Headlines

မလေးရှားမှာ မနေ့ညက အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦး ကိုဖမ်းဆီး

စက်တင်ဘာလ ၉ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ပူချွန်းမာရှိ အစားအသောက်ဆိုင်တန်းကို မနေ့စက်တင်ဘာလ ၈ ရက်နေ့က မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အထောက်ထားမဲ့ နိုင်ငံခြားသား ၅၅ ဦး ဖမ်းဆီးမိတဲ့အထဲ မြန်မာနိုင်ငံသား ၄၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပူချွန်မြို့ရှိ အစားအသောက်ဆိုင်တန်းကို မနေ့က ၁ နာရီခန့်အကြာ နိုင်ငံခြားသား ၆၀ ဦးနဲ့ ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးတို့ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၃…

Read More

သန်းချီတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ အလောင်းတွေ အပေါ်မှာလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ကုလသမဂ္ဂမှာ CHRO တိုက်တွန်း

စက်တင်ဘာလ ၉ ရက်။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ရတဲ့ အလောင်းတွေအပေါ်မှာ လုပ်မယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် တရား၀င် အဖြစ် အသိအမှတ်မပြုဖို့ ၆၀ ကြိမ်မြောက်ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအ‌‌ေ၀းမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကပြောကြားခဲ့ပါတယ်။ ဆလိုင်းဇအုပ်လိန်းက “ဒီလိုလုပ်တာဟာ အခြေအနေကို ပိုဆိုးစေပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပိုမိုပြင်းထန်လာစေကာ နှစ်ပေါင်းများစွာ ပိုပြီး ဆင်းရဲဒုက္ခရောက်စေမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်မပြုပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဟာ အာဆီယံရဲ့ သဘောတူညီတဲ့ အချက်တွေထဲက အခြေခံအကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဆိုတဲ့ ပထမဆုံးအချက်ကိုတောင် အကောင်အထည်မဖော်နိုင်တဲ့အပြင် အဲဒီသဘောတူညီချက် ငါးချက်ထဲမှာလည်းရွေးကောက်ပွဲအကြောင်း ဘာတစ်ခုမှထည့်သွင်းထားခြင်းမရှိကြောင်း၊ စစ်ကောင်စီဟာ…

Read More

မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ချမ်ဒူပါရွာမှာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

စက်တင်ဘာလ ၄ ရက်။ မြန်မာနိုင်ငံ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိပြီး နောက် မကြာမီအတွင်း ချမ်ဒူပါရွာမှာ သံသယရှိသူတစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးထားတယ်လို့ India Today Media က ဒီကနေ့စက်တင်ဘာလ ၄ ရက်မှာ ဖော်ပြပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ စက်တင်ဘာ ၂ ရက်နေ့က လက်နက်နဲ့ ခဲယမ်းတွေ မှောင်ခိုကူးနေတယ်လို့ သတင်းရတာကြောင့် စစ်ဆင်ရေးတစ်ခုလုပ်ခဲ့ရာ သံသယရှိသူတစ်ဦးစစ်ဆေးခဲ့ရာ ၄င်းနဲ့အတူ .22 လေရိုင်ဖယ်တစ်လက်၊ .22 single-barrel သေးငယ်တဲ့ ရိုင်ဖယ်တစ်လက် (နိုင်ငံခြားလုပ်)၊ .22 ကျည်အိမ်နှစ်ခုနဲ့ .22 ကျည်ဆယ်တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး  ဖမ်းမိတဲ့ပစ္စည်းတွေနဲ့ သံသယရှိသူကို ထပ်မံစစ်ဆေးဖို့အတွက် လောင်တလိုင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ လက်နက်အများအပြား ဖမ်းဆီးရမိပြီး ရက်အနည်းငယ်အကြာမှာ…

Read More

မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေး ၄ လကြာ အထူးစစ်ဆင်ရေးစတင်

စက်တင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတိုက်ဖျက်ရေး အတွက် ၄ လကြာ အထူးစီမံချက်တစ်ခုကို စက်တင်ဘာလ (၁) ရက်ကနေစတင်ပြီဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်က ရဲအရာရှိတစ်ဦးပြောကြားကြောင်း India Today သတင်းဌာနက ဖော်ပြပါတယ်။ အခုမူးယစ်ဆေးဝါးမှောင်ခိုမှုတိုက်ဖျက်ရေး အထူးစစ်ဆင်ရေးကို စက်တာဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ ပြည်နယ်ရဲတပ်ဖွဲ့အပြင် အကောက်ခွန်၊ မူးယစ်ဆေးဝါးဌာနနဲ့ မီဇိုရမ်ပြည်နယ်ရဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Young Mizo Association (YMA) တို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး K Sapdanga က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ မှောင်ခိုသမားတွေဟာ ခိုးမှုနဲ့တခြားပြစ်မှုတွေမှာ ပါဝင်နေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိချုပ် H…

