Headlines

အိန္ဒိယအစိုးရကို စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၁၃ ဖွဲ့ က အိတ်ဖွင့်စာပေးပို့

ဒီဇင်ဘာလ ၁၃ ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကိုလုံးဝအသိအမှတ်မပြုဖို့ အပါအဝင် အချက် ၃ ချက်ကို အိန္ဒိယအစိုးရနှင့် လွှတ်တော်ကို မြန်မာပြည်သူလူထု ကိုယ်စားလှယ်စား အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ၁၁၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ၂၉ ဦးတို့က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့တယ်လို့ India For Myanmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ၎င်းတို့စိုးမိုးထားရာ နယ်မြေအနည်းငယ်မှာ မကြာမီကာလအတွင်း ဟန်ပြကျင်းပရန် ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲ ကို လုံးဝ အသိအမှတ်မပြုဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲသို့စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များစေလွှတ်ခြင်းမှရှောင်ကြဉ်ရန်၊မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမယ့် အကူအညီတွေကိုသာ ပံ့ပိုးပေးဖို့ အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့ထားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊…

Read More

ရခိုင်ပြည်နယ် ‌မြောက်ဦးပြည်သူ့ဆေးရုံကြီးလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ CDF – Asho က တစ်မိနစ်ငြိမ်သက်ခြင်းပြုလုပ်

ဒီဇင်ဘာလ ၁၂ ရက်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၉)နာရီ ၁၃ မိနစ်ချိန်တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး( ၂ ) လုံးဖြင့်ကြဲချ တိုက်ခိုက်ခဲ့လို့ ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းကို ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်မှာစစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho ) က ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ချင်းကာကွယ်ရေးတပ်…

Read More

ဖလမ်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြပြီးတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ဦး အရှင်ဖမ်းမိ ခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့နေ့လည်ပိုင်းအချိန်မှာဖြစ်တယ် ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ တိုက်ပွဲအတွင်း စစ်ခွေးဘက်က ၁၄ ယောက်သေဆုံးတယ် ၁ ယောက်တော့ အရှှုင်ဖမ်းဆီးရမိတယ် တိုက်ပွဲအတွင်း လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံက ငါးကြင်းမြီး၊ ကွန်မန်ဒိုစိန်ပြောင်း၊…

Read More

တီးတိန်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ရန်ပွဲများ နဲ့ ပတ်သက်သူများကိုခေါ်ယူ စစ်ဆေးပြီးကျေအေး စေခဲ့

ဒီဇင်ဘာလ ၁၁ ရက်။ နိုဝင်ဘာလ၂၈ ရက်က တီးတိန်မြို့ကစာသင်ကျောင်းတချို့မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ရန်ပွဲများနဲ့ ပတ်သက်ပြီး မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေလည်ပိုင်းမှာ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးကို အထက (၁) ကျောင်းမှာ ခေါ်ယူ စစ်ဆေးကာ ကျေအေး စေခဲ့ကြောင်း တီးတိန်မြို့နေ ပြည်သူ တဦးထံမှ သိရှိရ ပါတယ်။ “မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဦးဆောင်ပြီး ဒီ အမှုကို လာရောက် ဖြေရှင်းသွားတယ်။ မြို့နယ် ရဲမှူးလည်း ပါတယ်။ အထက (၁)၊ အထက ခွဲ နှင့် အလက (၂) ကျောင်းကနေ ကျောင်း တာဝန်ရှိသူတွေ နှင့် ကျောင်း…

Read More

ကန်ပက်လက်မြို့နယ်မှာ လေကြောင်းရန်ကြောင့် တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရသူတွေ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရ

ဒီဇင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာဟာ ဒီဇင်ဘာလအတွင်းကို လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ကျေးရွာနေအရပ်သားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ အရေးပေါ်တိမ်းရှောင်နေရလို့ စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ဒီဇင်ဘာလ ၉ ရက်နေ့က လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခဲ့သလို လက်နက်ကြီးလည်း ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနေအိမ် ၁ လုံးမှာ လုံးလုံးနီးပါး ပျက်စီးခဲ့ပြီး တခြားနေအိမ် ၁၄ လုံးက တစ်စိတ်တပိုင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရတာကြောင့် ကျေးရွာနေ ဒေသခံအရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ အရေးပေါ်တိမ်းရှောင်နေကြရလို့ စားနပ်ရိက္ခာအခက်အခဲတွေလည်း ဖြစ်ပေါ်လျက်ရှိနေတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနရဲ့ ထုတ်ပြန်ချက်အရ…

Read More

ချင်းတမျိုးသားလုံးစည်းလုံးညီညွှတ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝ ရှိကြောင်း ချင်းပြည် (Chinland) ကောင်စီ ထုတ်ပြန်

ဒီဇင်ဘာလ ၁၀ ရက်။ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်ရန် နိုင်ငံရေး စိတ်ဆန္ဒ အပြည့်အဝ ရှိတယ်လို့ ချင်းပြည်(Chinland )ကောင်စီက ဒီဇင်ဘာလ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ပေါင်းစည်းညီညွှတ်ရေးအတွက် ကြိုးပမ်းပေးလျက်ရှိတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးပေါ်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှ သဘောထားကို ထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်းအတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေ ပိုမိုကျစ်လျစ်ခိုင်မာရေး နဲ့ ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီ တပ်ဖွဲ့ အားကောင်းခိုင်မာရေးအတွက် တပ်အင်အားတည်ဆောက်ရေးတွေကိုလည်း ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကိုလည်း…

