Headlines

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှုဟာ အလွယ်တကူမေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူများကို ထိုက်သင့်စွာအရေးယူပေးဖို့ ကာဒီနယ်ချားလ်စ်ဘို တိုက်တွန်း

ဖေဖော်ဝါရီလ ၁၆ ရက်။ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ကိုဓားဖြင့်ခုတ်သတ်မှုဟာ အလွယ်တကူ မေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူတို့အား ထိုက်သင့်တဲ့ အရေးယူခြင်းနဲ့ တရားမျှတမှုဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ ကာဒီနယ် ချားလ်စ်ဘို ကတိုက်တွန်းကြောင်း မနေ့ဖေဖော်ဝါရီလ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Father Donald Martin ရဲနိုင်ဝင်းဟာသက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ တာဝန်ကျသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ လက်နက်ကိုင်တစ်စုက ဓားနဲ့ ခုတ်ဖြတ်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးဟာ ဘုရားကျောင်းအတွင်းမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ကုတ်နဲ့ ရင်ဘတ်တွေမှာ မသေမချင်းခုတ်ဖြတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့သိရပါတယ်။ ဘုန်းတော်ကြီးကိုသတ်ဖြတ်သူများဟာ…

Read More

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ CNF သဝဏ်လွှာပေးပို့

နိုင်ငံရေးအခွင့်အရေးပိတ်ပင်တားဆီးမှုမျိုးစုံကြားက ပင်လုံစာချုပ်မှ ဖြစ်တည်လာခဲ့တဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် အာဏာရှင်မှန်သမျှကို ဆန့်ကျင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ် ေရးအစိုးရ( NUG)ရဲ့ (၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF)က သဝဏ်လွှာပေးပို့ပါတယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ချင်း၊ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေဟာ မည်သည့်အခါကမျှ ပြည်ထောင်စုမှ မခွဲထွက်ပဲစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ၊ ၁၉၉၀ ခုနှစ် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၂၂ ခုနှစ် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ် မဲသရောထာသဘောတူညီချက်၊ ၁၉၉၈ ခုနှစ် သူးမွဲကလိုးသဘောတူညီချက်နဲ့ ၂၁ ရာစု…

Read More

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ အားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ကြေညာ

ဖေဖော်ဝါရီလ ၁၂ ရက်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သက်ရောက်မှုရှိသောအုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေအားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီ ၉ ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာထုတ်ပြန်ကြေညာပါတယ်။ CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီ ကြေညာခြင်းလို့သိရပါတယ်။ တော်လှန်ရေးကာလမှ စတင်၍ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြန်အားကောင်းစေမည့်…

Read More

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှ နေရပ်စွန့်ခွာပြည်သူများ အတွက် ၁ ဦးလျှင် ၁ လ ကျပ် ၂ သောင်း ထောက်ပံ့ငွေ စတင်ပေးအပ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ချင်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ထံသို့ နေရပ်စွန့်ခွာသူများ အတွက် ၁ လ လျှင် ကျပ် ၂ သောင်း ထောက်ပံ့ငွေများ စတင် ပေးအပ်ခဲ့ ကြောင်း၊ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ စစ် ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ…

Read More

ငဖဲမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အနားက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းကျေးရွာက ဒေသခံ အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၂ ရက်။ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ဘုရာတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ အရှိုချင်းလူမျိုး၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ Chin Defence Force – Asho တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်က ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို CDF – Asho ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပဒါန်းမြို့အနီး စစ်စခန်းတွေဘက်ကို ပြန်ထွက်ပြေးသွားခဲ့ကြကာ တိုက်ပွဲအပြီး နောက်တစ်ရက်မှာ ဘုရားတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ ၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။…

Read More

မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ချင်းလူမျိုး (၁) ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးတို့ပြန်လည်လွတ်မြောက်လာ

ဖေဖော်ဝါရီလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ချင်းလူမျိုးတစ်ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အွန်လိုင်းပေါ်ကနေ လိမ်ခေါ်ပြီးပြန်ပေးဆွဲခံရကာ ဖေဖော်ဝါရီ ၂ ရက်မှာ သူတို့ပြန်လည်လွတ်မြောက်လာပြီး သူတို့ကိုပြန်ပေးဆွဲခဲ့သူတွေဟာ မြန်မာနိုင်ငံက ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်တယ်လို့ မလေးရောက် ချင်းလူမျိုးတွေဆီကနေ သိရပါတယ်။ မလေးရောက် ချင်းလူမျိုးတစ်ဦးက “ပြန်ပေးဆွဲခံရသူတွေထဲက ချင်းတစ်ယောက်က ချင်းပြည်နယ်ထဲက ဆမ်ထန်းလို့ပြောတယ် မြို့နယ်နာမည်တော့ မသိဘူး သူတို့ပြန်ပေးဆွဲခံရစဉ်က နှာခေါင်းတို့ ပါးစပ်တို့ နားရွက်တွေကို ပလာယာတွေနဲ့ လုပ်တယ်တဲ့ ခြေတွေလက်တွေကိုလည်း မီးခြစ်နဲ့ မီးရှို့တယ်တဲ့ ပြီးတော့ ကန်တာတွေရော ခံရတဲ့ ဒဏ်ရာတွေကြောင့် လက်ရှိဆေးကုသမှုခံယူနေကြရတယ် ပြန်ပေးဆွဲတဲ့ မြန်မာနိုင်ငံသား သုံးဦးကိုလည်း မလေးရဲတွေက…