Read More

မြန်မာဖက်ကိုပို့မယ့် လက်နက်ခဲယမ်းများ မီဇိုရမ်ပြည်နယ်မှာဖမ်းမိ

ဩဂုတ်လ ၃၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဆိုင်းကမ်းဖိုင်းရွာမှာထောက်လှမ်းရေးသတင်းအရ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနယ်စပ်ဖက်ကို တင်ပို့မယ်လို့ ယူဆရတဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ စစ်သုံးပစ္စည်း အမြောက်အများနဲ့ အတူ လူတစ်ဦး ကို ဖမ်းဆီးရမိတယ်လို့ ဩဂုတ်လ (၃၁) ရက်နေ့မှာ India Today Media ကဖော်ပြပါတယ်။ ထောက်လှမ်းရေးအဖွဲ့အနေနဲ့ သတင်းအတိအကျရထားတဲ့အတွက် တပ်ဖွဲ့ဝင်တွေက သံသယရှိတဲ့အိမ်တစ်အိမ်ကို ဝိုင်းထားပြီး စစ်ဆေးရှာဖွေခဲ့ရာမှာ ၁၂-ဘို့ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက်၊ ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရှိခဲ့တဲ့အတွက် အိမ်ပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီး ဘေးပတ်ဝန်းကျင်က တောအုပ်ထဲမှာ ဆက်လက်ရှာဖွေတဲ့အခါ ဝှက်ထားတဲ့ လက်နက်ပစ္စည်းတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ Heckler & Koch G3 ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ Springfield…

Read More

မလေးရှားမှာ ACR အဖွဲ့ဝင်တွေကို ဒုက္ခသည်အမှုတွဲ (Case) အကြံပေးဆွေး‌နွေးမှုများ စတင်ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်။ မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ Alliance of Chin Regugees (ACR) အဖွဲ့က အဖွဲ့ဝင်တွေကို ACR ကဒ်ပြုလုပ်ချိန် ဒုက္ခသည် အမှုတွဲ (Case) အကြံပေးဆွေး‌နွေးမှုများကို စက်တင်ဘာလ ၁ ရက်နေ့ကစလို့ အကြံပေးဆွေးနွေးမှုတွေကို ပြုလုပ်ပေးသွားတော့မှာဖြစ်တယ်လို့ ACR က ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအ‌ေခြ အနေ ဆိုးရွားမှုများကြောင့် ချင်းလူမျိုးများစွာမလေးရှားသို့ထွက်ပြေး လာခဲ့ကြရပြီး မလေးရှားရောက်ရှိပြီး‌နောက် UNHCR ၏ဒုက္ခသည်အကာကွယ်ကိုလည်းလျှောက်ထားကြပြီးဖြစ်သလို လတ်တလောမှာလည်း UNHCR မှ ၂၀၁၉ – ၂၀၂၂ ခုနှစ်များအတွင်း UN လူသစ်မှတ်ပုံတင်ခြင်းလျှောက်ထားသောသူများကို ရက်ချိန်း‌များပေးပြီးမှတ်ပုံတင်များပြုလုပ်ပေးနေပြီဖြစ်သော်လည်း မိမိချင်းလူမျိုးများအ‌နေဖြင့် မိမိဒုက္ခသည်အမှုတွဲ (case) များ အကြောင်း သေချာနားမလည်ဘဲ UNHCR…

Read More

မလေးရှားနိုင်ငံမှာ ချင်းအမျိုးသား ၇ ဦး ကို သင်းခွေချပ်ဖမ်းဆီးမှု၊ တောကောင်သတ်စားမှုတို့ကြောင့် ထောင်ဒဏ် ၈ နှစ် တရားရုံးက ချမှတ်

သြဂုတ်လ ၂၉ ရက်။ မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ် စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ချင်းပြည်နယ်၊ပလက်၀မြို့နယ်ဇာတိ ခူမီးချင်းအမျိုးသား ၇ ဦးကို သင်းခွေချပ်ဖမ်းဆီးမှု၊ တောကောင်သတ်စားမှုတွေကြောင့် သစ်တောဌာနက အမူ ၄ မူဖြင့် တရားစွဲခဲ့ပြီး တရားရုံးက ထောင်ဒဏ် ၈ နှစ်နဲ့ ၄ လ အမိန့်ချခဲ့တယ်လို့ မလေးရှားနိုင်ငံရောက် ခူမီးအမျိုးသားတစ်ဦးကပြောပါတယ်။ မလေးရှား သစ်တောဌာနက ခူမီးချင်းအမျိုးသား ၇ ဦးကို သင်းခွေချပ်အခွံ ၄၇၇ ခု လက်ဝယ်တွေ့ရှိမှု၊ သားကောင်ဖမ်းရန်ကြိုးလက်ဝယ်တွေ့ရှိမှု၊ ကြံ့သူတော်အကောင် အရိုးတွေ့ရှိမှု၊ အသားခြောတွေ့ရှိမှုတွေနဲ့ တရားစွဲဆိုတာဖြစ်ပြီး ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၈ နှစ်နဲ့ ၄ လ အမိန့်ချခဲ့တာဖြစ်တယ်လို့ မလေးရှားနိုင်ငံရောက် ခူမီးအမျိုးသားတစ်ဦးကပြောပါတယ်။…

