Headlines

စစ်ကောင်စီရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး  

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Pabitra Margherita နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဦးတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ India Today  က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအနေအနေနဲ့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Pattarat Hongtong ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဦး၊ ဒိုမီနီကန်သမ္မတနိုင်ငံသံအမတ်ကြီးတို့နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မြဲစေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယအစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ တွေ့ဆုံမှုမှာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးမှာ ဆက်လက်ပြီး ပူးပေါင်းမှု မြှင့်တင်ရေးနဲ့ အပြန်အလှန် အကျိုးရှိမယ့် စီးပွားရေးဆိုင်ရာ ကိစ္စတွေအပြင် မိတ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးကြတယ်လို့ India Today ကဖော်ပြပါတယ်။ စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့အကြား…

Read More

မြန်မာ- အိန္ဒိယ နယ်စပ်ခြံစည်းရိုးခတ်မှုဟာ ဌာနေတိုင်းရင်းသားအခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ MZP ကအိန္ဒိယဗဟိုအစိုးရကို စာပေးပို့

27 Jan 2025 အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား နယ်နိမိတ်နယ်မြေအတွင်း ခြံစည်းရိုးခံခြင်းဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်ဖို့  မီဇိုရမ်ပြည်နယ်အတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းလှုပ်ရှားမှုမှာ အားကောင်းတဲ့ မီဇိုကျောင်းသားအဖွဲ့အစည်း Mizo Zirlai Pawl (MZP) က အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းစာပေးပို့ထားပါတယ်။ တိုက်တွန်းစာပေးပို့ရာမှာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် တာဆီးပိတ်ပင်မှုနဲ့ ကန့်သတ်မှုများဆောင်ရွက်လာပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime( FMR) ကိုပါ ဖျက်သိမ်းတာကိုလည်း ဗဟိုအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိပ်မူပေးပို့ထားတယ်လို့ India Today Media က ဇန်နဝါရီ ၂၇ ရက်နေ့မှာဖော်ပြပါတယ်။ အဆိုပါတိုက်တွန်းစာမှာ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် Signh ရဲ့ အိန္ဒိယဗဟိုအစိုးရကို ပေးပို့တဲ့ စာမှာ မြန်မာနိုင်ငံနဲ့ အခုလို နယ်စပ်စည်းမျဉ်းမှာ ခြံစည်းရိုးခတ်တာဟာ မီဇိုလူမျိုးများရဲ့…

Read More

ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံမှာ အထောက်ထားမဲ့ ချင်းလူမျိုး ၅၀ ဝန်းကျင်ခန့် ဖမ်းဆီးခံရပြီလို့ သိရ

ဇန်နဝါရီလ ၂၈ ရက်။ မလေးရှားနိုင်ငံမှာ အထောက်ထားမဲ့ ရွှေ့ပြောင်းနေထိုင်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာကို ချင်းလူမျိုး အယောက် ၅၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထား ရတယ်လို့ ရွှေ့ပြောင်းအရေးတက်ကြွစွာ လုပ်ဆောင်ပေးနေတဲ့ သူတွေဆီကနေ သိရပါတယ်။ လက်ရှိမှာလည်း မလေးရှား အာဏာပိုင်တွေဟာ အထောက်ထားမဲ့ ရွှေ့ပြောင်းတွေကို ဖမ်းဆီးတာတွေ အရင်ကထက် ပိုမိုလုပ်ဆောင်နေပြီး လမ်းတွေပိတ်ဆို့ကာ ဖမ်းဆီးတာ၊ Bus ကားပေါ်တက်ပြီး ဖမ်းတာမျိုးထိ လုပ်ပြီး ဖမ်းဆီးနေတယ်လို့ မလေးရှားမှာ နေထိုင်တဲ့သူတွေဆီကနေ သိရပါတယ်။ ရွှေ့ပြောင်းအရေးတက်ကြွစွာ လုပ်ဆောင်နေသူတစ်ဦးက “ ဒီဇန်နဝါရီလထဲမှာကို အထောက်ထားမဲ့ မြန်မာချည်းဘဲကို ၃၀၀ ကျော်နေပြီ ဖမ်းဆီးခံရတာ အဲဒီထဲကနေ ပီနန်းပြည်နယ် ကင်မရွင်ဟိုက်လန်းဘက်က ချင်းတွေတော်တော်ပါသွားတယ် အယောက်သုံးဆယ်လောက်ပါသွားတယ် ဒီလထဲ စုစုပေါင်း ချင်းလူမျိုး…

Read More

မဏိပူရ်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တောင်ပေါ်၊ မြေပြန့်ခွဲခြားမှုမရှိပဲ ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ကတိပြု

