ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်ဖွဲ့ စစ်အင်အား ၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်း ရိက္ခာတွေ ကလေးမြို့ကနေ ထပ်မံ ပို့လာတယ်လို့ သိရ
မတ်လ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဘက်ကို စစ်ကူအင်အား ၂၀၀ ကျော် နဲ့လက်နက်ခဲယမ်း ရိက္ခာတွေ ကို စစ်ကော်မရှင်တပ်က ထပ်မံ စစ်ကူအင်အားပို့ပြီး လက်ရှိ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်အကြားက ဗားလုံ၊ ဇောင်းကုန် ကျေးရွာ အနီးတဝိုက်ကို ရောက်ရှိလာနေပြီလို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အယောက် ၂၀၀ ကျော် ထပ်ပြီး စစ်ကူရောက်လာတယ် သိုင်းငင်းကနေ ဖလမ်းဘက်ကို ဆက်ထွက်လာပြီ ဗားလုံ ၊ ဇောင်းကုန် အဲဒီဝန်းကျင်တွေမှာရောက်နေပြီလို့ ကြားသိရတယ်၊ သူတို့ ( စစ်ကော်မရှင်တပ်) က စစ်ကြောင်း ၃ ကြောင်းထဲနဲ့တော့ ဖလမ်းကို မရောက်နိုင်ဘူးပေါ့ ဆက်တိုးဖို့က ၃ ကြောင်းစလုံး အထိနာထားတာကို…

