Headlines

မီဇိုရမ်ပြည်နယ်မှာ ပြည်ပကနေရောက်ရှိလာသူများ တရားဝင်အလုပ်လုပ်ခွင့်ရရှိရေး ဥပဒေကြမ်း မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးမယ်

မြန်မာပြည်ဖက်က စစ်ဘေးရှောင် လူသောင်းချီကိုလက်ခံထားတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အနေနဲ့ မကြာခင်ကျင်းပမယ့် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ပကနေရောက်ရှိလာသူတွေအပါအဝင် ဒေသခံလူငယ်များအတွက် တရားဝင်အလုပ်လုပ်ခွင့်ရရေး ဥပဒေမူကြမ်းကို ဆွေးနွေးမယ်လို့ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်ရုံးကထုတ်ပြန်ပါတယ်။ လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အစည်းအဝေးအတွင်း ပြည်ပကနေလာရောက်နေထိုင်ပြီး မီဇိုရမ်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် သီးသန့်နေရာချထားပေးရေးကိစ္စများကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ India Today ကဖော်ပြပါတယ်။ အဆိုပြုထားတဲ့ ဥပဒေကြမ်းမှာ ပုဂ္ဂလိက အလုပ်ခန့်ထားရေး၊ အိမ်အကူအမျိုးသမီးအလုပ်သမားများကိစ္စ၊ နိုင်ငံပြင်ပကနေတရားဝင်လမ်းကြောင်းကတစ်ဆင့် အလုပ်သမားအရေးဆောင်ရွက်ပေးမယ့်အေဂျင်စီများကို ဥပဒေကြောင်းအရ လုံခြုံစိတ်ချရတဲ့ လမ်းညွှန်ချက်နဲ့ လိုင်စင်ထုတ်ပေးရေး ကိစ္စများပါဝင်မယ်လို့သိရပါတယ်။ အခုလိုအလုပ်သမားများတရားဝင်လက်ခံရေးကိစ္စဟာ ယခင်နှစ်များက ပြည်နယ်တွင်းကလူငယ်များ ဆီးရီးယား၊ UAE နဲ့ အခြားပင်လယ်ကွေ့နိုင်ငံများမှာ လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲများစွာရှိခဲ့ပြီး အထူးသဖြင့် ဥပဒေကြောင်းအရ အခက်အခဲများကြုံတွေ့နေကြရတာကြောင့် ပြည်နယ်အစိုးရ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနဲ့…

Read More

မလေးရှားနိုင်ငံမှာ ချင်းအမျိုးသမီးတစ်ဦးကို အကြမ်းဖက်သတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိပြီလို့သိရ

ဖေဖော်ဝါရီလ ၁၇ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိမ်မှာ အကြမ်း ဖက်အသတ်ခံလိုက်ရတဲ့ အသက် (၃၆) နှစ်ဝန်းကျင်အရွယ်ရှိ ကလေးမိခင် ချင်းအမျိုးသမီးကို သတ်ခဲ့တဲ့ တရားခံမြန်မာနိုင်ငံသားကို ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။ လူသတ်တရားခံက သူသတ်တယ်ဆိုတာ ဝန်ခံလို့ မနေ့ နေ့လည် ၂ နာရီလောက်မှာ Dai Community in Malaysia နဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းကာ တရားခံကို ဖမ်းဆီးအပ်နှံနိုင်ခဲ့တာလို့ Dai Community in Malaysia…

