
ကလေး-တီးတိန် လမ်းပိတ်တာ ၁ လနီးပါးအချိန်ကြာလာလို့ တီးတိန်မြို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာ
ဇွန်လ ၁၀ ရက်။ ကလေး-တီးတိန် လမ်းပိတ်တာ ၁ လ နီးပါး အချိန်ကြာလာလို့ ချင်းပြည်နယ် တီးတိန်မြို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်နေပြီး ဒေသခံအခြေခံလူတန်းစားတချို့ စားသောက်ဖို့ မရှိကြတော့ဘူးလို့ တီးတိန်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ရိုးရိုးဆန်တစ်အိတ်ကို ၁၅၀၀၀၀ ကျပ် ဈေးရှိပြီး ဆိုင်တိုင်းမှာ ဝယ်ယူလို့ မရတော့သလို ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်ဈေးနှုန်းရှိပြီး ဝယ်ယူခြင်းတိုင်း ဝယ်လို့ မရနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်မြို့နေဒေသခံတစ်ဦးက “အခုက ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်ဈေးရှိတယ် ဒါပေမယ့် ရှာဝယ်ရဖို့တောင်မလွယ်ဘူး၊ ဆန်ဆိုရင်လည်း အနိမ့်ဆုံးဈေးက ၁ သိန်း ၅ သောင်းလောက်ရှိတယ် အဲဒါဆိုင်တိုင်းမရှိဘူး တော်တော်လေးရှားတယ် တခြားအခြေခံစားသောက်ကုန်တွေလည်း တော်တော်လည်း ပြတ်နေပြီ ကလေး –…