Read More

စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့်  မြန်မာနိုင်ငံတဝန်း ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊ အမျိုးသမီး ၇၇ ဦး ဒဏ်ရာရ

 ဖေဖော်ဝါရီ ၈ ရက်။ စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့်  မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊အမျိုးသမီး ၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၃ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ဦး စုစုပေါင်း  အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ BWU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ ရခိုင်ပြည်နယ်က ၃၉ ဦး၊ ရှမ်းပြည်နယ်က ၁၁ ဦး၊ စစ်ကိုင်းတိုင်းက ၁၀ ဦး၊ မန္တလေးတိုင်းက ခုနစ်ဦး၊…

Read More

မလေးရှားသွားမယ့် အရှိုချင်းအမျိုးသား ၁ ဦး မြဝတီမြို့မှာ စစ်ကောင်စီတပ် ပေါ်တာဆွဲခံရပြီးနောက် နှိပ်စက်ခံရပြီးသေဆုံး

ဖေဖော်ဝါရီလ ၅ ရက်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးရွာ( အရှိုချင်းရွာ)က အသက် ၃၀ ကျော် အရှိုချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက မလေးရှားနိုင်ငံသွားဖို့ အတွက် ကရင်ပြည်နယ်၊မြဝတီမြို့ရောက်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံရပြီး​နောက်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မြဝတီမြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာခံခဲ့ရတဲ့ စမ်းမကြီးရွာက ဒေသခံချင်းအမျိုးသားဟာ တောရွာကနေလာပြီး ဗမာစကားလည်း ကောင်းကောင်းမပြောတတ်သူဖြစ်ကာ အဲဒီလို ဗမာစကားကို မခြေမငံပြောတယ်ဆိုပြီး ဝိုင်းရိုက်ကြ မျိုးစုံနှိပ်စက်ခံရတာအပြင် မီးရှို့တာကိုပါခံခဲ့ရတာလို့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေ၁ ဦးပြောပြချက်အရ သိရပါတယ်။ သေဆုံးသွားတဲ့သူနဲ့ ရင်းနှီးသူတစ်ဦးပြောတာက “မသေသေးတဲ့ ရုပ်ခန္ဓာကိုယ်ကို သူ့မိဘတွေဆီဖုန်းဆက်ပြီးတော့ ငွေသိန်း ၃၀ နဲ့ ရွေးခိုင်းခဲ့တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ရစရာမရှိအောင် ရိုက်နှက်မီးရှို့တာခံရတယ်၊ အိမ်က မိသားစုတွေ လာကြည့်တော့…

Read More

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းညီနောင်အဖွဲ့ (CB)နဲ့NUG ၊CRPH၊ NLD ၊NUCC တို့က ပူးတွဲထုတ်ပြန်

ဖေဖော်ဝါရီလ ၃ ရက်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ (CB)နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့က ပူးတွဲပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်နိုင်ငံရေး ဦးတည်ချက် ၆ ရပ်မှာ (၁)စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ (၄)…

Read More

ချင်းလူမျိုး စာရေးဆရာ တွာလ်ခဲင်းမာန် ရဲ့ ဝတ္ထုတိုများ စုစည်းထားတဲ့ စာအုပ် မိတ်ဆက်ပွဲ ကလေးမြို့မှာကျင်းပ

ဖေဖော်ဝါရီလ ၃ ရက်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ချင်းတောင်ခြေကလေးမြို့၊ မြို့မဈေးရှိ ဟိန္ဒူရေဆန်ကျွန်းဘုရားကျောင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသော ဝတ္ထုတိုများ စုစည်းထားတဲ့ တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ နှင့် အခြားဝတ္တုတိုများ စာအုပ် မိတ်ဆက်ပွဲကို ချင်းလူငယ် တချို့နှင့် အတူ ကလေးမြို့ စာပေ အသိုင်းအဝိုင်း နှင့် စာရေးဆရာများမှ ပြုလုပ်ကျင်းပ သွားခဲ့တယ် လို့ စာအုပ် စီစဉ်သူ စာရေးဆရာ ဇို(တီးတိန်) ထံမှ သိရှိရပါတယ်။ “ဆရာသိန်းထိုက်ဦး(ထေရု) က အခမ်းအနားမှူး လုပ်ပေးခဲ့တယ်။ ကျွန်တော်က စာအုပ် ထုတ်ဝေဖြစ်ပုံကို ရှင်းပြ ပေးခဲ့တယ်။ ဆရာဓီရာလင်း က စာအုပ်ကို သုံးသပ်ပေးခဲ့တယ်။ ဆရာချိုတကူး(ကလေး)၊ ဆရာမောင်ကိုမောင် (ကလေး)၊…

Read More