Headlines

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကျင်းပတော့မယ့် ၂၀၂၅ ရွေးကောက်ပွဲ

မိုင်မိုင်(ဇလပ်မြေ) နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကကြိုးပမ်းအားထုတ်နေတဲ့၂၀၂၅ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကိုအနည်းနဲ့အများတော့အကျိုးသက်ရောက်မှုရှိလာတော့မှာပါ။ “အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုတယ်” လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲကို အခုနှစ် ၂၀၂၅ ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ…

Read More

မြန်မာ-ထိုင်း-မလေးရှား နယ်စပ်တကြောက လူမှောင်ခို လုပ်ငန်းများနှင့် မလေးရှားရောက် မြန်မာများဘ၀

Samchomun (ဆမ်ချိုမွန်း) ‌‌  စစ်ကောင်စီက စစ်မှုမထမ်းမနေမရ ဉပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်သည်။  ပြည်တွင်းနိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး မတည်ငြိမ်မှုများကြောင့် မိသားစုစားဝတ်နေရးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲကျပ်တည်းလာခြင်း ၊ စစ်တပ်၏ နေ့စဉ်ရက်ဆက် ဖမ်းဆီးနေမှု များကြောင့် ရသည့်နည်းလမ်းဖြင့် ပြည်ပထွက်ရန်  လူငယ်များ စဉ်းစားလာကြသည်။ ထို စိုးရိမ်ကြောင့်ကြမှုများကြောင့် မြန်မာပြည်ကို စွန့်ခွာတိမ်းရှောင်ရန် ကြိုးစားနေသူများထဲတွင် အောင်မိုး(အမည်လွှဲ)  အပါအဝင်ဖြစ်သည်။ အောင်မိုး (အမည်လွှဲ) သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ ထို့အပြင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း (Removal)…

Read More

အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ဈေးအကြီးဆုံးနဲ့ရင်ထိတ်စရာခရီးစဉ်ထဲက ၁ ခု ဖြစ်လာတဲ့  ချင်းပြည် နဲ့ရန်ကုန်ခရီး

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးအင်အားကောင်းလာတဲ့ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ မြို့ချင်းဆက်လမ်းမတွေမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တဲ့အပြင်ဆီဈေးတွေအဆမတန်တက်တဲ့ အခြေအနေမှာ ပြည်မနဲ့ ချင်းပြည်ကြားသွားလာရတဲ့ယာဉ်စီးခဈေးနှုန်းတွေဟာ သိန်းဂဏန်းအောက်ဈေးနှုန်းမရှိတော့တာကြာပါပြီ။ ဒါတောင်တိုက်ပွဲတွေအခြေအနေအပေါ်မူတည်ပြီး ခရီးသွားလာရေးက ပုံမှန်အနေအထားမှာမရှိပါဘူး။ ဒီသိန်းဂဏန်းကုန်ကျစရိတ်ဟာ အကြမ်းဖျင်း ချင်း တောင်က ဟားခါး၊တီးတိန် မြို့ တွေနဲ့ ကလေးမြို့အကြား ကုန်ကျစရိတ်သာဖြစ်ပြီး က လေး မြို့ကနေ ရန်ကုန်မြို့ကို စီးရတဲ့ လူ ၁ ယောက်စာ  ခရီး တကြောင်းစာ လေယာဉ်စီးခ ၅ သိန်း ဝန်းကျင်ကုန်ကျတာမပါသေးပါဘူး ။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ  လက်ရှိမှာပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက်၊တွန်းဇံမြို့နယ်တို့ကို ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေနဲ့ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီးထန်တလန်နဲ့ဖလမ်းမြို့တွင်းမှာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျက်ရှိကာ ဟားခါးနဲ့တီးတိန်မြို့ ၂ မြို့ကိုသာစစ် ကောင်စီကထိန်းချုပ်နိုင်ပါတော့တယ်။…

