ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့လအတွင်း အလင်းဝင်ပူးပေါင်း ၊ လက်နက်ချ ၊ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်
မတ်လ ၁၀ ရက်။ ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း အလင်းဝင်ပူးပေါင်းဝင်ပူးပေါင်းသူနု့ဲ လက်နက်ချ ၊ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သား ဦးရေ စုစုပေါင်း ၁၀ ဦးအထိ ရှိတယ်လို့ ပြည်သူ့ပန်းတိုင် အဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်ပူးပေါင်းလာသူတွေထဲမှာ အများစုက စစ်မှုထမ်းတပ်သားသစ်တွေ အများစုပါဝင်တယ်လို့လည်း ဖော်ပြထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း အလင်းဝင် ပူးပေါင်းနှင့် လက်နက်ချ ၊ စစ်သုံ့ပန်း စုစုပေါင်းဟာ ၂၀၀ ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်မှာ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်သား (၇) ဦးရှိပြီး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူက စုစုပေါင်း ၃ ဦးရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိ ချင်းပြည်နယ်၊…

