အီရန်အဓိပတိ Khamenei သေဆုံးပြီဖြစ်ကြောင်း သမ္မတထရမ့် တရားဝင်အတည်ပြု
မတ်လ ၁ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အဓိပတိ Ayatollah Khamenei ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ယနေ့မှာ တရားဝင်အတည်ပြု ထုတ်ပြန်လိုက်ပြီး Khamenei ကို “သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး လူသားများထဲက တစ်ဦး” လို့ သတ်မှတ်ပြောဆိုလိုက်တဲ့အပြင် အခုသေဆုံးမှုဟာ အီရန်ပြည်သူတွေတင်မကဘဲ သူတို့ရဲ့လက်ချက်ကြောင့် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ရတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက လူသားအားလုံးအတွက် တရားမျှတမှု ရရှိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်အဓိပတိ Khamenei ဟာ အမေရိကန်ရဲ့ အလွန်ခေတ်မီတဲ့ ထောက်လှမ်းရေးနဲ့ ခြေရာခံစနစ်တွေကနေ ဘယ်လိုမှ ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိဘဲ အစ္စရေးနဲ့ အနီးကပ်ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အခြားသော အီရန်ခေါင်းဆောင်ပိုင်းတွေနဲ့အတူ သုတ်သင်ခံလိုက်ရတာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။ ဒါဟာ အီရန်ပြည်သူတွေအနေနဲ့ မိမိတို့နိုင်ငံကို မိမိတို့လက်ထဲ…

