ချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေနဲ့ NUG ယာယီသမ္မတ ၊ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့တွေ့ဆုံ

ဩဂုတ်လ ၈ ရက်။ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့(CB)ခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO/KIA ) ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီ က သူ့ဖေ့ဘုတ်မှာ ဒီကနေ့ဩဂုတ်လ ၈ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ လိုင်ဇာ ခရီးစဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ၂၀၂၁ ခုနှစ်ကစလို့ လက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုဖြစ်ပြီး သင်ယူစရာတွေ လေ့လာစရာတွေအများကြီး တွေ့ခဲ့ရတဲ့အကြောင်းနဲ့ ဒီခရီးစဉ်ဟာ ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ခရီးစဉ်မဟုတ်သလို ဒီထက်စည်းလုံးကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေ ရခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။…

Read More

အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်မှု နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်

ဩဂုတ်လ ၇ ရက်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ကာလုံအစည်းအဝေးကျင်းပကာ တိုင်းပြည်ကိုအရေးပေါ်အခြေအနေသတ်မှတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပြောင်းပေးခဲ့သူ၊ စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အတွက် ဩဂုတ် ၇ ရက်ကနေ ၉ ရက်အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကာလအဖြစ် ကြေညာထားကာ၊ဝမ်းနည်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံကို တိုင်ဝက်လျှော့ချပြီး လွှင့်ထူသွားကြဖို့ ညွှန်ကြားထားတယ်လို့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေ အသက် ၇၄ နှစ် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဟာ ဒီကနေ့ဩဂုတ်လ ၇ ရက်နံနက် ၈နာရီ ၂၈ မိနစ်မှာ နေပြည်တော်အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)မှာ ကွယ်လွန်သွားကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။…

Read More

ကလေးမြို့နဲ့ အနီးဝန်းကျင်တွေမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ အိမ်စီးကားတွေနဲ့ပတ်ပြီး ဆက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

ဩဂုတ်လ ၄ ရက်။ ယခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းနဲ့ အနီးအနားဝန်းကျင်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပတ်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဆက်ဖမ်းဆီးနေတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “မြို့ထဲအခါတိုင်းက 4 # 4 ကားနဲ့ အမြဲတမ်းဖမ်းဖမ်းသွားတာတွေ့တယ် အခုနောက်ပိုင်း သိပ်မတွေ့ရဘူး သူတို့လူသိပ်မရဘူးနဲ့တူတယ် သူတို့က အမြဲလိုလိုလိုက်ဖမ်းတယ် ဟိုတနေ့ကလည်း အာင်သစ္စာနဲ့ အောင်ဇေယျကြားထဲမှာဖမ်းတယ် ညမှာ နောက်ပြီး ချမ်းမြေ့အောင်စည်ထဲက ၂ ယောက် ဆိုရင် ဖမ်းသွားတာ လိုက်ရွေးတာ ရွေးလို့ရခဲ့တယ် ၁ ယောက်က သိန်း ၆၀ ၊ နောက်တစ်ယောက်က ၆၅ သိန်း အဲလိုတွေ ပေးပြီး ရွေးကြတယ်ပြောတယ် ဖမ်းတာက အမြဲလိုလိုဖမ်းနေတာပဲ ကိုယ်သိတာလည်းရှိတယ် မသိတာလည်းရှိတယ် အရင်လောက်ကြီး…

Read More

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ပြီး ရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးပေးဖို့ အာဆီယံကို တောင်းဆို

သြဂုတ်လ ၃ ရက်။ လူထုယုံကြည်ထောက်ခံသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ခြင်းနှင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြဋ္ဌာန်းလာခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း၊ စစ်တပ်၏နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတု အယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒီက နေ့ သြဂုတ်လ ၃ ရက်မှာ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တန်စရီအော့သ်မန်ဟာရှင်ကို အကြောင်းပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပမည့် မြန်မာနိုင်ငံ ဆိုင်ရာ သက်ဆိုင်သူများအားလုံးပါဝင်သည့်အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM)…

Read More

နိုင်ငံသားများရဲ့ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခု ကိုရပ်ဆိုင်းထားတဲ့ ဥပဒေ ပြဋ္ဌာန်း

ဩဂုတ်လ ၂ ရက်။ ၂၀၂၅ ခုနှစ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းဖို့ ပြင်ဆင်တဲ့ ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရအာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ဩဂုတ် ၁ ရက်မှာပြဋ္ဌာန်းလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၂ ကို ကိုးကားပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ကာလုံက ပြင်ဆင်တဲ့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ…

Read More

ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၆ ဦး ဒီကနေ့မနက်မှာ ပြန်လွတ်လာတယ်လို့သိရ