ဇန်နဝါရီလ ၂၂ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်သူများအတွက် လူမှုဘ၀ဖွံ့ဖြိုးတိုးရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာ တောင်တန်းဒေသနေထိုင်သူများနဲ့ မြေပြန့်တွင်နေထိုင်သူများအကြား ခွဲခြားမှုမရှိပဲ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Singh က ပြောကြားတယ်လို့ Northeast Today Media မှာဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ်၊ တောင်ပေါ်ဒေသဖြစ်တဲ့ Kamjong ခရိုင်၊ Riha ရွာမှာ လက်ရှိကျင်းပနေတဲ့ အားကစားပွဲတစ်ခုမှာ ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်လေးစားမှုကို မြှင့်တင်ရန် အထူးအာရုံစိုက်လျက်ရှိတယ်လို့ ဒေသခံများကိုပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်ကစတင် ဖြစ်ပွားခဲ့တဲ့ ပြည်နယ်တွင်း ကသည်းလူမျိုးစုများနဲ့ ဇို-ကူကီးလူမျိုးစုများအကြားပဋိပက္ခဖြစ်စဉ်များကြောင့် လူရာချီသေဆုံး၊ ပျက်ဆီးမှုများကိုလည်း မီးမောင်းထိုးအလေးပေးပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က “ အခု BJP ဦးဆောင်တဲ့ အစိုးရအနေနဲ့ အားလုံးအကျုံးဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး…

Read More

မဏိပူရ်ပြည်နယ်မှာ နေထိုင်သူများအနေနဲ့ နောင်တွင် လူမျိုးရေးပြသနာကိုဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ်တိုက်တွန်း

ဇန်န၀ါရီလ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးအနေနဲ့အချင်းချင်းကြားနားလည်မှုလွဲမှားတဲ့ကိစ္စရပ်များကို အကြမ်းဖက်နည်းလမ်းမဟုတ်ပဲဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ဖြေရှင်းပြီး လူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုအကြား အသိအမှတ်ပြုကာနေထိုင်ကြရမှာဖြစ်တယ်လို့ ဇန်နဝါရီလ (၂၁) ရက်နေ့တွင်ကျရောက်တဲ့ ၅၃ နှစ်မြောက်မဏိပူရ်ပြည်နယ်နေ့မှာ ဝန်ကြီးချုပ် N Biren Singh ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က “ နားလည်မှုလွဲမှားမှုတိုင်းကို အတူတကွ ဆွေးနွေးဖြေရှင်းသင့်တယ်။မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ပြသနာကို လမ်းကြောင်းလွှဲဖို့ ကြိုးစားတာကိုရပ်လိုက်ကြရအောင်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ မဏိပူရ်ပြည်နယ်အတွင်းတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ပြီးမောင်းထုတ်ရမှာဖြစ်တယ်။ ပြည်နယ်အတွင်း မူလကတည်းက အခြေချနေထိုင်တဲ့မျိုးနွယ်စုအချင်းချင်း အသိအမှတ်ပြုပြီး အတူတကွ နေထိုင်ရန် လိုအပ်ပါတယ်”လို့ပြောပါတယ်။ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကသည်းလူမျိုးများနဲ့ ဇို-ကူကီးလူမျိုးနွယ်စုတို့အကြား၂၀၂၃ ခုနှစ် မေလက စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ကျော်သေဆုံးပြီး လူပေါင်း ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင်ဘာသာရေးအဆောက်အဦးပေါင်း ၃၈၆…

Read More

“အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

“ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့ တိုင်းပြည်ဟာ ပွင့်လင်းပြီး တကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါမယ်။ နိုင်ငံတိုင်းက အားကျရပြီး၊ ကျနော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေး ယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ Trump အစိုးရလက်ထက် နေ့စဉ်တိုင်းမှာ အမေရိကန်ကသာ ပထမဦးစားပေး ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ ညီညွတ်ရေးသမားအဖြစ် ဂုဏ်ယူစွာနဲ့ သမိုင်းအမွေထားရစ်ပါမယ်။ မနေ့က ပြောသလိုပါပဲ ကျနော် သမ္မတတာဝန် မယူခင် တရက်မှာပဲ အရှေ့အလယ်ပိုင်းက ဓါးစာခံတွေ လွတ်မြောက်လာပြီး သူတို့ မိသားစုတွေဆီ ပြန်သွားကြပါပြီ။” အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၀ ရက်မှာ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာ…

Read More

အိန္ဒိယ – မြန်မာနယ်စပ်လွတ်လပ်စွာဖြတ်သန်းခွင့်ပိတ်ပင်မှုကို ကန့်ကွက်ကြောင်း ဇန်နဝါရီ ၂၉ မှာ မီဇိုရမ်ပြည်နယ်အနှံ့ဆန္ဒဖော်ထုတ်မယ်