Read More

မီဇိုရမ်ပြည်နယ်မှာ (၅) နှစ်အတွင်း မူးယစ်ဆေး၀ါးသုံးစွဲမှုကြောင့် သေဆုံးသူ ၃၅၁ ဦးရှိ၊ အမျိုးသမီး ၄၆ ဦးပါ၀င်

ဩဂုတ်လ ၂၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေး၀ါးသုံးစွဲမှုကြောင့် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ဩဂုတ်လ (၈) ရက်နေ့အထိ သေဆုံးသူ ၃၅၁ ဦးရှိပြီး အမျိုးသမီး ၄၆ ဦးပါ၀င်တယ်လို့ ဗုဒ္ဓဟူးနေ့မှာကျင်းပပြု လုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအ‌ေ၀းမှာ ပြည်နယ်အရက်နှင့် မူးယစ်ဆေးဝါးဌာနဝန်ကြီး Lainghinghlova Hmar ကပြောကြားခဲ့တယ်လို့ ဩဂုတ်လ (၂၇) ရက်နေ့မှာ India Today သတင်းဌာနမှာဖော်ပြပါတယ်။ လွှတ်တော်အစည်းအ‌ေ၀းမှာ Mizo National Front ပါတီဝင် လွှတ်တော်အမတ် K Laldawngliana ရဲ့ မေးမြန်းချက်ကို ဝန်ကြီး Hmar က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၃၅၁ ဦးရှိတဲ့အကြောင်း၊ အဲဒီအထဲက ၇၈ ဦးဟာ ဟီးရိုးအင်း သုံးစွဲမှုကြောင့် သေဆုံးခဲ့ပြီး၊ ၂၇၃ ဦး ကတော့ မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အသက်အပိုင်းအခြားကတော့ ၁၉ နှစ်ကနေ…

Read More

မလေးရှားနိုင်ငံမှာ အသက် ၃၅ နှစ်ခန့် ခူမီးချင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံး

သြဂုတ်လ ၂၈ ရက်။ မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Bentong မြို့နယ်မှာ ပလက်၀ဇာတိအသက် ၃၅ နှစ်ခန့် ခူမီးချင်းအမျိုးသားတစ်ဦး သြဂုတ်လ ၂၄ ရက်နေ့က ရေနစ်သေဆုံးခဲ့ပြီး သေဆုံးသူ၏ နီးစပ်သူတွေ အနေနဲ့ ဒီကနေ့သြဂုတ်လ ၂၈ ရက်မှ သိရတယ်လို့ မလေးရှားနိုင်ငံရောက် ခူမီးချင်းအမျိုးသားတစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံရောက် ခူမီးချင်းအမျိုးသားတစ်ဦးက “ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်အထိ သူ့မိတ်တွေနဲ့ ဖုန်းအဆက်သွယ်ရသေးမယ့် ညနေလောက်မှာ အဆက်သွယ်မရတော့လို့ အဲဒီနေ့မှာ သေဆုံးတာဖြစ်နိုင်တယ်လို့ ခန့်မှန်းတာပေါ့ သူအလုပ်လုပ်နေတာက ဒူးရင်းခြံမှာ အလုပ်လုပ်နေတာဖြစ်တယ် သူတို့ခြံသူဌေးက ရှာမတွေ့လို့ ရဲတွေနဲ့ ရှာပြီးမှ ဒူးရင်းခြံအနားက ချောင်းမှာ ရေနစ်သေဆုံးတဲ့ သူအလောင်းကိုတွေ့ကြတာပေါ့ နောက်ပြီး သူတို့စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူက ရေချိုးရင်း ဝက်ရူးပြန်ပြီး…

Read More

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ပြန်ပို့ခံရတဲ့အထဲ မြန်မာနိုင်ငံသား ၁၁၁ ဦးပါဝင်တယ်လို့ သိရ

ဩဂုတ်လ ၂၅ ရက်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ မူလနိုင်ငံ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား ၂၉၂ ဦးထဲမှာ မြန်မာနိုင်ငံသား ၁၁၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာနရဲ့ သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၂၉၂ ဦးကိုလူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးထောင်ချပြီး ပြန်လွတ်လာတဲ့သူတွေကို ဂျိုဟိုးနားပြည်နယ် ပီကန်နာနာစ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ပြည်နှင်ဒဏ်ပေးခဲ့တာလို့လည်း သိရပါတယ်။ မူလနိုင်ငံသို့ ပြန်ပို့တဲ့အထဲ အင်ဒိုနီးရှားနိုင်ငံသား ၁၄၀ ဦး၊ မြန်မာနိုင်ငံသား ၁၁၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ တရုတ်နိုင်ငံသား ၇ ဦး၊ ပါကစ္စတန်နိုင်ငံသား ၆ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး၊…

Read More