အမေရိကန်အစိုးရသစ်က အကူအညီဆိုင်းငံ့ပေမယ့် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်က ဒုက္ခသည်များကိုတိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို
ဇန်နဝါရီလ ၂၉ ရက်။ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုအစီအစဉ်တွေဆိုင်းငံ့ကြောင်း သမ္မတအသစ် Donal Trump ကလက်မှတ်ရေးထိုးပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ဗြိတိန်၊ EU ၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံအပါအဝင် အနောက်နိုင်ငံက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် တိုးမြှင့်ကူညီပေးဖို့ လိုအပ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) အနေနဲ့ တောင်းဆိုလိုက်ပါတယ်။ “အမေရိကန်အကူအညီ ဆိုင်းငံ့ခြင်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တွေအတွက် ထိခိုက်စေရုံသာမက မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက် နယ်မြေများရဲ့ တည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေးကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အတွက် ရေရှည်ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေတယ်လို့” ဟု CHRO ရဲ့အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling ပြောပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေး ဆိုင်းငံ့မှုဟာ စစ်ကောင်စီရဲ့…

