Headlines

ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံခဲ့ရ

ဒီဇင်ဘာလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူငယ် အယောက် ၁၀ ယောက်ထက်မနည်းကို လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်တာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မနေ့ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ စစ်မှုထမ်းအတွက် ၁၀ ယောက်ထက်မနည်း ဆွဲခံရတယ် တာဟန်း ဘက်မှာ ၃ ယောက်၊ ဆိပ်ကမ်းသာ ဘက်မှာ ၄ ယောက် ၊ ရွှေကျောင်းတော်ဘက်မှာ ၃ ယောက် လမ်းမှာပဲ ဆွဲသွားတာ” လို့ ပြောပါတယ်။ ကလေးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းအတွက် လူငယ်ရှိတဲ့ နေအိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေကို အရင်က လုပ်ခဲ့ပြီး စစ်မှုထမ်းအတွက်…

Read More

ရခိုင်ပြည်နယ် ‌မြောက်ဦးပြည်သူ့ဆေးရုံကြီးလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ CDF – Asho က တစ်မိနစ်ငြိမ်သက်ခြင်းပြုလုပ်

ဒီဇင်ဘာလ ၁၂ ရက်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၉)နာရီ ၁၃ မိနစ်ချိန်တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး( ၂ ) လုံးဖြင့်ကြဲချ တိုက်ခိုက်ခဲ့လို့ ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းကို ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်မှာစစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho ) က ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ချင်းကာကွယ်ရေးတပ်…

Read More

ရန်ကုန်မြို့မှာ အိမ်မှာ ရိုက်နှက်လုယက်ခံရတဲ့ ဓမ္မအမှုတော်ဆောင်ဆရာမ မှ ကျူးလွန်သူကို ကျေအေးပေး

ဒီဇင်ဘာလ ၉ ရက်။ ရန်ကုန်မြို့မှာ နေအိမ်မှာ တစ်ဦးတည်းနေစဉ် အိမ် အတွင်း ရိုက်နှက် လုယှက်ခံရတဲ့ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ၁ ဦး ဖြစ်တဲ့ ဆရာမ ညောင်ဒိတ်လျန်း (ခ) ညောင်နူးမှ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျူးလွန်သူ ဒေါ်မိငယ် (ခေါ်) နော်မေလွှမ်း အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) တရားရုံးမှာ အမှုကို ကျေအေး ပေးလိုက်ကြောင်း အမှုလိုက်ပေးသူ အထက်တန်း ရှေ့နေ ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူးထံမှ သိရှိရ ပါတယ်။ “အမှုက ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church မှာ ဖြစ်ခဲ့တာ ပါ။ တရားလို လုပ်ပေးတာက ဦးပေါင်ကိမ်းတွောင်…

Read More

ရန်ကုန်မြို့မှာ ချင်းလူငယ် ဓမ္မအမှုတော်ဆောင်ဆရာ ၁ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၈ ရက်။ ရန်ကုန်မြို့မှာ တပတ်ကျော်ကြာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ Pau Muan Lian ဟာ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ မိသားစုနဲ့ အဆက်အသွယ် ရရှိပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်ရန် စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ မိသားစုဝင်များရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။ “သားက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မြို့ထဲကနေ တောင်ဒဂုံကို ပြန်လာခဲ့တယ်။ ပန်းဆိုးတန်းကနေ ကားပေါ် ရောက်ပြီ လို့ ကျွန်ုပ်ကို ဖုန်းပြောလိုက်တယ်။ အဲဒီ နောက်ပိုင်း…

Read More

NUG အစိုးရအဖွဲ့သစ်ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ CRPH ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ ဝန်ကြီးဌာန စုစုပေါင်း ၄ ခုမပါဝင်တော့ဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အဖွဲ့ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ NUG ကနေ နုတ်ထွက်သွားပြီဖြစ်တဲ့ ဒေါက်တာဆာဆာ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန စုစုပေါင်း ဌာန ၄ ခု မပါဝင်တော့တာတွေ့ရပါတယ်။ NUG အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် တို့ကအရင်တိုင်းဖြစ်သလို ယာယီသမ္မတ အနေဖြင့် ဒူဝါလရှီးလ…

Read More

ကလေးမြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ စစ်ကော်မရှင်ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်ဘက်ပိုင်း ချင်းလူမျိုးအများစုနေထိုင်တဲ့ ရပ်ကွက် (၇) ရပ်ကွက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၅ ရက်နေ့ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့မှာ တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက် နဲ့ မြို့လှရပ်ကွက်တွေမှာ ရွးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့်လို့ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်ဘက်က အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပိုင်း…

Read More

မီဇိုရမ်ပြည်နယ်ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေကို ရက်ကန်းသင်တန်းပေးပြီး အလုပ်အကိုင် ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်

ဒီဇင်ဘာလ ၂ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်မြို့ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ နှင့် စစ်ဘေးရှောင်တွေကိုရက်ကန်း သင်တန်းပေးပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်တဲ့ သူတွေကို အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်၊ ပေါင်းစည်းလမ်း သက်မွေးသင်တန်းဌာနက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေထဲက ၈ ဦးဟာ ခြောက်ပတ်ကြာ လေ့လာသင်ယူခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သင်တန်းသားအားလုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းဆင်းပွဲမှာ တစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း အောင်လက်မှတ်တွေပေးအပ်ခဲ့ပြီး အထွေထွေထောက်ပံ့ငွေတွေကိုလည်း…

Read More

NUG မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူလူထုအသံကို ကမ္ဘာကသိအောင် ချဲ့ထွင်လုပ်ဆောင်မယ်လို့ ဒေါက်တာဆာဆာပြော

ဒီဇင်ဘာလ ၂ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အဖွဲ့မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူတွေ အားလုံးရဲ့ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ၊ သြဂုတ်လအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းတော့မှာဖြစ်တဲ့အကြောင်း ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) ဥက္ကဌတို့က သူ့ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကနေ နုတ်ထွက်တာနဲ့ ပက်သက်လို့ ဒေါက်တာဆာဆာက ရှင်းပြထားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့…

Read More

ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

ဒီဇင်ဘာလ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့အထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး…

Read More

ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာ

နိုဝင်ဘာလ ၂၇ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်မနက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ အတိအကျ သိရတာက အမျိုးသားမပါဘူး နိုင်ငံရေးအကျဉ်းသူ မိန်းကလေး ၅ ယောက်လောက်ဘဲ လွတ်လာတယ်လို့ ပြောတယ် ၅၀၅ ပုဒ်မနဲ့ ၅ ယောက်ဘဲ လွတ်တာပေါ့ မော်လိုက်ကလေးထောင်မှာ နိုင်ကျဉ်းက ၅၀၀ ကျော်မှာပေါ့ အမျိုးသားက ၄၀၀ကျော် အမျိုးသမီးက ၁ ရာကျော်လောက်ရှိတာပေါ့ အခုနောက်ပိုင်းမှာ ၅၀၅ ပုဒ်မနဲ့ သီးသန့် အမိန့်ချဖမ်းတာ…

Read More