Read More

မီဇိုရမ်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ ဝင်ခွင့်ရဖို့ ICA အဖွဲ့ချုပ်နဲ့မီဇိုရမ်တက္ကသိုလ် MoU လက်မှတ်ရေးထိုး

ဒီဇင်ဘာလ ၁၀ ရက်။ မြန်မာနိုင်ငံကျောင်းသားတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အိုက်ဇောလ်မြို့ကမီဇိုရမ်တက္ကသိုလ် ဝင်ခွင့်ရမယ့် နားလည်မှုစာချွန်လွှာ ( MoU) ကို မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာ ( MoU) ထဲမှာ မြန်မာစကာားပြော ဒီပလိုမာသင်တန်း မိတ်ဆက်ပို့ချတာ၊ မြန်မာနိုင်ငံကကျောင်းသူ၊ ကျောင်းသားတွေကို မီဇိုရမ်တက္ကသိုလ်မှာ ဝင်ခွင့်ရအောင်နှင့် တခြား သုတေသနဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနားလည်မှုစာချွန်လွှာ ( MoU) ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား…

Read More

AA ကဖမ်းဆီးထားတဲ့ ပလက်ဝမြို့နယ်က ကျောင်းသူ ၂ ဦးရဲ့ သတင်းဘာမှမသိရသေးလို့ မိသားစုတွေ စိုးရိမ်နေ

ဒီဇင်ဘာလ ၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ AA တပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသူ (၂) ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုထိဘာသတင်းအစအနမှ မသိရသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော် (AA) ဖမ်းဆီးခဲ့တဲ့ ကျောင်းသူ (၂) ဦးဟာ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ အထက်ငရှားကျေးရွာက အသက် ၁၇ နှစ်အရွယ် အွေ့နန်းဝေ နှင့် အထက်နူံးဘူးကျေးရွာက အသက် ၁၈ နှစ်အရွယ် အွေ့ဟွေ့ရီ တို့ဖြစ်တယ်လို့ သိရပါတယ်။ ဆွေမျိုးနီးစပ်သူတစ်ဦးက “သူတို့က အထက်တန်းဆက်တက်ဖို့ ရန်ကုန်ဘက်သွား ကြတာဖြစ်တယ်…

Read More

ရန်ကုန်မြို့မှာ အိမ်မှာ ရိုက်နှက်လုယက်ခံရတဲ့ ဓမ္မအမှုတော်ဆောင်ဆရာမ မှ ကျူးလွန်သူကို ကျေအေးပေး

ဒီဇင်ဘာလ ၉ ရက်။ ရန်ကုန်မြို့မှာ နေအိမ်မှာ တစ်ဦးတည်းနေစဉ် အိမ် အတွင်း ရိုက်နှက် လုယှက်ခံရတဲ့ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ၁ ဦး ဖြစ်တဲ့ ဆရာမ ညောင်ဒိတ်လျန်း (ခ) ညောင်နူးမှ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျူးလွန်သူ ဒေါ်မိငယ် (ခေါ်) နော်မေလွှမ်း အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) တရားရုံးမှာ အမှုကို ကျေအေး ပေးလိုက်ကြောင်း အမှုလိုက်ပေးသူ အထက်တန်း ရှေ့နေ ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူးထံမှ သိရှိရ ပါတယ်။ “အမှုက ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church မှာ ဖြစ်ခဲ့တာ ပါ။ တရားလို လုပ်ပေးတာက ဦးပေါင်ကိမ်းတွောင်…

Read More

ဖလမ်းမြို့နယ်ကစစ်ဘေးရှောင်တွေနဲ့ ကလေးမြို့ခံတွေ အတူတကွ မိတ်သဟာယဖွဲ့ပြီး ညစာစားပွဲပြုလုပ်

ဒီဇင်ဘာလ ၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ကလေးမြို့ကို စစ်ဘေးရှောင်လာရောက်နေထိုင်ကြတဲ့သူတွေနဲ့ ကလေးမြို့နေထိုင်သူတွေ အတူတကွ မိတ်သဟာယဖွဲ့ပြီး ညစာအတူစားတာတွေကို ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ပွဲမှာပါဝင်သူတစ်ဦးကပြောပါတယ်။ ပွဲမှာပါဝင်ခဲ့သူတစ်ဦးက “ မနှစ်ကစလို့ ဒီကို တောင်ပေါ်ဒေသ အဓိကတော့ ဖလမ်းဘက်ကနေ စစ်ဘေးရှောင်လာနေကြတဲ့ ညီအစ်အကိုမောင်နှမတွေနဲ့ မိတ်သဟာယ ဖွဲ့တဲ့သဘောဖြစ်တယ် ချင်းသီချင်းတွေ၊ ချင်းအကလေးတွေ ဖျော်ဖြေရေးအစီစဉ်နဲနဲလုပ်တယ် နောက်ပြီး ညစာအတူစားကြတယ် အဲလောက်ပါပဲ အဓိကတော့ အခြေအနေအမျိုးမျိုးကြောင့် စိတ်သောက ဖြစ်ကြပေမယ့် အတူတကွပျော်ပွဲလေး အကျဉ်းခြုံးနဲ့ ကျင်းပကြတဲ့ သဘောပေါ့” လို့ပြောပါတယ်။ ချင်းတောင်ဘက်ကနေ စစ်ဘေးရှောင်လာကြသူတွေနဲ့ ကလေးမြို့ခံတွေ အတူတကွ မိတ်သဟာယဖွဲ့ အခန်းအနားကို ဖလမ်းမြို့ပေါ်ကနေ စစ်ဘေးရှောင်လာကြသူတွေ ရွာတွေဘက်ကနေ…

Read More