CHRO တင်တဲ့အမှု တီမောတရားရုံးက မြန်မာစစ်ခေါင်းဆောင်တွေကို အမှန်တကယ် အပြစ်ပေးနိုင်မှာလား?
DonBosco အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ တီမော(Timor Leste ) နိုင်ငံကတရားရုံးမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကနေ မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုလိုက်တဲ့အမှုဟာ ဒေသတွင်းမှာတင်မကဘဲ ကမ္ဘာ့ဇာတ်ခုံမှာပါ အစိုးရချင်းအချင်းချင်း အရေးယူမှု (State-to-State Action) ထက် ကျော်လွန်တဲ့ တရားမျှတမှု ရှာဖွေရေးခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ Timor Leste ကို အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးအတွက် လုပ်ဆောင်တဲ့နေရာမှာလည်း စစ်ကော်မရှင် ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ အခုလို သံတမန်ရေးရာ ဖိအားတွေနဲ့ အခက်အခဲတွေကြားကနေ မြန်မာစစ်ခေါင်းဆောင်တွေကို အမှုဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ Timor Leste ရဲ့ တရားမျှတမှုအပေါ် ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ Timor Leste တရားရုံးက အခုလို အမှုလက်ခံလိုက်တာဟာ အာဆီယံအဖွဲ့ထဲမှာ…

