Headlines

တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးရဲ့ အမူကိုမနက်ဖြန် တရားရုံးတင်မယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။ စက်တင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Raub မြို့နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးအမျိုးသား ၁၁ ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာ တရားရုံးတင်မှာဖြစ်တယ်လို့ မလေးရှား မြန်မာ လူမူရေးအသင်း (MMA) ရဲ့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးတို့ဟာ မင်းတပ်မြို့နယ်က ၆ ဦး၊ ကန်ပက်လက်မြို့နယ်က ၃ ဦး၊ ပလက်ဝမြို့နယ်က ၂ ဦးတို့ဖြစ်ပြီး အဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားရှိသူ ကုလ UN ကဒ်ကိုင်ဆောင်ထားသူ ၃ ဦးသာရှိပြီး ကျန်…

Read More

နောက်ဆုံးပွဲမှာ မြန်မာဖိုက်တာ အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်

အောက်တိုဘာလ ၄ ရက်။ မြန်မာ MMAကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။ အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ အောင်လအန်ဆန် ဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း…

Read More

စစ်ဘေးရှောင်နေရတဲ့ မြန်မာဒုက္ခသည်တွေကို လှူဒါန်းပေးဖို့ နှုတ်ဆက်ပွဲမှာ ပြောသွားတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်

အောက်တိုဘာလ (၄) ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အောက်တိုဘာလ (၄) ရက်နေ့ က ကျင်းပတဲ့ ONE Fight Night ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင် Burmese Python ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူ့ရဲ့ အားကစားသမားဘ၀ ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲအဖြစ် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ် ကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ကာ ပြိင်ပွဲပြီးတဲ့နောက် အောက်လအန်ဆန်းက မြန်မာပြည်မှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေကိုလှူဒါန်းပေးဖို့ ပရိတ်သတ်ကို အခုလို မေတ္တာရပ်ခံစကားပြောခဲ့ပါတယ်။ “ဒီနေရာမှာရှိတဲ့ လူတိုင်းကိုရော၊ မြန်မာပြည်မှာရှိတဲ့ လူတိုင်းကိုပါ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ သင့်မှာ ပိုလျှံတဲ့ ငွေကြေးလေးတွေရှိမယ်ဆိုရင်၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ (IDP) တွေအတွက် လှူဒါန်းပေးပါ။ IDP တွေကို ကျေးဇူးပြုပြီး…

Read More

မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် အစည်းအဝေးကျင်းပခဲ့တယ်လို့ ထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် မလေးရှားရောက်ချင်းစု‌ပေါင်းအဖွဲ့ (ACR, CRC, DAI နှင့် FRO) မှ ၄ ဖွဲ့ပူးပေါင်း ဦးဆောင်ပြီး နိုင်ငံတကာချင်းအဖွဲ့စည်းခေါင်းဆောင်များ၊မလေးရှားနိုင်ငံအတွင်း အသင်းတော်နှင့်ချင်းအဖွဲ့စည်းခေါင်းဆောင်များအားလုံးတွေ့ဆုံတဲ့ ၂ ရက်ကြာ အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နဲ့၂ ရက်နေ့မှာ ကွာလာလမ်ပူ မြို့မှာ ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က လတ်တလော ဖြစ်ပေါ်နေတဲ့ အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏အခြေနေများနှင့် ချင်းဒုက္ခသည်များအရေးအဖြေရှာပြင်ဆင်မှုများအတွက်အဓိကထားဆွေးနွေးခဲ့ကြသည့်အပြင်သ‌ ဘောတူဆွေးနွေးချက်များပတ်သက်ပြီးလည်း UNHCR ကိုဆက်လက်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အစည်းဝေးကြီးကို UK မှ ဆရာ Jeremy Hoipangs နှင့် USA နိုင်ငံမှ…

Read More

မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ လအတွင်း မြန်မာနိုင်ငံသား ၅၀၁ ဦး ထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာလ ၁ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) လ အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀၁ ဦးထက်မနည်း ရှိခဲ့တယ်လို့ မလေးရှား – မြန်မာ လူမှုရေးအသင်းအဖွဲ့(MMA)ရဲ့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၁ လအတွင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းခွင်အတွင်း နဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ နိုင်ငံခြားသား ၂၉၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ၅၀၁ ဦး ပါဝင်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ စာရင်းဟာ MMA အဖွဲ့ရဲ့ စုစောင်းရသလောက်သာဖြစ်ပြီး ဒီထက်ပိုပြီး များနိုင်တယ်လို့ ဆိုထားပါတယ်။ အဖမ်းဆီးခံရချိန် အခက်ခဲရောက်နေသူတွေ ၊ တရားရုံးရင်ဆိုင်နေရသူတွေ၊ ရှေ့နေအခက်ခဲရှိသူတွေ၊…

Read More

မလေးရှားထောင်ထဲမှာ ချင်းအမျိုးသားတစ်ဦး တီဘီရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၃၀ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အသက် ၄၄ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး စက်တင်ဘာလ ၂၉ ရက်နေ့မှာ အဆုတ် တီဘီရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ပလက်ဝမြို့နယ် ၊ Lovai ကျေးရွာဇာတိက မရာချင်းအမျိုးသား အသက် ၄၄ နှစ်အရွယ် U Saung Saung လို့လည်း သိရပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ ထောင်ကျပြီး အခုလို ထောင်ထဲမှာဘဲ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။ မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက “ ထောင်ထဲ ဖျားနာနေချိန် ၊ ဆေးကုသခွင့် ရမရတွေနဲ့ ပက်သက်ပြီး ကျနော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေးကြည့်သေးတယ် သူတို့လည်း…

