Headlines

ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြဖို့ နယူးဒေလီမြို့မှာချင်းဒုက္ခသည်ကော်မတီ (CRC)က ပြင်ဆင်

ဇွန်လ ၁၆ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက်ဆန္ဒပြတောင်းဆိုဖို့ ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီက အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားထားပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက ဆိုပါတယ်။ ဒါကြောင့် နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို UNHCR နဲ့တကွ တာဝန်ရှိသူတွေထံ တောင်းဆိုကြဖို့အတွက် ဇွန်လ…

Read More

Air India လေယာဉ်ပျက်ကျမှုမှာ အသက် ၂၀ ကျော် လေယာဉ်မယ် ကူကီး(ချင်း) လူမျိုးတစ်ဦးနဲ့ ကသည်းလူမျိုး တစ်ဦးလည်းသေဆုံးခဲ့ရ

ဇွန်လ ၁၃ ရက်။ လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatwick သွားဖို့ ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများဖြစ်တဲ့ မဏိပူရ်ပြည်နယ်က အသက် ၂၀ ကျော်ကူကီး(ချင်းအနွယ်ဝင်) လူမျိုးနဲ့ ကသည်းလူမျိုးဖြစ်တဲ့ လေယာဉ်မယ်နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) နဲ့ Yong Kuki အဖွဲ့အစည်းတို့ကလည်း ကူကီးလူမျိုးလေယာဉ်မယ် Miss Lamnunthem Singson ရဲ့မထင်မှတ်ဖွယ် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ လေယာဉ်မယ်…

Read More

မြန်မာပြည်မှ လက်နက်ကိုင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားမှုနဲ့ နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုများကို မီဇိုရမ်ပြည်နယ်လုံခြုံရေးညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး

ဇွန်လ ၁၀ ရက်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့များရဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့လှုပ်ရှားမှုပြသနာများ၊ မြန်မာ – အိန္ဒိယနယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးကုန်သွယ်မှုကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီရဲ့ ပထမဆုံးအစည်းဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကိုယ်တိုင်ပါဝင်တက်ရောက်ကာ အလေးအနက်ဆွေးနွေးကြပြီးနောက်  ပြည်တွင်းနယ်နိမိတ် ဝင်ခွင့်ပါမစ် (ILP) စနစ်ကို တင်းကြပ်ရန် ဝန်ကြီးချုပ်ကိုယ်တိုင်မှာကြားခဲ့ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် India Today သတင်းဌာနကဖော်ပြပါတယ်။ လုံခြုံရေးကောင်စီ၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဟာ မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး ရာဇဝတ်မှုဖြစ်လာတယ်လို့ဆွေးနွေးကြပြီး ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ (ND&PS Act) အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၃၈ မှု၊ ၂၀၂၅ ခုနှစ် မေလကုန်အထိ အမှုသစ် ၁၁၄ မှု ရှိနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းတို့တွင် မက်သမ်ဖက်တမင်းဆေးပြား ၆၄၈ ကီလိုဂရမ်ကျော်၊ ရူပီး ၈၄ ကုဋေခန့် တန်ဖိုးရှိတဲ့ ဆေးပြားများနဲ့ ၁၅.၅ ကုဋေခန့် တန်ဖိုးရှိသော Crystal Meth (အခဲ) ၅ ကီလိုဂရမ်ကျော် ပါဝင်တယ်လို့ သက်ဆိုင်ရာကော်မတီဝင်တွေက တင်ပြခဲ့ကြပါတယ်။ အဲဒီအပြင် မီဇိုရမ်ပြည်နယ်အတွင်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်တဲ့ ဥပဒေအောက်ကနေ ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုများလည်းတိုးလာသကဲ့သို့ လူကုန်ကူးတဲ့ ပြသနာဟာလည်း စိုးရိမ်စရာပြသနာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC Flyweight နံပတ် ၁ ဖိုက်တာ ဒီလထဲ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ UFC 316 ပြိုင်ပွဲယှဉ်ပြိုင်ထားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဒီလထဲ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲမှာ UFC Flyweight နံပတ် ၁ ဖိုက်တာ Brando Royval နဲ့ ထပ်ပြီး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ မှုလက UFC Flyweight အဆင့် ၁ ဖိုက်တာ Brando Royval နဲ့ Manel Kape တို့ကို ပွဲတည်ပေးပေမယ့် Manel Kape ဘက်က ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပြီး Joshua Van က အစားဝင်ထိုးဖို့…

Read More

UFC ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van ဘရာဇီးဖိုက်တာကို အလဲထိုးပြီး အနိုင်ယူ

