ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို ငွေကြေးလာဘ်ပေးနေရတယ်လို့သိရ
အောက်တိုဘာလ ၂၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အဏာပိုင်တွေက ငွေကြေးလာဘ်ပေးလာဘ်ယူမှုတွေနဲ့သာ ခွင့်ပြုနေတဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ကျပ်ငွေ ၅ သိန်းကနေ သိန်း ၂၀ ကြားပေးဆောင်နေကြရပြီး ရံဖန်ရံခါ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကိုပင် ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့် ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဆေးဝါးကုသခွင့်မရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ခြေထောက်တွေလှုပ်မရတော့ဘဲ မသန်မစွမ်းဖြစ်သွားရတဲ့ အထိ အခြေအနေတွေ မော်လိုက်ကလေးအကျဉ်းထောင်မှာ…