ဇန်နဝါရီလ ၁၉ ရက်။ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယ-မြန်မာ လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်ခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းပြီး ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ခွင့်ပြုချက်အထောက်အထားများတောင်းခံတဲ့ စနစ်သစ်ကို ကျင့်သုံးလာတဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ (၂၉) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်အနှံ့ပြုလုပ်မှာဖြစ်တယ်လို့ ZORO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ R.Sangkawia ကပြောကြားလိုက်ကြောင်း India Today မီဒီယာကဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Re – Unification Organization (ZORO) အဖွဲ့နဲ့ Chin, Kuki, Mizo အရပ်ဖက် အဖွဲ့အစည်းများရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပြီး အင်ဒို – မြန်မာနယ်စပ် ခြံစည်းရိုးကာခြင်း၊ စစ်ရှောင်များအား…

Read More

မာတင်လူသာကင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရ

ဇန်န၀ါရီလ ၁၈ ရက်။ အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှုကို တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာမာတင်လူသာကင်း (Martin Luther King၊ Jr. )ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ လ ဖြစ်တဲ့ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကို Martin Luther King နေ့အဖြစ် သတ်မှတ်ထားကာ သူ့မွေးနေ့ရက်ကို နှစ်စဉ်ဇန်နဝါရီလ တတိယအပတ်မှာ ဂုဏ်ပြုကျင်းပကျပြီး ဒီနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ မြန်မာဒုက္ခသည်အများစု အခြေချတဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်မှာ ကျင်းပတဲ့မာတင်လူသာကင်းနေ့ ဂုဏ်ပြုပွဲမှာ ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ကို Burmese American Community Institute (BACI) ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရပါတယ်။ အမေရိကန်ပြည်ထောင်စု၊…

Read More

မီဇိုရမ်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၇၁ ဦးရှိပြီးမြန်မာနယ်စပ်ဖက်မှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအတွက် ကြီးမားတဲ့စိန်ခေါ်မှုရှိနေဆဲ

ဇန်န၀ါရီလ ၁၄ ရက်။ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၇၁ ဦးရှိပြီးမီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ရှည်ထိစပ်နေတဲ့ မြန်မာနိုင်ငံဖက်ကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့မီဇိုရမ်ပြည်နယ်ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဦးစီးဌာနရဲ့အစီရင်ခံစာအရသိရကြောင်း ဇန်နဝါရီလ(၁၃) ရက်နေ့မှာ The northeast Today မီဒီယာကဖော်ပြပါတယ်။ “ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူဦးရေထက်စာရင် ဒီနှစ်စာရင်းမှာ ၇၄ ဦးသေဆုံးတာဟာသေဆုံးမှု အနည်းငယ်လျှော့သွားတယ်။ သေဆုံးသူအများစုကတော့ ဘိန်းဖြူသုံးစွဲမှုနဲ့အဓိကဆက်စပ်ပါတယ်” လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga ကပြောပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ၁၉၈၄ ခုနှစ်ကစတင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီးသေဆုံးသူများစာရင်းကို သီးခြားထုတ်ပြန်ခဲ့ပြီး နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ်အစီရင်ခံစာအထိ အမျိုးသမီး ၂၃၀ ဦးအပါအဝင် လူပေါင်း ၁၈၈၁ ဦးသေဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်း အရက်ယမကာများတရားမဝင်တင်သွင်းခြင်းနဲ့ရောင်းချခြင်း၊လိုင်စင်မပါပဲ မှောင်ခိုဖြင့်ဝယ်ယူသောက်သုံးခြင်းတွေကို တားမြစ်ထားပေမယ့်လည်းမကြာခင်နှစ်ပိုင်းများက ဘိန်းဖြူသုံးစွဲမှုပိုမိုမြင့်တက်လာပြီး…

Read More

ချင်းလူငယ် Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Hall of Fame ဆုချီးမြှင့်ခံရ

ဇန်နဝါရီလ ၁၄ ရက်။ လက်ရှိUFC မှာထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Fury FC က Hall of Fame ဆုကို Joshua Van ကိုဇန်နဝါရီလ ၁၃ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ Hall of Fame ဆုကို Flyweight ချန်ပီယံဖြစ်ခဲ့တဲ့ သူတိုင်း မရကြဘဲ။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC မှာအပျော်တမ်းပွဲတွေထိုးသတ်ရာကနေ Professional UFC ပြိုင်ပွဲကို ရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ ဒီလိုဂုဏ်ပြုခံရတာဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ဒီHall of Fame…

Read More