဖြင့် ကျင်းပကြရန် တိုက်တွန်းတယ်လို့ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၇၈ နှစ်မြောက်ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး( CNF) က ထုတ်ပြန်ပါတယ်။ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တို့ကြောင့် (၇၈) နှစ်တိုင်တိုင် ချင်းလူမျိုးတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ယနေ့အချိန်ထိ အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်သေးဘူးလို့ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး ( CNF) က ထုတ်ပြန်ပါတယ်။ ယနေ့ကျရောက်သော ချင်းအမျိုးသားနေ့သည်…

