Headlines

ရန်ကုန်မြို့မှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိ

မတ်လ ၂၁ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ် (၁၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းက ရေမြောင်းထဲမှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတခုကို မနေ့မတ်လ ၂၀ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ ဆလိုင်းဆန်းပွီး( ၃၂) နှစ်အရွယ်ဖြစ်ပြီး ညာဘက်မျက်လုံးတဝိုက် ထိခိုက်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပြီး ဆလိုင်းဆန်းပွီးဟာ ချင်းပြည်နယ်၊မတူပီမြို့နယ် ဇာတိသားဖြစ်ပေမယ့် ရန်ကုန်မှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားသူရဲ့ မိတ်ဆွေတစ်ဦးက “သတင်းစစကြားခြင်းတော့ ကားတိုက်ခံထားရတယ်လို့ပဲကြားတာ အခုတက်လာတဲ့ သတင်းတွေအရတော့ အသတ်ခံရတယ်လို့ ပြောလို့ရတယ် ဒါပေမယ့် အသတ်ခံရတာလား accident ဖြစ်တာလား သေချာတော့ မပြောတတ်သေးဘူးပေါ့နော် သူကအရင်ကတည်းက ရန်ကုန်မှာ နေထိုင်တဲ့သူဖြစ်တယ်…

Read More

ငဖဲမြို့နယ်က တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီး

မတ်လ ၁၉ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် ပဒါန်း – မင်းဘူး ကားလမ်းဟောင်းက တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၆ ယောက်ကို ၁၅ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ သိရတယ် အခုထိတော့ မလွတ်သေးဘူး။ CDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာလို့ပြောတယ်။ ACDF နဲ့ CDF အရှိုတွေက သူတို့ကို ဖမ်းတာတောင်မသိဘူး” လို့ပြောပါတယ်။ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ရဲ့ တပ်မ…

Read More

Myanmar Star Season 2 ရဲ့ Grand Final ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄ ဦးမှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

မတ်လ ၁၄ ရက်။ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ Myanmar Star Season 2 ရဲ့ Top 7 result show မှာ Grand Final ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူ ၄ ဦးထဲမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ပါဝင်ခဲ့ကြောင်း Myanmar Star Top 7 result show တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိရပါတယ်။ Ephraim Kyaw Oo (Paletwa), Nan Ni (Myitkyina), Saw Myo Razar Kyaw…

Read More

ရန်ပုံငွေ မလုံလောက်လို့ မြန်မာပြည်သူ ၁ သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းကြောင်း WFP ထုတ်ပြန်

မတ်လ ၁၄ ရက်။ နိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာ အကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေချိန်မှာရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ကဒီနေ့ မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အခုလို အကူအညီ ရပ်ဆိုင်းတာက WFP ရဲ့ ထောက်ပံ့မှုကိုသာအားပြုနေရတဲ့ နိုင်ငံတဝှမ်းက ထိခိုက်လွယ် လူထုအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွား ရိုက်ခတ်နိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်ဖို့ဒ်က ပြောပါတယ်။ အထောက်အပံ့ရပ်ဆိုင်းမှုဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မယ်လို့ WFP ကအသိပေးပါတယ်။ အခုနှစ် အတွင်း မြန်မာပြည်သူတွေအတွက်…

Read More

တိုက်ပွဲတွေကြောင့် အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရလို့ကော်ဖီမခူးနိုင်ဘူးလို့ သိရ

မတ်လ ၁၁ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေဟာ အခုနှစ်ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရလို့ အများစုက ကော်ဖီမခူးယူနိုင်ကြဘူးလို့ သိရပါတယ်။ ဒေသခံတွေဟာ ကော်ဖီကိုစီးပွားဖြစ် အရင်ကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး စိုက်ထားတဲ့ ကော်ဖီတွေကိုလည်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ခူးလေ့ရှိပြီး ဒီနှစ်မှာတော့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မခူးယူနိုင်ကြသလို ကော်ဖီခူးဖို့ ရွာမှာကျန်ခဲ့တဲ့ ဒေသခံတွေ စစ်ကောင်စီလေကြောင်းတိုက်တာခံရလို့ သေဆုံး၊ ထိခိုက်တာမျိုးတွေလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ခဲ့တာတွေကြောင့်လည်း ဒေသခံတွေအများစု ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရတာလို့သိရပါတယ်။ ဒေသခံတစ်ဦးက “ဒီနှစ်မှာတော့ ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေဖြစ်တဲ့ခါကြတော့ အများစုကမခူးနိုင်ကြဘူး ဈေးကလဲ အရင်နှစ်တွေထက်နှစ်ဆလောက်ရတယ် အရင်နှစ်က ကော်ဖီစေ့တစ်ပိဿာကို တစ်သောင်းခွဲရတယ် ဒီနှစ်မှာတော့ သုံးသောင်းလောက်ရတယ် ဒီထက်ဈေးပိုရမယ်လို့လည်း…

