ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံခဲ့ရ
ဒီဇင်ဘာလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူငယ် အယောက် ၁၀ ယောက်ထက်မနည်းကို လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်တာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မနေ့ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ စစ်မှုထမ်းအတွက် ၁၀ ယောက်ထက်မနည်း ဆွဲခံရတယ် တာဟန်း ဘက်မှာ ၃ ယောက်၊ ဆိပ်ကမ်းသာ ဘက်မှာ ၄ ယောက် ၊ ရွှေကျောင်းတော်ဘက်မှာ ၃ ယောက် လမ်းမှာပဲ ဆွဲသွားတာ” လို့ ပြောပါတယ်။ ကလေးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းအတွက် လူငယ်ရှိတဲ့ နေအိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေကို အရင်က လုပ်ခဲ့ပြီး စစ်မှုထမ်းအတွက်…

