အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလား
DonBosco အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်မှုနဲ့ မြန်မာ/ချင်းစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဒုက္ခသည်အခွင့်အရေးရရှိဖို့ ဇူလိုင်လ ၇ ရက်နေ့ကစလို့ ဒီကနေ့ဇူလိုင် ၃၀ ရက် ထိ နေ့စဉ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြ ပေမယ့် UNHCR ဖက်က ဒီကနေ့အချိန်ထိ ဘာမှမတုံ့ပြန်တဲ့အတွက် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလားဆိုပြီး ဆန္ဒဖော်ထုတ်နေတဲ့ဒုက္ခသည် တွေဟာ စိုးရိမ်နေကြပါတယ်။ “UNHCR ကလည်းကျမတို့ကိုစောင့်ကြည့်နေတာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ရပ်တော့မလားဆိုတာမျိုးတွေစောင့်ကြည့်နေတာဖြစ်တယ်။ ကျမတို့အစပျိုးတဲ့ဟာကို အောင်မြင်သည်အထိ ဆက်လျှောက်ရမှာဖြစ်တယ်။ ကျမတို့ပိုပြီးစည်းလုံးဖို့လိုအပ်ပါတယ်။ ကျမတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကိုယ့်အလုပ်ကိုတောင်နားတာ၊ တစ်ချို့ အလုပ်ပြုတ်ခံပြီး ဆန္ဒပြပွဲမှာပါဝင်နေတာဖြစ်တယ်” ဒါကတော့ လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ…