Read More

သံသယရှိတယ်ဆိုပြီး ငဖဲမြို့နယ်က ဒေသခံချင်းလူမျိုးသားအမိ ၂ ဦးကို စစ်ကောင်စီတပ်က မတ်လ ၇ ရက်က ဖမ်းဆီးခဲ့ပြီး ဒီကနေ့အချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရ

မတ်လ ၁၀ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီ(အရှိုချင်း)ရွာက ဒေသခံ ဒေါ်ပလွန် (၅၄)နှစ်နဲ့ မိုင်အက်စတာမန်း (၁၈) နှစ် အရွယ် သားအမိ တို့ကို စစ်ကောင်စီက သံသယရှိတယ်ဆိုပြီး မတ်လ (၇) ရက်နေ့က ဖမ်းဆီးခဲ့ကာ ဒီကနေ့အချိန်ထိပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ငဖဲမြို့နယ်က လက်နက်စက်ရုံ(က.ပ.စ) က စစ်ကောင်စီ အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ဆိုင်ကယ် (၇) စီးတို့နဲ့ စပ်စီရွာကို မတ်လ (၇)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး ဒေါ်ပလွန်နဲ့သူသမီး မိုင်အက်စတာမန်းတို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “အဲဒီနေ့က သူတို့အိမ်က လက်တော့ပ်တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်ကောင်စီက သိမ်းသွားတယ် ပြီးတော့ စပ်စီရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတွေက…

Read More

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ မဟုတ်ရင် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြော

မတ်လ ၇ ရက်။ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကိုသွားရောက်ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအကြောင်း ထုတ်ဖော် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။…

Read More

နွေဦးတော်လှန်ရေးအတွင်း ချင်းလူမျိုးတွေရဲ့ ညီညွှတ်ရေးဟာ တခြားလူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် စံပြဖြစ်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတပြော

မတ်လ ၅ ရက်။ နွေဦးတော်လှန်ရေး ကာလအတွင်း ချင်းလူမျိုးတွေရဲ့ ညီညွှတ်ရေးဟာ တခြားသော လူမျိုးစုတော်လျန်ရေးအဖွဲ့တွေအတွက် ကနဦးစံပြဖြစ်လာဖို့ လိုအပ်ကြောင်း၊ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) အကြား ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုတွေကို အဓိက အသားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက “ခုဆိုရင် ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့်၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်ခုလုံးက ဝမ်းသာ ဂုဏ်ယူမိခဲ့ ကြပါတယ်။…

Read More

Myanmar Star ပြိုင်ပွဲ Top 7 မှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

ဖေဖော်ဝါရီလ ၂၈ ရက်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်ညမှာ Myanmar Star သီချင်းဆိုပြိုင်ပွဲ Season 2 ရဲ့ Top 7 ကို ရွေးချယ်ခဲ့ရာမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ဆက်လက် ပါဝင်လာခဲ့ကြောင်း Myanmar Star ရဲ့ တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိခဲ့ရ ပါတယ်။ Myanmar Star Season 2 ရဲ့ Top 8 ကနေ Top 7 အဖြစ် ရွေးချယ် ရရှိ သူတွေကတော့ Ephraim Kyaw Oo (Paletwa), Hoihpi…

Read More

မြန်မာနိုင်ငံမှာ ငွေကြေးအဖွဲ့အစည်းတွေအကြား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန် ငွေပေးချေမှု ပြုလုပ်နိုင်မယ့် MMQR စနစ် စတင်အသုံးပြု

ဖေဖော်ဝါရီလ ၂၈ ရက်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ကျောက်စိမ်း ခန်းမမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ အတွက် ငွေကြေးအဖွဲ့အစည်းတွေအကြား ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန်ငွေပေးချေမှု ပြုလုပ်နိုင်မယ့် National QR Standard ဖြစ်တဲ့ MMQR စတင် အသုံးပြုခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်များ အရ သိရှိရပါတယ်။ MMQR ဟာ မြန်မာ နိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Code နဲ့ ငွေပေးမှုကို ထောက်ပံ့ပေးမယ့် Digital Payment Switch တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်ဦးဆောင် ပြီး ဆောင်ရွက်ခဲ့ခြင်း…

Read More