
ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာကိုအနိုင်ရ
ဇွန်လ ၂၉ ရက်။ ဒီကနေ့ ဇွန် ၂၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊လပ်ဗီးဂတ်မြို့မှာ ကျင်းပတဲ့ UFC 317 ၊ ဖလိုင်းဝိတ်တန်း ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာဖြစ်တဲ့ ပြိုင်ဘက် အမေရိကန်ဖိုက်တာ Brandon Royval ကိုအကြိတ်အနယ်ထိုးသတ်ခဲ့ပြီး တတိယအချီမှာ ဒိုင်အဆုံးအဖြတ်နဲ့ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့လည်း ဇွန်လ ၂၇ ရက်နေ့မှာပြုလုပ်တဲ့ UFC 317 ပြိုင်ပွဲ အကြိုသတင်းစာရှင်းလင်းပွဲမှာ UFC ဥက္ကဌကြီးဖြစ်သူ ဒေနာဝှိုက်က ပြောဆိုထားပါတယ်။ UFC Flyweight တန်း အဆင့်် ၁…