Headlines

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီလို့ ICA ထုတ်ပြန်

ဇွန်လ ၁၉ ရက်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ စစ်ကောင်စီကြောင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီး သေဆုံးခဲ့သူတွေဟာ ဆန္ဒပြစဉ် စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂၈ ဦး၊ လူသားဒိုင်းအဖြင့် အသုံးပြုခံရလို့ သေဆုံးသူ ၁၁ ဦး၊ ဆေးဝါးမလုံလောက်လို့ သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခံရသူနဲ့ မုဒိန်းပြုကျင့်ခံရပြီး အသတ်ခံရသူ ၆၃ ဦး၊ အကြောင်းမဲ့ အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၂ ဦး၊ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးအဖွဲ့ဝင် ၃၆၁ ဦး၊ ဘာသာရေးခေါင်းဆောင် ၁၇ ဦး…

Read More

တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုတဲ့ ကာလမှာကလေးမြို့တွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသား မိဘများ စိုးရိမ်နေကြ

ဇွန်လ ၁၈ ရက်။ မန္တလေးငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုနေရတဲ့ ဒေသမှာပါဝင်တဲ့ ကလေးမြို့မှာ သင်္ချာ ဘာသာရပ် ဖြေဆိုရမယ့် ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မနက် ၁ နာရီခွဲခန့်မှာ တာဟန်းရပ်ကွက် နှင့် ကြုံ့သုံးပင် ရပ်ကွက် တို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့ အတွက် ကျောင်းသား မိဘများ စိုးရိမ်နေကြတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။ “အမြောက်တပ် ကနေ ပစ်တဲ့ ကျည်လို့ သိရ ပါတယ်။ YCW ကိုယ်ပိုင်ကျောင်း အနောက်ဘက် တာဟန်း ဘောလုံးကွင်း နား၊ လမ်းပေါ်မှာ တစ်လုံး ပေါက်ကွဲခဲ့တယ်။ နေအိမ် တစ်လုံး အတော်…

Read More

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်” ( အပိုင်း-၂ )

By Kyaw Swa Min စစ်ဖြစ်နေတဲ့ အစ္စရေး ရဲ့ ဂျူးဘာသာ (Judaism) နဲ့ ပါလက်စတိုင်းအာရပ်ကမ္ဘာ အစ္စလာမ်တို့ တူတဲ့အချက်တွေ အများကြီးရှိတယ်။ ( Abrahamic Faith) လို့ခေါ်တယ်။ အီဗရာဟင် ကဲ့သို့ ဘုရားအပေါ် သက်ဝင်ကြသူများပေါ့။ ပထမတူတာက ကိုးကွယ်ရာ ဘုရားအတူတူပဲ။ ဂျူးက သူတို့ဘာသာစကားနဲ့ God ဒါမှမဟုတ် ယေဟောဝါ လို့ခေါ်တယ်။ အစ္စလာမ်က သူ့ဘာသာစကားနဲ့ God သို့မဟုတ် အလ္လာ လို့ခေါ်တယ်။ တဆူတည်းပဲ။ အစားအသောက် ဥပဒေတွေ အတော်တူကြတယ်။ ဝက်သားမစားဘူး၊ လည်လှီးသားပဲ စားတယ်၊ အသားစားဖို့အတွက် လည်လှီးကြပုံခြင်းလည်းတူတယ်၊ တုံးတဲ့ဓါးနဲ့ လှီးသတ်လို့မရဘူး၊ နည်းသိရမယ်၊ အသွေးတွေအကုန် စွန့်ပစ်ရတယ်။ ( logic- သွေးကတဆင့် ရောဂါပါတတ်လို့)…

Read More

မတူပီမြို့နယ်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းလိုအပ်ပါက Future Hope Foundation ကို ဆက်သွယ်နိုင်တယ်လို့ သိရ

ဇွန်လ ၁၇ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းလိုအပ်ပါက Future Hope Foundation ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ Future Hope Foundation အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း မတူပီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာက ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ အတွက် စနစ်သစ်ကျောင်းသုံးပုံနှိပ်စာအုပ်တွေနဲ့ ကျောင်းသုံးပစ္စည်းတချို့ကို Future Hope Foundation အဖွဲ့က ထောက်ပံ့ခဲ့ပါတယ်။ Future Hope Foundation က “ဆရာ၊ ဆရာမတွေနဲ့ ကျောင်သား၊ ကျောင်းသူတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်လိုအပ်ချက်က ကြီးကြီးမားမားကြုံနေကြရတဲ့အတွက် Future Hope Foundation က တက်နိုင်သလောက် ကူညီပေးတာပါ…