Read More

မလေးရှားနိုင်ငံမှာ အသက် (၃၆) နှစ်ဝန်းကျင် ချင်းအမျိုးသမီးတစ်ဦး အိမ်မှာအကြမ်းဖက်ခံရပြီး အသတ်ခံရတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ ချင်းလူမျိုး အမျိုးသမီး ၃၆ နှစ်ဝန်းကျင်အရွယ်ရှိသူ တစ်ဦးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အိမ်မှာအကြမ်းဖက်သတ်ဖြတ်ခံရတာကိုတွေ့ရှိရကြောင်း Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။ သေဆုံးသူရဲ့ အမျိုးသားဟာ ယမန်နေ့က Seremban ကိုအလည်သွားခဲ့ပြီး မနေ့ညက သူ့အမျိုးသမီးတစ်ယောက်ထဲသာ အိမ်မှာကျန်ခဲ့တဲ့ချိန် တခြားလူဝင်ရောက်ကာ အကြမ်းဖက် သတ်သွားတဲ့ ပုံစံဖြစ်ပြီး ဒီကနေ့မနက် သေဆုံးသွားသူအမျိုးသမီးရဲ့ အမျိုးသား အိမ်ပြန်ရောက်လာချိန်တံခါးဖွင့်ချိန်မှ သေဆုံးနေတာကို တွေ့ရတာလို့ Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Hung Naing ကပြောပါတယ်။ “အလောင်းတွေ့တာနဲ့…

Read More

မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်

ဖေဖော်ဝါရီလ ၁၀ ရက်။ မဏိပူရ်မှာ စစ်ရှောင်ကြတဲ့ မြန်မာစစ်ဘေးရှောင်လူရာနဲ့ချီကို ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ဟာ ရာထူးမှနုတ်ထွက်ကြောင်းစာကို ဖေဖော်ဝါရီ ၉ ရက်က မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ ကြောင်းသိရပါတယ်။ မဏိပူရ် ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဟာ ဖေဖော် ဝါရီ ၉ ရက်မှာ ရာထူးက နုတ်ထွက်သွားပြီလို့ ပြည်နယ်အစိုးရ အတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။ N Biren Singh လက်ထက် မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလက လူများစုကသည်းလူမျိုးများနဲ့ ကူကီး(ဇို)လူမျိုးအ ကြား လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခ ဖြစ်ပွားခဲ့ကာအဆိုပါ လူမျိုး‌ရေးပဋိပက္ခကြောင့် လူရာချီ သေဆုံးမှုများရှိခဲ့ပြီး လူသောင်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။လူမျိုး ရေး…

Read More

မီဇိုရမ်ပြည်က ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ကလေးငယ်အပါအဝင် လူ ၄၀ ကျော် ဝမ်းရောဂါဖြစ်နေကြလို့ ဆေးဝါးအကူအညီတွေ လိုအပ်နေ

ဖေဖော်ဝါရီလ ၇ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်၊ ကာကီကျေးရွာက ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ပလက်ဝ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အယောက် ၄၁ ဦးခန့်ဟာ ဝမ်းရောဂါဖြစ်လို့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “ကာကီစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်၊ ဝမ်းလျောဖြစ်နေကြတယ် ရောဂါဖြစ်တဲ့ လူနာက ၄၁ ဦး အထိရှိတယ် အခြေအနေကတော့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်။ နယ်စပ်ရဲ့ စစ်ရှောင်စခန်းလည်းဖြစ်တဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာနောက်ပြီး အလုပ်အကိုင်လည်း မရှိတော့ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ချိန်မှာ ရောဂါကလည်းထပ်ဖြစ်တော့ ဖြစ်နိုင်မယ်ဆိုရင် ဆေးဝါးအခမဲ့ ကုသပေးနိုင်မယ့်ဟာတွေ လိုအပ်တယ် လောင်တလိုင်အထိ ဆေးကုသဖို့ သွားဖို့ကလည်း လမ်းပန်းဆက်သွယ်ရေးအရ…

Read More

အမေရိကန်နိုင်ငံမှာ အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ဖြစ်သွားတဲ့မြန်မာတွေ ပြည်နှင်ခံရနိုင်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေး

ဖေဖော်ဝါရီလ ၆ ရက်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီး အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ဖြစ်သွားတဲ့မြန်မာတွေအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရပြီး ပြည်နှင်ခံရနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီးနေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်နေသူဖြစ်တယ်ဆိုရင် ပြည်နှင်ချိန်မှ ထွက်ခွာတာထက် ကြိုတင် ထွက်ခွာဖို့၊ အထောက်အထားမဲ့နေတယ်ဆိုလည်း ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်တယ်လို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ပြည်တွင်းမှာ တရားမဝင်နေထိုင်သူတွေအရေးဖြေရှင်းတာနဲ့ တရားမဝင်နေထိုင်သူတွေကို သက်နိုင်ရာနိုင်ငံတွေကို ပြန်ပို့တာတွေလုပ်နေချိန်မှာပဲ ဝါရှင်တန်မှာရှိတဲ့မြန်မာသံရုံးက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ UNHRC ခေါ် United Nations Human…

Read More

တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများ‌ရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန် UNHCR မှ အရေးကြီးသတိပေး

************************************* အမေရိကန်အစိုးရမှ ဒုက္ခသည်များလက်ခံခြင်းအစီစဥ်(USRAP)ကို ဆိုင်းငံ့ထားကြောင်းတရားဝင်ကြေညာ ခဲ့သည့်အားလျှော်စွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) အနေဖြင့်လည်း ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ၏ညွန်ကြားချက်များကိုသာစောင့်ဆိုင်းနေလျှက်ရှိပါသည်။ ဤဆိုင့်ငံ့ခြင်းအမိန့်သည် မိသားစုခေါ်ယူခြင်းနှင့် WelcomeCorps အစီစဥ်များကို လည်းအကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် ဤစောင့်ဆိုင်းခြင်းကာလများအတွင်း သင့်အနေဖြင့် တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများ‌ရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန်အသိပေးအပ်ပါသည်။ ထို့အပြင်ဤကာလအတွင်း လိမ်လည်မှုများစွာရှိနိုင်သည်ကိုလည်းသတိထားရန်အကြံ ပြုအပ်ပါကြောင်းအသိပေးအပ်ပါသည်။ နိုင်ငံခြားသွားနိုင်ရန်ကူညီပေးနိုင်သည်၊အမြန်သွားရမည်ဟုပြောဆိုပြီးလိမ်လည်ခြင်းများကိုအယုံကြည်မရှိရန်အထူးသတိပေးအပ်ပါသည်။နိုင်ငံခြားသွားရန်ကူညီပေးမည်ဟုမဟုတ်မမှန် ကတိပေးသူမည်သူကိုမျှပိုက်ဆံမပေးမိရန်အသိပေးအပ်ပါသည်။သင့် ဒုက္ခသည်အမှုတွဲဖိုင် ပိုမိုလျှင်မြန်စေမည်ဟုဆိုကာ ပိုက်ဆံတောင်းသူများကိုလည်းအယုံကြည်မရှိရန်သတိပေးအပ်ပါသည်၊ ထိုကဲ့သို့ပြောဆိုလိမ်လည်သူများကိုသိရှိပါကအောက်ပါအတိုင်း တိုင်ကြားကြရန်တိုက်တွန်းအပ်ပါသည် – • လိမ်လည်မှုတိုက်ဖျတ်ရေးရဲဌာန (CCID Scam Response Centre) – 03-26101559 or 03-26101599. • UNHCR ဖောင်ကိုဖြည်ပြီး – ဖောင် Contact…

Read More

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံကို သွားလာတဲ့ရေကြောင်းလမ်း ကို အိန္ဒိယဖက်က တင်းကြပ်လိုက်တယ်လို့ သိရ

