ဟားခါးတွင် လူငယ် ၃ ဦးအား စစ်ကော်မရှင်က ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကိုင်များအဖြစ် အကွက်ဆင်ခဲ့မှုအပေါ် CDF-Hakha ပြင်းထန်စွာ ရှုတ်ချ
မတ်လ ၂၉ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် မြို့ပြင်ထွက်လာသည့် ဒေသခံလူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် မည်သည့်တရားဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ လူမဆန်စွာ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha (CDF-Hakha) က မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် သေဆုံးသူများ၏ ရုပ်အလောင်းဘေးတွင် ရိုင်ဖယ်သေနတ်ကို တမင်တကာ အကွက်ဆင်ချထားကာ ဓာတ်ပုံရိုက်၍ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ကြပြီး၊ ၎င်းတို့ကို အတုအယောင် လက်နက်ကိုင်များအဖြစ် ဖန်တီးရန် ကြိုးပမ်းသည့် ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။…