Read More

အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆို

ဇွန်လ ၁၇ ရက်။ အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အစ္စရေးအပေါ်ဩဇာလွှမ်းမိုးမှုကြီးတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆိုထားတယ်လို့ အီရန်သတင်းရင်းမြစ်နှစ်ခုနဲ့ ဒေသတွင်းသတင်းရင်းမြစ်သုံးခုက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။ အီရန်သတင်းရင်းမြစ်တစ်ခုက အပစ်အခတ်ရပ်စဲရေးရှိပါက နူကလီးယားဆွေးနွေးပွဲများကို အီရန်ဖက်က ပြန်လည်ပြုလုပ်ရန် ဆန္ဒရှိတယ်လို့ အီရန်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ နှစ်နိုင်ငံပဋိပက္ခထိန်းချုပ်မှုမဲ့စွာ ဖြစ်ပွားလာမည်ကို ပင်လယ်ကွေ့နိုင်ငံများအနေနဲ့ စိုးရိမ်ပူပန်နေပြီး အစ္စရေးကို အပစ်အခတ်ရပ်စဲရေးသဘောတူညီရန်နဲ့ နူကလီးယားသဘောတူညီချက်ရရှိရေးအတွက် တီဟီရန်နဲ့ဆွေးနွေးပွဲများပြန်လည်စတင်ဖို့ ဝါရှင်တန်က နှစ်နိုင်ငံကို ဖိအားပေးဖို့လိုအပ်လို့ ကာတာ၊ အိုမန် နဲ့ဆော်ဒီအာရေဗျ နိုင်ငံတို့အနေနဲ့ ဝါရှင်တန်ကို ဖိအားပေးတိုက်တွန်းပေးရန် အီရန်ကတောင်းဆိုထားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြတာဖြစ်ပါတယ်။ အီရန်အနေနဲ့ နူကလီးယားဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရေး ကြားဝင်စေ့စပ်ပေးရန် အာတာနဲ့အိုမန်တို့ကိုဆက်သွယ်ခဲ့ပေမယ့်လည်း အစ္စရေး နဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ရမည်ဟု တောင်းဆိုခဲ့ပါတယ်။ အီရန်အနေနဲ့ တိုက်ခိုက်ခံရချိန်မှာ ဆွေးနွေးပွဲလုပ်ဆောင်ရန်…

Read More

မလေးရှားက မြန်မာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာမျိုးမပြုလုပ်ဖို့ ACR ဥက္ကဌမှတောင်းဆို

ဇွန်လ ၁၆ ရက်။ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များဟာ နိုင်ငံသားခံယူလိုခြင်းမဟုတ်ပဲ အသိအမှတ်ပြုမှုနဲ့အကာအကွယ်ရရှိဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ဖို့မျှော်လင့်ကြောင်း ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ပတ်သက်ပြီး ဇွန်လ (၁၆) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားအခြေစိုက် ချင်းဒုက္ခသည်တွေအရေးကူညီပံ့ပိုးနေတဲ့ Alliance of Chin Refugee (ACR)အဖွဲ့ဥက္ကဌ James Bawi Thawng Bik က တောင်းဆိုပြောကြားပါတယ်။ ACR ဥက္ကဌ James Bawi Thawng Bik က မလေးရှားရောက်ရှိသူတွေဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်စဉ် ဒုက္ခသည်အဆင့်အတန်းအသိအမှတ်ပြုမှု ရရှိဖို့နဲ့ အကာအကွယ်ရဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ရန် မျှော်လင့်ကြောင်း၊ နေရပ်ပြန်လျှင် မလုံခြုံတဲ့ အန္တရယ်ဒုက္ခနဲ့ အသက်သေဆုံးခြင်းသာလျှင်…

Read More

လောက်တူဒေသတွင်း Wifi internet တပ်ဆင်တာတွေ အပြင် လူမှုကွန်ယက်အသုံးပြုခြင်းတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေလိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်

