ချင်းပြည်နယ်မှာ ၄ နှစ်ကျော်ကာလအတွင်း ချင်းလူမျိုး ၃၈၃ ဦးဖမ်းဆီးခံရပြီး ၁၈၃ ဦး သတ်ဖြတ်ခံရ
ဒီဇင်ဘာလ ၁ ရက်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် စလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၈၃ ဦးရှိပြီး စစ်ကော်မရှင်တပ်ကြောင့် သေဆုံးရသူက ၁၈၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄ နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ စုစုပေါင်းဟာ ၃၀၀၄၅ ဦးရေရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၆၁၉၃ ဦးနဲ့ ကလေးငယ် ၆၂၉ ဦးတို့ ပါဝင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်း စစ်အုပ်စုနှင့် သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့…

