ထန်တလန်မြို့နယ်မှာ ၃ မွှာပူးမွေး စစ်ရှောင်မိခင်နဲ့မွေးကင်းစကလေး၂ ယောက်နာရေးအခမ်းအနားပြုလုပ်စဥ် ၃ ဦးမြောက်အမွှာပူးကလေးပါထပ်မံသေဆုံးခဲ့
စက်တင်ဘာလ ၆ ရက်။ ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ်ကနေ ဟရီဖီး(Hriphi)ကျေးရွာဖက်ကိုစစ်ဘေးရှောင်ကာ ေနထိုင်ခဲ့သူ အသက် (၂၆) နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီး၁ ဦးဟာ အမွှာပူးကလေး ၃ ဦးမွေးဖွားပြီး နောက်တစ်နေ့မှာ ကလေး၂ ဦး နှင့်အတူ သူမဟာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ပြီးနာရေးအခမ်းအနားပြုလုပ်ပေးစဥ်အတွင်း နောက်ဆုံးအမွှာကလေးလည်းထပ်မံသေဆုံးခဲ့ကြောင်းသိရပါတယ်။ စစ်ရှောင်မိခင် Pi Mangtha Par ဟာ စက်တင်ဘာလ (၄) ရက်နေ့ညမှာ ကလေးအမွှာပူး သုံး ဦးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ (၅) ရက်နေ့မနက်ပိုင်းမှာ မိခင်သေဆုံးသွားခဲ့ပြီးမကြာမီမှာပင် အမွှာပူးကလေးနှစ်ဦးဟာလည်း ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မိခင်နဲ့အတူ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားတဲ့ အမွှာပူးကလေးနှစ်ယောက်ရဲ့ နာရေးအစီအစဥ်ကို ဆောင်ရွက်နေစဥ်အတွင်းမှာပဲ အမွှာပူး (၃) ယောက်မြောက်ဟာလည်း ထပ်မံသေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသွားသူမိခင်ဟာ ထန်တလန်မြို့နယ်၊ လုံဒိန်း (Lungding) ကျေးရွာသူဖြစ်ပြီး၊ ထန်တလန်မြို့ပေါ်မှာနေထိုင်သူဖြစ်ပါတယ်။…