ဇွန်လ ၁၆ ရက်။ ချင်းပြည်နယ် လောက်တူဒေသအတွင်း Wifi internet တပ်ဆင်တာတွေ အပြင် လူမှုကွန်ယက်အသုံးပြုခြင်းတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေ လိုက်နာရမယ့် ဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းတွေကို လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ Wifi ဆက်သွယ်ရေး စက်ပစ္စည်းတွေကို မိမိကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ်လုပ်ငန်းတွေအတွက်ဖြစ်စေ တပ်ဆင်ခြင်းမပြုဖို့နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ သတ်မှတ်ထားတဲ့ စည်ကမ်းချက်နဲ့အညီ တပ်ဆင်သုံးစွဲဖို့နဲ့ လုံခြုံရေးထိစေနိုင်တဲ့ အချက်အလက်၊ မှတ်တမ်းဓာတ်ပုံ နဲ့ တည်နေရာတွေ ဖော်ပြတာ ဖြန့်ဝေတာ၊ ရေးသားတာတွေ မလုပ်ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုကြား စည်းလုံးညီညွှတ်မှုပျက်ပြားစေနိုင်တဲ့ လှုံဆော်ရေးသားတာတွေ ကန့်သတ်တားမြစ်နယ်တွေကို မှတ်တမ်းဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ယူတာ၊ အသံဖမ်းတာတွေ စတာတွေ မလုပ်ရဘူးလို့ အသိပေးထားပြီး…

Read More

ဟားခါးမြို့မှာ လျှပ်စစ်မီးမရတာ ၃ လ ကျော်ကြာလာပြီဖြစ်ပြီးဟားခါးမြို့ဒေသခံတွေ ဖုန်း၊ ကွန်ပျူတာ အားသွင်းဖို့ ပိုက်ဆံပေးနေရ

ဇွန်လ ၁၆ ရက်။ ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာ လျှပ်စစ်မီးမရ ပြတ်တောက်နေတာ ၃ လ ကျော်ကြာလာပြီဖြစ်ပြီး ဒေသခံတွေဟာ ဖုန်း၊ ကွန်ပျူတာ၊ ပါဝါဘဏ်တွေကို အားသွင်းဖို့ ပိုက်ဆံပေးနေကြရတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးစပျက်ကတည်းကနေ ဖုန်းတို့၊ ကွန်ပျူတာတို့၊ ပါဝါဘဏ်တို့ကို ပိုက်ဆံပေးပြီး အားသွင်းနေကြရတယ် အထူးသဖြင့် ဆိုလာမရှိသူတွေပေါ့ မီးပြတ်တာက မတ်လလောက်ကတည်းကဆိုတော့ ၃ လ ကျော်ရှိနေပြီ ” လို့ပြောပါတယ်။ အားသွင်းရာမှာ ကွန်ပျူတာတစ်လုံးအတွက် ကျပ် ၅၀၀၀ ၊ ဖုန်းတစ်လုံး – ၁၅၀၀ ကျပ်နဲ့ ပါဝါဘဏ် အရွယ်အစားပေါ်မှုတည်ပြီး သုံးထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိ ရှိတယ်လို့လည်း သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့ ဟားခါးမြို့မှာ လျှပ်စီးမီးလည်းမရတာတွေကြောင့်…

Read More

အစ္စရေး အကြောင်း နည်းနည်းပြောကြည့်မယ်။

By Kyaw Swa Min အစ္စရေး (၁)။ အစ္စရေးနိုင်ငံ ကို ထူထောင်တဲ့ ဂျူးလူမျိုး တွေဟာ အလွန်ရှေးကျတဲ့လူမျိုးတမျိုး။ အရှေ့အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ် 3500 ကျော်ကတည်းက မြို့ပြနဲ့ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့မြို့တော်က ဂျေရုဆလင်။ ဘုရားသခင်ရှိတယ် ကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းတယ် ဆိုတဲ့ ဘာသာတရားမျိုး ကို ပထမဆုံး စပြီး ကမ္ဘာကို မိတ်ဆက်ခဲ့တာ အစ္စရေးက ဂျူးတွေပဲ။ ဖန်ဆင်းရှင် တဦးတည်းထားပြီး ကိုးကွယ်တဲ့ဘာသာ မို့ monotheistic ဘာသာတွေ လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၅၀၀ လောက်က သူတို့က စပြီး God ဖန်ဆင်းရှင်အဖဘုရား ဆိုတဲ့ ကိုးကွယ်မှု စတယ်။ သူတို့ ဘာသာရေး ဆိုတာ…

Read More