ကလေးဝမြို့နယ်မှာ တော်လှန်ရေးအဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပျူအဖွဲ့ဝင် (၁) ဦး နဲ့လက်နက်ခဲယမ်းတချို့ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်
စက်တင်ဘာလ ၂၁ ရက်။ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးဘက်က ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) လက်အောက်ခံ အမှတ် – ၁ စစ်ဒေသ က စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီးရှိ အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်နဲ့ ကလေးခရိုင် အမှတ် (၅) တပ်ရင်းရဲ့ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင်…