ဖေဖော်ဝါရီလ ၅ ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်စလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နယ်စပ်အကြား ရေကြောင်းလမ်းမှာ လူအဝင်အထွက်အသွားအလာကို အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေက စစ်ဆေးရေးဂိတ်တွေချပြီး တင်းကြပ်လိုက်တယ်လို့ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနတာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “အဓိကတော့ စစ်ဘေးရှောင်တဲ့ဟာကို လက်မခံတဲ့ သဘောဖြစ်တယ် ဒါပေမယ့် တစ်ခုက ဒီဘက်က အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လက်ခံပေးတဲ့ ထောက်ခံချက်နဲ့ ဆိုရင်တော့ သွားလာဖို့ အဆင်ပြေတဲ့အနားထားပေါ့နော် ကာကီနဲ့ ကျနော်တို့ရဲ့ ကာရမိတ်ရွာပေါ့နော် ပလက်ဝဘက်က အဲဒီရဲ့ကြားမှာ ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းမှာပေါ့ နောက်ပြီး တွီဒန်းနဲ့ ကာကီကြားမှာလည်း ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းအဝင်အထွက်ကို လက်တလောမှာတော့ နည်းနည်းကြပ်တဲ့သဘောဖြစ်တာပေါ့” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာရှိတဲ့…

Read More

မြန်မာအရေးနဲ့ပတ်သက်ပြီးဆက်လက်ထောက်ပံ့မယ့်အစီအစဉ်ကို သမ္မတ Donal Trump ဆီ သုံးသပ်စာပေးပို့ဖို့စီစဉ်နေ

United States Agency for International Development (USAID)ဟာ မိတ်ဖက်နိုင်ငံများကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုများကို ဦးဆောင်တဲ့ အမေရိကန်အစိုးရအေဂျင်စီ ဖြစ်ပါတယ်။ ဇန်နဝါရီလ အတွင်း အမေရိကန်နိုင်ငံရဲ့ အစိုးရတာဝန်လုပ်ငန်းများအတွက် ရီပါပလီကန်ပါတီ ကိုယ်စားပြုပြီးသမ္မတရွေးကောက်ပွဲမှာအနိုင်ရလာခဲ့ကာ သမ္မတဖြစ်လာတဲ့ Donald Trum အနေနဲ့ ရက်ပေါင်း ၉၀အတွင်း အမေရိကန်အနေဲ့ နိုင်ငံတကာအကူအညီပေးပို့မှုတွေအတွက် ဆိုင်းငံ့ပြီးကမ္ဘာတစ်ဝန်း အကူအညီပေးပို့မှုတွေအတွက် ပြန်လည်သုံးသပ်ဖို့ သမ္မတရာထူးလက်ခံတဲ့ နေ့မှာ လက်မှတ်ရေးထိုး ညွှန်ကြားချက်ကို အစိုးရဌာနတွေကို ပေးပို့ပြီး တစ်ကမ္ဘာလုံးသိစေရန် သမ္မတအိမ်ဖြူတော်ကနေ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုရန်ပုံငွေကို ပေးအပ်လျက်ရှိတဲ့အပေါ် အခုလို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်တဲ့ အစီအရင်ခံစာတွေကို ပေးပို့ဖို့ညွှန်ကြားထားပါတယ်။ အရှေ့အလယ်ပိုင်း…

Read More

အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ ချင်းလူမျိုး ၃၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြ

ဇန်နဝါရီလ ၃၁ ရက်။ အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ မြန်မာနိုင်ငံတည်ငြိမ်မှုစောင့်ပြီး ထောင်ထဲအထိမ်းသိမ်းခံထားရကာ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ သူတို့တွေ အစာငတ်ခံ ဆန္ဒပြကြတယ်လို့ အိန္ဒိယ – မြန််မာအရေးလေ့လာစောင့်ကြည့်လေ့လာတဲ့ India For Myanmar က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုအစာငတ်ခံ ဆန္ဒပြကြတဲ့ ချင်းလူမျိုး ၃၂ ဦး ဟာ ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး New Delhi က UNHCR လက်အောက်မှာ ခိုလှုံဖို့ သွားတဲ့လမ်းမှာ ဖမ်းဆီးထောင်ချခံရသူတွေဖြစ်တယ်လို့ India For Myanmar ရဲ့ဖော်ပြချက်အရ…

Read More