ဩဂုတ်လ ၁ ရက်။ နိုင်ငံရေးအမှုနဲ့ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ ပါးဝကျေးရွာက ဒေသခံ အမျိုးသား ၁၉ ဦးထဲကနေ အမျိုးသား ၁၆ ဦးတို့ဟာ ဒီကနေ့ မနက်ပိုင်း သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “သူတို့ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်လာပြီ လွတ်ရက်စေ့လို့ ပြန်လွတ်ပေးတာပေါ့ ၁၉ ဦးမှာ ၁၆ ဦးက ၄ နှစ်စီထောင်ချခံရသူတွေပေါ့ ကျန်တဲ့ ၃ ဦးက ၇ နှစ်စီအမှုချမှတ်ထားတော့ မလွတ်သေးဘူး အခုလွတ်လာတဲ့ ၁၆ ဦးက ပုသိမ်ကနေ ရန်ကုန်ပြန်နေကြပြီ အားလုံးကျန်းကျန်းမာမာပဲလို့ သိရတယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊…

Read More

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကိုဖွဲ့စည်း

ဇူလိုင်လ ၃၁ ရက်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် ယာယီသမ္မတဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁ ရက်က အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အားပယ်ဖျက်ကြောင်း ဒီနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာဆုံးဖြတ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ ဥက္ကဌအဖြစ်…

Read More

ရွေးကောက်ပွဲပြစ်မှု ကျူးလွန်ရာမှာ လူသေဆုံးလျှင် သေဒဏ်ချမှတ်နိုင်တဲ့အချက်အပါအဝင် အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေမှာ ပြဋ္ဌာန်း

ဇူလိုင်လ ၃၀ ရက်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူသေဆုံးမှု ဖြစ်ရင် သေဒဏ် ချမှတ် နိုင်တဲ့ ပြဋ္ဌာန်းချက်ပါဝင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ကို မနေ့ ဇူလိုင် ၂၉ ရက်စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။ အခု ပြဋ္ဌာန်းတဲ့ ဥပဒေကတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တာကို တားဆီးနှောင့်ယှက်ခြင်းက ကာကွယ်ဖို့ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားခြင်းက ကာကွယ်ဖို့ လွတ်လပ်စွာ ဆန္ဒ မဲပေးရေးကို နှောင့်ယှက်တားဆီးခြင်းက ကာကွယ်ဖို့ နဲ့ မဲရုံ နဲ့ မဲရုံတာဝန်ကျသူတွေ လုံခြုံမှု အပြည့် အဝ နဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့…

Read More

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး ၁၃ ဦးကို လိုင်လူမှုကူညီရေးအသင်းမှ ရန်ကုန်လေဆိပ်မှာ သွားရောက်ကူညီခဲ့

ဇူလိုင်လ ၂၅ ရက်။ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများကိုဖမ်းဆီးထိန်းသိမ်းပြီး နေရပ်မြန်မာနိုင်ငံကို ပြန်ပို့ခံရသူများအနက် ချင်းလူမျိုး ၁၃ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇူလိုင်လ (၂၄) ရက်နေ့က လိုင်လူမှုကူညီရေး-ရန်ကုန်အသင်းက သွားကြိုခဲ့ကာ လိုအပ်တာများဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ ဟားခါးနဲ့ထန်တလန်မြို့နယ်မှချင်းမျိုးနွယ်စုများနဲ့ဖွဲ့စည်းထားတဲ့ လိုင်လူမှုကူညီရေးအသင်း-ရန်ကုန် ရဲ့ ဥက္ကဌ (၃) ဖြစ်သူ Pu Lian Iap က “ ကျနော်တို့ကို မလေးရှားဖက်က သက်ဆိုင်ရာအဖွဲ့နဲ့မိသားစုဝင်တွေ အကြောင်းကြားတာဖြစ်လို့ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်လာနိုင်ဖို့အတွက် သွားရောက်ကူညီခဲ့ပါတယ်။ ပြန်အပို့ခံရတဲ့သူ ၉၀ လောက်ရှိတယ်လို့သိရပြီး ကျနော်တို့စာရင်းရထားတဲ့ ချင်းလူမျိုး ၁၃ ဦးဟာ လေဆိပ်ကနေ ဘေးကင်းစွာထွက်လာနိုင်ပါတယ်၊ကျနော်တို့ဆီစာရင်းရောက်ပြီး ပြန်ရောက်လာတဲ့ ချင်းလူမျိုး ၁၃ ဦးစလုံး သူတို့ရဲ့ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေတွေဆီအဆင်ပြေပြေပြန်ရောက်ပါပြီ” လို့ Chin World…

Read More

ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထား

ဇူလိုင်လ ၂၂ ရက်။ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထားကြောင်း ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ပြောင်းရွေ့ခန့်ထားခြင်း နှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ခန့်ထားခြင်း မြန်မာနိုင်ငံပြန်တမ်း အဖြစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နိုင်ငံပိုင် သတင်းစာများတွင် ဇူလိုင် ၂၂ ရက်နေ့မှာဖော်ပြထားပါတယ်။ သံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်း ကို ဒုဗိုလ်မှူးကြီး ဇမ်းခန့်ထန် နှင့် ဒေါ် ဟောက်ခန့်ညောင် တို့မှ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဦးဟောက်ခန့်ဆုမ်းဟာ နေပြည်တော်ရှိ နိင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဆိုင်ရာဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အနေဖြစ်လည်းကောင်း၊ ထိုင်းနိင်ငံရှိ မြန်မာနိင်ငံသံရုံးတွင် ညွှန်ကြားရေးမှူး အနေဖြစ် ၂၀၁၇ ထိလည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ…

Read More