ဇွန်လ ၈ ရက်။ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ပရူဒန်ရှယ် စင်တာမှာ ကျင်းပတဲ့ UFC 316 ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ဘရူနိုဆီလ်ဗာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီကနေ့UFC ပွဲစဉ်မှာ Joshua Van ဟာ အချီတိုင်းမှာ ဘရူနိုကို လဲကျစေခဲ့ပြီး ကောင်းမွန်တဲ့ လက်သီးထိုးချက်တွေအပြင် ရှင်းလင်းပြတ်သားတဲ့ ထိုးကွက်တွေဟာ ကြည့်ရှုသူတွေကို နှစ်ခြိုက်စေခဲ့တာပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဗန်ဟာ UFC ရဲ့ စောင့်ကြည့်ရမယ့် ကြောက်စရာ ဖိုက်တာတစ်ယောက်၊ ချန်ပီယံလောင်းအဖြစ်လည်း ဒီကနေ့ပွဲအပြီး ရှုမြင်ခံနေရပြီဖြစ်ပါတယ်။ မြန်မာပရိသတ် အများအပြားကလည်း အားပေးနေကြတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ…

Read More

မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ နေရာမှာ မြေပြိုမှုဖြစ်ပွားကာ ချင်းစစ်ရှောင်ဒုက္ခသည် ၃ ဦးအပါအ၀င် ၅ ဦးသေဆုံး၊နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျ၊မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

ဇွန်လ ၇ ရက်။ မေလ ၃၀ ရက်ကစပြီးအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အဝန်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ ခုမှာ မြေပြိုမှုများနဲ့ရွှံ့မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ပြည်နယ်အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဌာနရဲ့ ဇွန်လ (၅) ရက်နေ့အထိထုတ်ပြန်ချက်ကို ဒေသတွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။ ထိုသို့ ရေကြီး၊ မြေပြိုမှုများကြောင့် မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်းတို့အနက် ၃၃၈ စုမှာ မြေပြိုမှုကြောင့် ၎င်းတို့၏နေအိမ်နေရာများ အန္တရယ်ရှိလာသဖြင့်ရွှေ့ပြောင်းခြင်းဖြစ်ပြီး မိသားစု ၁၁၄ စုမှာရေကြီးမှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ India Today သတင်းဌာနက ဇွန်လ (၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျခြင်း၊ ပျက်စီးခြင်းများဖြစ်ပွားခဲ့ရပါတယ်။ ထိုသို့ မြေပြိုမှုများ၊ ရေကြီးမှုများ၊ နေအိမ်ပြိုကျမှုများနဲ့ အခြားသဘာဝဘေးကြောင့်…

Read More

မီဇိုရမ်ပြည်နယ်မှာ ပိုက်လိုင်းများ၊ ရေစုပ်စနစ်များ ပျက်စီးနေခြင်းကြောင့် မိုးရေ သိုလှောင်သုံးစွဲရန် ပြည်နယ်အစိုးရက ပြည်သူများကိုတိုက်တွန်း

ဇွန်လ ၆ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့မြေပြိုမှုများကြောင့် ပိုက်လိုင်းများ၊ ရေစုပ်စနစ်များ ပျက်စီးနေခြင်းကြောင့် ပြည်သူများအနေနဲ့ မိုးရေများသိုလှောင်ကာ သုံးစွဲရန်ပြည်နယ်အစိုးရက တိုက်တွန်းထားတယ်လို့ India Today သတင်းဌာနက ဒီကနေ့ ဇွန်လ (၆) ရက်နေ့မှာဖော်ပြပါတယ်။ ယခုလက်ရှိအခြေအနေအရ မီဇိုရမ်ပြည်နယ် Kolasib ခရိုင်ရှိမှာ ဆွဲငင်အားသုံးပိုက်လိုင်းစနစ်များ ပြင်းထန်စွာပျက်စီးခဲ့တာကြောင့် ခရိုင်အတွင်းရှိ မြို့ငါးမြို့တွင် ရေပေးဝေမှုများပြတ်တောက်ခဲ့တယ်လို့ ခရိုင်အင်ဂျင်နီယာဌာနက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာဌာနများက ဒေသခံများကို ရေသုံးစွဲရာတွင် သတိထားရန်နဲ့ရရှိတဲ့ မိုးရေများကို အသုံးပြုကြရန် အကြံပြုထားပါတယ်။ Khawzawl ခရိုင်ရှိ အဓိကရေအရင်းအမြစ်များထဲက တစ်ခုဖြစ်တဲ့ Tuivawl မြစ်ဟာလည်း အလွန်အမင်းညစ်ညမ်းမှုဖြစ်နေတာကြောင့် ရေသန့်စင်စက်ရုံမှ ရေသန့်စင်မှုဆောင်ရွက်ရာမှာ ထိရောက်မှုမရှိတော့တဲ့အတွက် ရေကိုချွေတာသုံးစွဲရန် ခရိုင်အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။ Hnahthial ခရိုင်ရှိ…

