အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိ
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလ အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိခဲ့ကြောင်း သုတေသနလုပ်ငန်းများဆောင်ရွက်နေတဲ့ Data for Myanmar က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူများမှာ Facebook ပေါ်မှာ ရေးသားမျှဝေခြင်း၊ Tik Tok, Telegram နှင့် Viber မှာ ဝေဖန်ရေးသားခြင်းနှင့် စစ်ဆေးရေးဂိတ်များမှာ ရှောင်တခင် ဖုန်းများစစ်ဆေးခြင်းကြောင့် ဖမ်းဆီးအရေးယူခံရခြင်းများဖြစ်ကြောင်း၊ အမျိုးသား ၁၀၇၈ ဦး၊ အမျိုးသမီး ၆၁၃ ဦး ဖမ်းဆီးခံထားရပြီး၊ဖမ်းဆီးခံရသူများထဲမှာ ရန်ကုန်နှင့်မန္တလေးမြို့တွင် နေထိုင်သူများမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်ကြောင်း အများဆုံးဖြစ်ကြောင်း Data…

