မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ပြန်ပို့ခံရတဲ့အထဲ မြန်မာနိုင်ငံသား ၁၁၁ ဦးပါဝင်တယ်လို့ သိရ
ဩဂုတ်လ ၂၅ ရက်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ မူလနိုင်ငံ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား ၂၉၂ ဦးထဲမှာ မြန်မာနိုင်ငံသား ၁၁၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာနရဲ့ သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၂၉၂ ဦးကိုလူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးထောင်ချပြီး ပြန်လွတ်လာတဲ့သူတွေကို ဂျိုဟိုးနားပြည်နယ် ပီကန်နာနာစ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ပြည်နှင်ဒဏ်ပေးခဲ့တာလို့လည်း သိရပါတယ်။ မူလနိုင်ငံသို့ ပြန်ပို့တဲ့အထဲ အင်ဒိုနီးရှားနိုင်ငံသား ၁၄၀ ဦး၊ မြန်မာနိုင်ငံသား ၁၁၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ တရုတ်နိုင်ငံသား ၇ ဦး၊ ပါကစ္စတန်နိုင်ငံသား ၆ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး၊…

