တီးတိန်မြို့နယ်မှာ ရှားပါး မျိုးစိတ်ဝင် ကျားသစ် ၂ကောင် ဖမ်းမိ
ဒီဇင်ဘာလ ၁၈ ရက်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် ပိမ်းပိကျေးရွာမှာ ဒေသခံ နှစ်ဦးက တောင်ယာ အနားထိ ရောက်ရှိလာတဲ့ ရှားပါးမျိုးစိတ်ဝင်ကျားသစ် ၂ကောင်ကို ဖမ်းမိသွားတယ် လို့ ဒေသခံတွေ ထံမှ သိရှိရ ပါတယ်။ “ဖမ်းမိတဲ့ သူ နှစ်ယောက် စလုံးက တောင်ယာမှာ ညအိပ် ကြတာ။ တဲနားမှာ သားရဲ အုပ်စု ကစားတဲ့ အသံတွေ ထွက်လာတယ်။ သူတို့လည်း မြေခွေးအုပ် ဖြစ်မယ် ထင်ပြီး ထွက် မကြည့်ရဲ့ဘူး။ တဲ နဲ့ တဖြည်းဖြည်း နီးလာတော့ မနက် ၃ နာရီလောက်မှာ နှစ်ယောက် စလုံး ထပြီး အသံ လာရာ ဘက်ကို တူမီး သေနတ်…

