မတ်လမှာ ကျင်းပမယ့် ချင်းပြည်နယ်လွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးအမည်စာရင်း ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၂ ရက်။ မတ်လမှာ ကျင်းပမယ့်ချင်းပြည်နယ်လွှတ်တော်အပါအဝင်တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၀၁) ဦး ၏ အမည်စာရင်းများကို အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ချင်းပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရသူအကုန်ယူစနစ်/အချိုးကျကိုယ်စားပြုစနစ်နဲ့ အနိုင်ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၄ ယောက်နဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ယောက် တို့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လာမယ့်မတ်လမှာ လွှတ်တော် ခေါ်ယူပြီးအနိုင်ရတဲ့ပါတီကိုအာဏာလွဲပြောင်း ပေးမယ်လို့ ပြောထားပါတယ်။…