Read More

မလေးရှားမှာ မြန်မာနိုင်ငံသား ၄၆ ဦးအပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို မနေ့က တရားမဝင်နေထိုင်မှု နဲ့ ဖမ်းဆီးထားတယ်လို့ သိရ

စက်တင်ဘာလ ၁၉ ရက်။ မလေးရှားနိုင်ငံ ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူရှိ စားသောက်ဆိုင်တွေကို မနေ့စက်တင်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ယောက်အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၅ ဦးကို တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဂျိုဟိုးဘာရူခရိုင်အနီးရှိစားသောက်ဆိုင်တွေကို မနေ့စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၇ နာရီလောက်စတင်ပြီး ပြည်သူတွေ သတင်းပေးပို့ချက် နဲ့ ထောက်လှမ်းရေးတွေရဲ့ အချက်အလက်ပေါ်ခြေခံပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမှာ အသက် ၁၈ နှစ်ကနေ ၅၃ နှစ်အကြားရှိ မြန်မာနိုင်ငံက အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကိုရီးယားနိုင်ငံသား…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ၁ ဦး တပတ်အတွင်းမြန်မာပြန်ဖို့ အကြောင်းကြားခံထားရတယ်လို့ သိရ

စက်တင်ဘာလ ၁၉ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တစ်ဦးဟာ ကိုယ်ကျင့်စာရိတ္တ မကောင်းတာကြောင့် ဒီတပတ်အတွင်း မြန်မာနိုင်ငံပြန်ဖို့ အကြောင်းကြားခံထားရတယ်လို့ မီဇိုရမ်ပြည်နယ်ကသတင်းဌာနတချို့ရဲ့ဖော်ပြချက်အရ သိရပါတယ်။ New Champhai Branch (YMA) Secretary က “ ဒီ Rualthanmawia က စစ်ဘေးရှောင်တစ်ဦးဖြစ်တယ် အကျင့်စာရိတ္တ မကောင်းလို့ ဒီအပတ်အတွင်း မြန်မာနိင်ငံပြန်ဖို့ဖြစ်တယ် တခြား Branch တွကလည်း ဒါကို နားလည်ပေးစေချင်တယ်” လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့တယ်လို့ လည်းသိရပါတယ်။ မီဇိုရမ်ပြည်နယ် အတွင်း စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တချို့ဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားပြသနာရှာတဲ့သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတဲ့သူတွေကို မြန်မာနိုင်အတွင်း ပြန်ဖို့ မောင်းထုတ်ခံရသူ အနည်းဆုံး ဆယ်ချီရှိနေပြီလို့လည်း…

Read More

မီဇိုရမ်ပြည်ကနေ မြန်မာနိုင်ငံဘက်ကို ဓာတ်မြေသြဇာ ရောင်းချတာ၊ တင်သွင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံဘက်ကို ဓာတ်မြေသြဇာတင်သွင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ လောင်တလိုင်မြို့မှာနေထိုင်သူ ဒေသခံတစ်ဦးက “ဓာတ်မြေသြဇာက မိုင်းအတွက် အသုံးပြုတယ်ဆိုတာမျိုး လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းကြားလို့ထင်တယ် ကုန်ပစ္စည်းတော်တော်များများကလည်း ပလက်ဝကနေ တဆင့် ရခိုင်ဘက် သယ်ယူနေတာဆိုတော့ ဒီဓာတ်မြေသြဇာသယ်ယူတာတွေကို ပိတ်တာဖြစ်တယ်” လို့ပြောပါတယ်။ ဒီတားမြစ်ချက်ဟာ ၂ လအတွင်း အကျုံးဝင်မှာဖြစ်ပြီး သယ်ယူတာလုပ်တဲ့သူတွေကို လိုင်စင်သိမ်းတာ၊ ကားသိမ်းတွေ အပြင် စတဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လောင်တလိုင်ခရိုင်က အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း၊ ကုလားတန်မြစ်ကမ်းတွေကနေတဆင့် ကုန်ပစ္စည်းတွေ…

Read More

UNHCR ကဒ် မတရားသိမ်းခံရပြီး ဒီကနေ့ချိန်ထိ မရသေးတဲ့ ချင်းဒုက္ခသည်တွေ နာမည်စာရင်းပေးအပ်ဖို့ အသိပေး

စက်တင်ဘာလ ၁၇ ရက်။ မလေးရှားနိုင်ငံမှာ UNHCR ရဲ့ Chin Cessation policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆဲခြင်းကာလ ၂၀၁၇ ၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း UNHCR ကဒ် မတရားသိမ်းခံရပြီး ကဒ်ပြန်ပေးရန် အဖွဲ့အစည်းအသီးသီးမှ အသနားခံစာတင်ထားသော်လည်း ဒီကနေ့ချိန်ထိ မရသေးတဲ့ မလေးရှားရောက် ချင်းဒုက္ခသည်တွေ အနေနဲ့ သက်ဆိုင်ရာချင်းအဖွဲ့အစည်းတွေဆီကနေ နာမည်စာရင်း နဲ့ လက်ရှိကိုင်ဆောင်တဲ့ ဖုန်းနံပတ်တွေပေးဖို့ မလေးရှားရှိ ချင်းအဖွဲ့အစည်းအသီးသီးက အသိပေးထုတ်ပြန်ထားပါတယ်။ Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အဖွဲ့အစည်းတိုင်းရဲ့ ရုံး Email ကနေတဆင့် အရင်က ချင်းဒုက္ခသည်ကဒ်သိမ်းခံရပြီး ပြန်မရတဲ့သူတွေရှိရင် နာမည်စာရင်းပေးပို့ဖို့ UN ရုံးဘက်က လာတောင်းလို့ဖြစ်တယ်။ ခုနှစ်တော့…

Read More