Headlines

ချင်းညီနောင်အဖွဲ့နဲ့ BPLAအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုပိုင်းအတွက် ဆွေးနွေးနေတဲ့ကာလဖြစ်တယ်လို့ ချင်းညီနောင်ကပြော

ဇန်နဝါရီလ ၃၀ ရက်။ ချင်းလက််နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အကြား နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ အချိန်ကာလဖြစ်တယ််လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “BPLA နဲ့ ချင်းညီနောင်အကြား ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပါတယ် အခုချိန်မှာတော့ အပြန်အလှန် မဟာမိတ်တည်ဆောက်နေတဲ့ ချိန်ကာလပေါ့လေ နောက်ပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ကာလလို့လည်းပြောလို့ရပါတယ် နောက်ပိုင်းကျလို့ရှိရင် ကျနော်တို့ စကစ ကင်းစင်ဖို့ရန်အတွက် BPLA နဲ့ သော်လည်းကောင်း တခြားမဟာမိတ်အဖွဲ့တွေနဲ့သော်လည်းကောင်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေ ကျနော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။ သူကဆက်ပြီး “ကျနော်တို့ ချင်းညီနောင်ကတော့ အဓိကအားဖြင့် ကျနော်တို့ အိမ်နီးနားချင်းကောင်းကို…

Read More

အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းကောက်ခံတာတွေ မလုပ်သေးဘူးလို့ စစ်ကောင်စီထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်။ ပြည်သူ့စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှု တွေရှိနေတယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သတင်းပြန့်နေသလို အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှုလုပ်နေတယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံဝါဒဖြန့် လှုံ့ဆော်ခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးစာရင်းတွေ စတင်ကောက်ယူတာတွေ မှန်ကန်ကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ဖို့အတွက်တော့ ညွှန်ကြားချက်မရှိသေးဘူးလို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က BBC မေးမြန်းမှုမှာ ပြောခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က “လက်ရှိအမျိုးသမီးစစ်မှုထမ်းဖို့ ဆင့်ခေါ်ဖို့ကို သီးခြားမရှိသေးပါဘူး အချိန်ကာလအရ ဘယ်အချိန်စခေါ်မယ်ဆိုတာမရှိသေးဘူး မြေပြင်မှာတော့ အကျုံးဝင်အင်အားကို ကောက်ကြတာပေါ့ အမျိုးသား၊ အမျိုးသမီးပေါ့နော် အကျုံးဝင်အင်အားကောက်တယ် ဆိုတာတော့ ပုံမှန်…

Read More

အမ်း – ပဒါန်းလမ်းရှိ စစ်ကောင်စီ စစ်ကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရာစစ်သုံ့ပန်း ၁၇ ဦးနဲ့လက်နက်များဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

ဇန်နဝါရီလ ၂၇ ရက်။ ရခိုင် – မကွေးနယ်စပ်ရှိ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းမှ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးပိတ်ဆို့တိုက်ခိုက်ရာမှ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်နေ့အထိ ၈ ရက်တာအတွင်း စစ်ကောင်စီတပ်သား (၁၇) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ CDF-Asho ဟာ ရခိုင်-မကွေးနယ်စပ်မှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင် – မကွေးနယ်စပ်နားရှိ စစ်ကောင်စီစခန်းများနဲ့စစ်ကောင်စီတပ်စစ်အင်အားဖြည့်တင်းမှုများကို CDF-Asho နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်းသိရပါတယ်။

Read More

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့သိရ

ဇန်န၀ါရီလ ၂၄ ရက်။ မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့ပြဌာန်းထားကြောင်း သိရပါတယ်။ စစ် ကောင်စီက ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံ တွေကို ထွက်ခွာခွင့် မရှိစေရ ဆိုပြီး ပြဌာန်း ထားတာဖြစ်ပါတယ်။ ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့…

Read More

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု ICC က စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ကထုတ်ပြန်

ဇန်န၀ါရီလ ၂၃ ရက်။ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု နိုင်ငံတကာရာဇဝတ်ခုံရုံး( ICC )က စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို အာရက္ခတပ်‌တော် ( AA) ယူနီဖောင်းဝတ်ဆင်ထားသူ တချို့ဟာ စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်ပြီး ၎င်းတို့ရဲ့ လည်ပင်းကို လှီးဖြတ်ခဲ့ခြင်းတို့ ပါဝင်ပါတယ်။ Fortify Rights မှ ထို ဗီဒီယို မှတ်တမ်းနှစ်ခုအား စိစစ်လေ့လာရာ ၎င်းတို့သည် စစ်မှန်မှုရှိနေကြောင်း…

Read More

၂ နှစ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Asho ပြောရေးဆိုခွင့်ရှိသူကဆို

