ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရ နေအိမ် ၂ လုံး ထိခိုက်ပျက်စီး
မတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်းဘန် ( Lumbang )ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ ၁၅ မိနစ်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့နယ်နေ ဒေသခံတစ်ဦးက “ဒီကနေ့ မနက်ပိုင်း ၃ နာရီ ၁၅ လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ် နေအိမ်ကတော့ ၂ လုံး ပျက်စီးသွားတယ် ဒေသခံအများစုက စစ်ဘေးရှောင်နေကြတာဆိုတော့ အဲဒါကြောင့်လည်း ထင်တယ် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်” လို့ပြောပါတယ်။ မန္တလေး၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ လုမ်းဘန်ကျေးရွာကို…

