ချင်းပြည်နယ်အပါအဝင် ပဋိပက္ခဒေသများတွင် အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု အများအပြားရှိနေကြောင်း WLB ထုတ်ပြန်
ဖေဖော်၀ါရီလ ၁ ရက်။ WLB က ၂၀၂၅ ခုနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အဓမ္မပြုကျင့်မှု ၂၈ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ၃၆ မှုတို့ ပါဝင်နေပြီး ဒါတွေဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းက ပဋိပက္ခဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒီနေ့ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ပါတယ်။ WLB ရဲ့ “Looking Back on 2025” အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း မှတ်တမ်းတင်ရရှိတဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အိမ်တွင်းအကြမ်းဖက်မှု ၁၄၅ မှုနဲ့အတူ အဓမ္မပြုကျင့်မှု ၂၈ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု…