ဇန်နဝါရီလ ၂၂ ရက်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်လာတဲ့ ၂ နှစ်တာအတွင်း စစ်ကောင်စီဘက်က ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ CDF – Asho တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၂၅ ကျော်ဖြစ်ခဲ့တယ် အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၀၀ ကျော်သေဆုံးတယ်၊ စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့်ဖမ်းဆီးရမိတယ်၊ CDF – Asho ဘက်က ၁ ယောက်ကျတယ်၊ ၁ ဦးဒဏ်ရာရတယ်။ရခိုင်နဲ့ မကွေးနယ်စပ်မှာ စစ်ရေးလှုပ်ရှားရတာ ဆက်သွယ်ရေးပိုင်းမှာတော့ အခက်အခဲရှိတယ် ဒါကြောင့် အခုဆက်သွယ်ရေးစက်တွေဝယ်ဖို့ ကမ်ပိန်းလုပ်ထားပါတယ်၊ အာရက္ခတပ်တော် (AA) နဲ့လည်း…

Read More

ရခိုင်ပြည်၊မောင်တောမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မြိုအမျိုးသား ၉၀ ကျော် စစ်မှုထမ်းဖို့ AA ဖမ်းဆီး

ဇန်နဝါရီလ ၂၀ ရက်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုကျေးရွာ ၁၀ ရွာခန့်က အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုတိုင်းရင်းသား အမျိုးသား ၉၁ ဦးကို AA က စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ညကစပြီး အခုအချိန်အထိအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အိမ်ထောင်ဦးစီးတွေ၊ မိဘလုပ်ကျွေးသူတွေ၊ ကျောင်းသားတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေလည်းပါဝင်ပြီး ၎င်းတို့ဟာ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ်မှ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။ “ညဘက် လူအိမ်မော့ကျတဲ့အချိန် AA ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ တစ်အိမ်တက်ဆင်း လာဖမ်းဆီးသွားတာပါ။ တချို့တွေဆို တစ်အိမ်မှာနှစ်ယောက်ပါသွားတဲ့သူတွေလည်းရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေရော့၊ အသက်ကြီးပိုင်းတွေရော့ပါ အကုန်ခေါ်သွားတာ။ အခုအဆက်သွယ်လည်း…

Read More

၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကိုလက်နက်နဲ့တကွ အရှင်ဖမ်းဆီးရမိကြောင်း CDF-Asho က ထုတ်ပြန်

ဇန်န၀ါရီလ ၁၆ ရက်။ ၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ငယ် (၁၅) လက်၊ စိန်ပြောင်း (၁) လက်တို့အပြင် ခဲယမ်းနဲ့ စစ်သုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) က ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရို်းရွာအနီးမှာ တားဆီးပိတ်ဆို့စဉ် အသာတကြည် လက်နက် မချလို့ ပစ်ခတ်ဖမ်းဆီးခဲ့ကာ ၂ ဦးဟာ အပြင်းအထန် ဒဏ်ရာရပြီး အချိန်မှီဆေးကုသမှုပေးခဲ့သော်လည်း ကုသစဉ်အတွင်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း…

Read More

မြန်မာ – အိန္ဒိယနယ်စပ်ကို မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းချနေသူတွေကို မန္တလေးမြို့မှာ ဖမ်းဆီးရမိတယ်လို့ သိရ

ဇန်နဝါရီလ ၁၆ ရက်။ အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းချနေ တဲ့သူတွေကို မန္တလေးမြို့မှာ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးတင်ပို့ရောင်းဝယ်နေတဲ့သူတွေကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်၊ မဟာမြို့ (၂)ရပ်ကွပ်၊ ၄၁ (A) လမ်း၊ ၆၁ – ၆၂ လမ်းကြားမှာ စောဖြိုးအောင်၊လင်းလင်း အောင်၊ လှိုင်ဖြိုး (ခ) ကိုထွေးနဲ့ အောင်မျိုးသိန်း (ခ) တာတီးတို့ ၄ ဦးကို Toyota CROWN မော်တင်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၅…

Read More

အရပ်သား (၄၀) ဦး သေဆုံးခဲ့တဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ဗုံးကြဲခံရမှု ပြတ်ပြတ်သားသားရှုတ်ချကြောင်း CHRO ထုတ်ပြန်

ဇန်နဝါရီလ ၁၀ ရက်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄၀) သေဆုံးခဲ့ပြီး (၂၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိမှုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO ) ကထုတ်ပြန်ပါတယ်။ အရပ်သား (၄၀) ဦးအထိသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရရစေတဲ့ တိုက်ခိုက်မှုဟာ စစ်နဲ့အရပ်သားများကို မခွဲခြားတော့ပဲ စစ်အာဏာရှင်ရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများရဲ့ နောက်ထပ်ထင်ရှားတဲ့အရာဖြစ်ကြောင်း၊ သေဆုံးသွားသူများနဲ့အတူ အလေးနက်ဆုံးထပ်တူဝမ်းနည်းရပြီး ဤရက်စက်မှုဒဏ်ခံရသူအားနှင့်အတူ အပြည့်အ၀ စည်းလုံးညီညွတ်စွာရပ်တည်တယ်လို့ ထုတ်ပြန်ပါတယ်။ “ ဒီတိုက်ခိုက်မှုဟာ အရပ်သားမှန်းမခွဲခြားတော့ပဲ အကြမ်းဖက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေရဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်ပြီး၊…

Read More