Read More

ချင်းလူမျိုးအချင်းချင်းအကြား အကြမ်းဖက်မှုကင်းရှင်းစေရေး CYO North America နဲ့ချင်းလူငယ်အဖွဲ့များက တောင်းဆို

ဇွန်လ ၆ ရက်။ ချင်းလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ အချင်းချင်းကြား အကြမ်းဖက်မှု ကင်းရှင်းစေရေးအတွက် ချင်းခေါင်းဆောင်များအားလုံးနဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို တောင်းဆိုကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Youth Organization of North America နဲ့ချင်းလူငယ်အဖွဲ့များက တိုက်တွန်းကြောင်း ဇွန်လ ၅ ရက်မှာထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်တွင် ချင်းလူငယ်များဖြစ်ကြတဲ့ မိမိတို့အနေနဲ့ ချင်းလူမျိုးအချင်းချင်းကြား တင်းမာမှုများ တိုးပွားလာခြင်းနဲ့ ပဋိပက္ခဖြစ်နိုင်ခြေရှိသည်ဟူသော နာကျင်ဖွယ်ကောလဟလများ ပျံ့နှံ့နေမှုများ အတွက် စိတ်မကောင်းကြောင်း၊ ချင်းလူမျိုးအချင်းချင်း မည်မျှပင်သဘောထားကွဲလွဲစေကာမှု မိမိတို့လူမျိုးအချင်းချင်းအကြား သွေးထွက်သံယိုဖြစ်စေတဲ့အခြေအနေမျိုးအထိ မည်သည့်အခါမျှ မဖြစ်သင့်ကြောင်း ဖော်ပြပါတယ်။ မြန်မာပြည်တွင်းအခြေစိုက် ချင်းလူငယ်အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်ဟောင်း နှင့် လက်ရှိအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက “ ကျွန်တော်ရဲ့အဖွဲ့အမည်ကိုတော့မဖော်လိုဘူး။ ဒါပေမယ့် အခုလို ထုတ်ပြန်ချက်ကိုမြင်တော့ တစ်ခုတော့ပြောချင်တယ်။ ဒီလိုမျိုး လူငယ်တွေကခေါင်းဆောင်တွေကို…

Read More

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး

ဇွန်လ ၅ ရက်။ အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း CBS သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားများကို အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ ပိတ်ပင်ခြင်းရမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1/B2 ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှု ၂၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အမေရိကန်က ဖယ်ရှားသော နိုင်ငံ သားများကို ပြန်လည် လက်ခံရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က…

Read More

နေအိမ် ၁၀၀ ကျော်ရေနစ်မြုပ်ကာဒုက္ခရောက်နေတဲ့ မီဇိုရမ်ပြည်နယ် တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်တွေအတွက် အကူအညီယခုအချိန်အထိရောက်မလာသေး

ဇွန်လ ၃ ရက်။ ရေဘေးကြောင့် နေအိမ် ၁၀၀ ကျော်ရေနစ်မြုပ်ကာဒုက္ခရောက်နေတဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေ လိုအပ်နေပြီး အခုထိ ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေလည်း ရောက်မလာနိုင်ကြသေးဘူးလို့ သိရပါတယ်။ ပလက်ဝလူသားချင်းစာနာကူညီရေးဌာနက တာဝန်ရှိသူတစ်ဦးက “တွီဒင်းနဲ့ ကာကီ ကစခန်း ၂ ခုပေါင်းလိုက်ရင် လူဦးရေ ၆၆၉ ဦးက ရေဘေးသင့်ပြည်သူတွေပေါ့ အရေးပေါ်လိုအပ်ချက်မှာ အခြေခံစားနပ်ရိက္ခာတွေလိုအပ်ကြတယ် နောက်ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှု အကူအညီ ဆေးဝါးတွေလည်း လိုအပ်တယ်လို့ပြောတယ် ဘာကြောင့်လဲဆိုရင် သူတို့လည်း မိုးရေထဲမှာ ရွှေ့ပြောင်းပြီး နေနေကြရတာဆိုတော့ လက်တလောမှာ ဖျားနာသူတွေလည်းရှိနေကြတယ် လက်ရှိအခြေအနေအရ သူတို့ကို ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေမရောက်ပေးနိုင်သေးဘူးပေါ့ အဲလိုမျိုးအနေအထားတော့ စစ်ရှောင်စခန်းတွေဆီကနေ ကျနော်တို့တဆင့်ပြန်ကြားရတယ်” လို့ပြောပါတယ်။…

Read More