ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် အင်အား ၁၀၀ ခန့်ချေမှုန်းခံရ
နိုဝင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့ကြား နဲ့ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် ရန်သူအင်အား ၁၀၀ ဝန်းကျင်ကို ချင်းညီနောင် CB မဟာမိတ်နဲ့အတူ ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့သည် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း (၂) သည်…

