မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေတဲ့ ဒုက္ခသည်တွေ တရားမဝင် ကုန်သွယ်မှုတွေမှာ မပတ်သက်ဖို့ ပြည်ထဲရေးဝန်ကြီး သတိပေး
မတ်လ ၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်အချို့ဟာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရှိရပြီး၊ အချို့သူတွေကိုလည်း ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီး K Sapdanga က လက်ရှိပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ India Today Media က မတ်လ (၃) ရက်နေ့မှာဖော်ပြပါတယ်။ လက်ရှိကျင်းပနေတဲ့ ဘတ်ဂျက်အစည်းအဝေးအတွင်း ဝန်ကြီး Sapdanga က ပြန်လည်ဖြေကြားရာမှာ “အကြီးအကျယ် ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရဆီကို တရားဝင်အစီရင်ခံစာ တက်လာတာမျိုး မရှိသေးပေမဲ့၊ ဒုက္ခသည်အစုအဖွဲ့အချို့ဟာ ဥပဒေနဲ့မညီဘဲ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်”လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကလည်း ဒီအမှုတွေကို တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး၊…

