Headlines

စစ်ကောင်စီတပ်ဖွဲ့၀င် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ မှ ဒု-တပ်ကြပ် တစ်ဦး လက်နက်နှင့်တကွ တမူးခရိုင် အမှတ်(၂)တပ်ရင်းထံသို့ အလင်းဝင်ရောက်ခဲ့

စက်တင်ဘာလ ၂၂ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စစ်ကောင်စီတပ်၊ ကသည်းတပ်၊ SNA တပ်တို့ဖြင့် အခိုင်အမာ တပ်စွဲထားသော ကျွန်းပင်သာရွာရှိ ခ.မ.ရ(၃၄၇)မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ မှ ဒု-တပ်ကြပ် သန့်ဇင်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ တမူးခရိုင် အမှတ်(၂)တပ်ရင်းထံ သြဂုတ်လ ၃ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကိုယ်ပိုင်အမှတ် ပစ/၁၀၄၅၉၇၊ စစ်ပညာသင်တန်း အပါတ်စဉ် ၁/၂၀၂၄ ဖြစ်တဲ့ သန့်ဇင်ဦးဟာ ၈ လပိုင်း၊ ၃ ရက်နေ့တွင် MA-11 (၁)လက်၊ ကျည်ဘောက် (၁)ခု၊ ၅.၅၆ ကျည်…

Read More

တစ်နိုင်ငံလုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက် အစား လေးပုံ တစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို ပြင်ဆင် ပြဋ္ဌာန်း

စက်တင်ဘာလ ၂၁ ရက်။ တစ်နိုင်ငံလုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက် အစား လေးပုံ တစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁) မှာ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့ အချက်ကို ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ်…

Read More

အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ဆန္ဒနဲ့ဆန့်ကျင်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ ( MEC) နဲ့ ဖက်ဒရယ်ယူနစ် အဖွဲ့အစည်း တို့က ပူးတွဲထုတ်ပြန်

စက်တင်ဘာလ ၂၁ ရက်။ အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း ( ASEAN) ရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သလို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ ( Multi Ethnic Councils – MEC) နဲ့ ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများက ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦး – CNF ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ၊ ကရင်အမျိုးသားအစည်းအရုံး – KNU ၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) ၊ တအောင်းပြည်ကောင်စီ – TLC…

Read More

ကလေးဝမြို့နယ်မှာ တော်လှန်ရေးအဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပျူအဖွဲ့ဝင် (၁) ဦး နဲ့လက်နက်ခဲယမ်းတချို့ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်

စက်တင်ဘာလ ၂၁ ရက်။ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးဘက်က ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) လက်အောက်ခံ အမှတ် – ၁ စစ်ဒေသ က စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီးရှိ အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်နဲ့ ကလေးခရိုင် အမှတ် (၅) တပ်ရင်းရဲ့ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင်…

Read More

ကလေးမြို့ပေါ်မှာ အင်တာနက် ၊ ဖုန်းလိုင်းတွေ ပြတ်တာ ၆ ရက်ရှိသွားပြီဖြစ်ပြီး ဒေသခံတချို့ အချိန်အကန့်သတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း အသုံးပြုနေရ

စက်တင်ဘာလ ၁၉ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ၆ ရက်တာ ရှိသွားပြီဖြစ်ပြီး ဒေသခံတချို့အနေနဲ့ အင်တာနက်လိုင်း ကို အချိန်အကန့်သတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း သုံးနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ကျနော်တို့ နယ်ဘက်မှာက စတားလင့်ရတော့ ကိစ္စမရှိဘူး မြို့ထဲမှာက အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်ထားတာ ၆ ရက်ရှိပြီ အော်ရီဒူးကတော့ ပေါ်လိုက် ပျောက်လိုက်မကောင်းဘူး ၊ Mytel fiber တွေတော့ရတယ် လက်ဖက်ရည်ဆိုင်၊ ငွေလွှဲငွေထုတ်ဆိုင်တွေမှာတော့ သုံးကြတယ် တချို့ဆိုင်လဲ စတားလင့်ရတယ်လို့ ကြားတယ် ဒါပေမယ့် သေချာတော့ မသိဘူး။ မြို့ထဲမှာ တချို့လဲ တနာရီဘယ်လောက်နဲ့ သွားသုံးကြတယ် အင်တာနက်လိုင်းရတဲ့…

Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရတဲ့ တိုင်းရင်းသားလူငယ် ၁၄ ဦးလက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်

