လမ်းမှာ ကြန့်ကြာမှု ရှိသော်လည်း ဟားခါး – ရန်ကုန် ယာဉ်လိုင်းများ ပုံမှန် ပြေးဆွဲနေ
မေလ ၁၅ ရက်။ ဟားခါး-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လမ်းမှာရက်ကြန့်ကြာမှုများ ရှိသော်လည်း ယခုကာလ အတွင်း ပုံမှန် ပြေးဆွဲကြောင်း၊ယာဉ်လိုင်း တစ်ခုရဲ့ တာဝန်ရှိသူမှ Chin World Media ကို ပြောပါတယ်။ “ဒီနှစ် အတွင်းမှာတော့ ကျွန်မတို့ ဟားခါး-မန်း ကားဂိတ် အနေနဲ့ ခရီးသည်တင် မှန်လုံကားကြီးတွေကို တစ်ပတ် ၃ ကြိမ် အနည်းဆုံး ပြေးဆွဲ ပေးခဲ့ ပါတယ်။ ပုံမှန် အားဖြင့် လမ်းမှာ သုံးလေးရက် ကြာတတ်ပါတယ်။ အခုက ခရီးသည်တင် ကားသေး၊ အံစာတုံးကားတွေပါ ပြေးဆွဲမှာ ဆိုတော့ မှန်လုံကားကြီး ပြေးဆွဲမှု အကြိမ်ရေ လျော့ကျ နိုင်တယ်။ ကားသေး တွေနဲ့ ဆိုရင် ပိုမြန်လာ…

