
စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခဲ့စဉ် စစ်ကောင်စီတပ်က ၁ ဦးသေဆုံး၊အမြောက်အများ ဒဏ်ရာရ ထွက်ပြေးခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho ထုတ်ပြန်
ဇွန်လ ၂၁ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် ( NSA) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးတာ ဖမ်းမိတာတွေအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho က ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ် ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့မနက်ပိုင်း ၇…