စက်တင်ဘာလ ၁၇ ရက်။ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး ဒရုန်းတပ်ဖွဲ့ (Wing of Kalay) ထံ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း စစ်ကောင်စီရဲ့ အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ တိုင်းရင်းသားလူငယ်လူရွယ် ၁၄ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး Drone တပ်ဖွဲ့ (Wing of Kalay) ထံဝင်ရောက်လာတဲ့ တိုင်းရင်းသား လူငယ်လူရွယ်တွေက ၎င်းတို့ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းများဖြစ်သည့် MA-3 အမျိုးအစားလက်နက်ငယ် (၅) လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ( ၂ ) လက်၊ လက်ပစ်ဗုံးသီး (၉) လုံး၊ ၆၀ မမ လက်နက်ကြီးကျည် (၄)…

Read More

တမူးမြို့နယ်မှာ ၄ နှစ်ကျော်အတွင်း စစ်တပ်ကြောင့် အရပ်သား ၁၆၁ ဦးသေဆုံးပြီလို့ သိရ

စက်တင်ဘာလ ၁၅ ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ကြောင့် ဒေသခံ ၁၆၁ ဦး သေဆုံးခဲ့တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) က စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) ရဲ့ အစီရင်ခံစာ စာတမ်းကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး ၄ လတစ်ကြိမ် ပုံမှန်ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ဒုတိယအကြိမ် ၄ လတာ ကို ပြန်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ ၎င်းတို့လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များ၏ မတရားသတ်ဖြတ်မှုများအပြင် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူစုစုပေါင်း ၁၆၁…

Read More

ကလေးမြို့ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ လူငယ်ရှိတဲ့အိမ်တွေကို ညအချိန်တွေမှာ အိမ်ပေါ်ထိတက်ဖမ်းနေ

စက်တင်ဘာလ ၁၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကရပ်ကွက်တချို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက လူငယ်ရှိတဲ့အိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေလုပ်နေတဲ့အကြောင်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မင်္ဂလာဥယျာဉ်ရပ်ကွက်ထဲမှာ ပျူတွေရှိတဲ့နားပေါ့ ပျူတွေကလည်းသိတယ် အဲဒီအိမ်မှာ ကလေး ၄ ၊ ၅ ယောက်ရှိတဲ့ အဖေကိုလည်း ဆွဲသွားတာ အခုထိပြန်လွတ်လာတာမျိုးတော့ မကြားသေးဘူး နောက်ပြီး စုပေါင်းရုံးမှာ ထောက်ခံစာသွားယူခဲ့တဲ့သူကတွေ့ခဲ့တယ် စစ်မှုထမ်းဆွဲထားလူတွေအများကြီးဘဲလို့ပြောတယ် အမြဲလိုလိုဆွဲနေတာဘဲ သူတို့ရင်းနှီးနေတဲ့ရပ်ကွက်တွေ သိနေတဲ့ နေရာတွေမှာရှိတဲ့သူတွေကိုဆိုရင် တခါမဟုတ် ၊ နှစ်ခါမဟုတ် အိမ်တွေမှာ လာလာဆွဲတယ်လို့ ကြားရတယ် တခြားရပ်ကွက်တွေတော့ သေချာမသိဘူးပေါ့နော်” လို့ပြောပါတယ်။ ကလေးမြို့ထဲက မဂလာဥယာဉ်ရပ်ကွက်နဲ့ အောင်သစ္စာရပ်တွေမှာ ညတိုင်းလိုလို လူငယ်ရှိတဲ့ အိမ်တွေကို တက်ပြီးဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ်လကနေ…

Read More

ကလေး-တမူး ကားလမ်းမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်က ကသည်းသူပုန်အပါ (၇) ဦးကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်

စက်တင်ဘာလ ၁၁ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး ကားလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နန်းစောင်းပုရွာသစ်ကို စက်တင်ဘာလ ၂ ရက်နေ့က ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဘက်ကနေ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေလည်း ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၇) ဦးထဲမှာလည်း ကသည်းသူပုန်တွေပါဝင်သလို အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် – ၁ စစ်ဒေသက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က စစ်ကော်မရှင်တပ်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး…

Read More

ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ

စက်တင်ဘာလ ၉ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်က ကြံသာရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်၊ ပျူစောထီး အင်အား ၂၀၀ လောက်နဲ့ စက်တင်ဘာလ ၅ ရက်နေ့က ဒီကနေ့ချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက “ တိုက်ပွဲဖြစ်တာက သြဂုတ်လကတည်းက စဖြစ်တယ်ဆိုပေမယ့် အဲလောက်ကြီးမဟုတ်ဘူး ထိုးစစ်ဆင်တာမျိုးမဟုတ်ဘူးပေါ့ နားလိုက်တိုက်လိုက်နဲ့ပေါ့ ဒီလစက်တင်ဘာလ ၅ ရက်နေ့ကစလို့ က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပြောတယ် ၂ဖက်တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ သိရတယ်” လို့ပြောပါတယ်။ ကလေး – ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ…

Read More