ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားခြင်းကို နှောက်ယှက်ဟန့်တားမှာ မဟုတ်သလို လုပ်တဲ့သူတွေကိုလည်း အရေးယူမယ်လို့ CDF – Asho အသိပေး
မေလ ၁၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာ နှောက်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာတွေ လုံးဝ လုပ်မှာမဟုတ်သလို လုပ်တဲ့ဘယ်သူကိုမဆို အရေးယူမယ်လို့ CDF – Asho ကမေလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာဖြစ်ကာ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်လျှက်ရှိနေတာတွေ့ရတယ်လို့ CDF-Asho က ဆိုပါတယ်။ ဒါကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့…

