
ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ
မိုင်မိုင်မန်းထာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေး )Civil Disobedience Movement – CDM ) လုပ် ဆောင်ခဲ့တာ အခု ေဖ ေဖာ်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သယံဇာတများများစားစားမရှိ၊ ကြီးမားတဲ့စီးပွား ရေးလုပ်ငန်း တွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက်လူအများစုက မက် မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း)အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တ နေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီး တွေကို အလုပ် လျှောက်သူ တွေက လာဘ် ငွေ ပေးမှုအများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်…