မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ့်အချိန်ကြိုတင်အသိပေးမယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်း တီးတိန်မြို့ကို ပြန်လာသူများပြားလာ
ဇန်နဝါရီလ ၂၈ ရက်။ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ့်အချိန်ကြိုတင်အသိပေးမယ်လို့ ZFU/PDF-Zoland တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်မှာထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်း တီးတိန်မြို့ကို ပြန်လာသူများပြားလာကြောင်း မြို့ခံပြည်သူတစ်ဦးက Chin World Media ကိုပြောပြပါတယ်။ “တီးတိန်မြို့ကို ပြန်လာကြတာ အချက် ၃ ချက် ကြောင့် လို့ ပြောလို့ရတယ်။ စစ်ရှောင်တဲ့ နေရာမှာနေမှုထိုင်မှု နှင့် အလုပ်အကိုင် အဆင်မပြေလို့ရယ်၊ ကျောင်းတက်နေတဲ့ ကလေးတွေ စာမေးပွဲ ဖြေဆိုပြီး အတန်းတက်စေချင် ကြလို့ရယ်၊ ZFU ကနေလည်း တိုက်ပွဲ ဖော်ဆောင်မယ့် အချိန်မှာ ကြိုတင် အသိပေးမယ်လို့ပြောထား တာ ကြောင့် ရယ်၊ စတဲ့ အချက်တွေကြောင့် လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်” လို့ တီးတိန်မြို့ခံ ပြည်သူ တစ်ဦးက…