Read More

ချင်းအမျိုးသားနေ့သမိုင်း နေ့ရက်အမှားများဖြေရှင်းခြင်း

++++++++++++++++++++++++++++++++++++Salai Van Cung Lian (UK)ချင်းအမျိုးသားနေ့သမိုင်းအကြောင်းပြောကြားရာတွင် ကန်ပက်လက်အရေးခင်း (ဒါဘာပွဲ)ဟာ ၁၉၃၈ဟုလည်းကောင်း၊ ၁၉၃၉ဟုလည်းကောင်း၊ ၁၉၄၀ဟုလည်းကောင်း ခုနှစ်များ ကွဲလွှဲနေသည်ကို သတိထားကြမည်ထင်ပါသည်။ တက်လာသည့်လူဦးရေသည်လည်း ၃၀၀၀၊ ၂၀၀၀၊ ၁၀၀၀ စသည်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုပုံမတူညီကြပေ။ နောက်ပြီး ဦးဝမ္မသူးမောင်းနှင့် ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (ခ.မ.ည.ဖ) အဖွဲ့ဝင် ၉ ဦးကိုလည်း ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အစရှိသဖြင့် ကွဲလွဲနေကြသည်။ ဤအကြောင်းအား စုံးစမ်းနိုင်ရန်အတွက် လန်ဒန်မြို့ရှိ The British Library နှင့် ရန်ကုန်မြို့ရှိ အမျိုးသားမော်ကွန်းဌာန များသို့ သွားရောက်လေ့လာခဲ့ပါသည်။ မိမိသည် ဗြိတိသျှတို့ရေးသားထားသော အစီရင်ခံစာ များသည်သက်သေအခိုင်လုံဆုံးဖြစ်သည်ဟု ယုံကြည်မိပါသည်။ ကန်ပက်လက်ဒါဘာပွဲအကြောင်းနှင့်ပက်သက်ပြီး ထိုအချိန်ကမကွေးတိုင်းဝန်တော်ရှင်မင်း Mr.McCraken ၏အစီရင်ခံစာ (NAD: IAO-6110…

Read More

မလေးရှားရောက် ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့် မလေးရှားအစိုးရရဲ့အစီအစဉ်

မလေးရှားအစိုးရအနေနဲ့ သူ့နိုင်ငံတွင်းရောက်ရှိနေတဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ မလေးရှားအစိုးရဆီတရားဝင်မှတ်ပုံ တင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့်နဲ့ လူမှုရေးဆိုင်ရာ အကူအညီများပေးအပ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဒုက္ခသည်တွေကိုည်ခေါ်ဆိုမှုဆိုင်းငံ့ထား ကြောင်း ကြေညာပြီးသုံးပတ်မြောက်အကြာမှာ မလေးရှားဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ Zaliha Mustafa ကပြောဆိုလာတာဖြစ်ပါတယ်။ “လူသားချင်းစာနာထောက်ထားမှုအရ မလေးရှားဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခြားနိုင်ငံတွေက ဒုက္ခသည်တွေကို လူမှုရေးအကူအညီတွေ ထပ်တိုးပေးခဲ့ပါတယ်။ အစိုးရက ဒီအဖွဲ့တွေကို တတိယနိုင်ငံမှာ အခြေချနေထိုင်ခြင်း သို့မဟုတ် မူလနိုင်ငံကို မပြန်ခင်ထိ တည်ဆဲဥပဒေတွေနဲ့အညီ အစိုးရက ယာယီနေထိုင်ခွင့်ပြုထားပါတယ်” လို့ ဒေါက်တာ Zaliha Mustafa ကပြောပါတယ်။ ကဏ္ဍအသီးသီးအလိုက် အလုပ်သမားလိုအပ်ချက်များနဲ့အခြေအနေပေါ်မူတည်ပြီး မလေးရှားရှိဒုက္ခသည်များကိစ္စနဲ့ သီးခြားအချက်များကို ဆွေးနွေးပြုပြင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ အဓိကတော့ UNHCR ရုံးနဲ့ မလေးရှားအစိုးရဆီ…

Read More

၂၀၂၄ မှာ စိုက်ခင်းတိုးသော်လည်း မိုးများ၊ နှင်းရှားတဲ့ ရာသီကြောင့် ထွက်နှုန်းကျတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ

ကိုဇံ (ချင်းတောင်) ၂၀၂၄ ခုနှစ် ဘိန်းစိုက် ရာသီအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC)၏ စစ်တမ်းရလဒ် ထုတ်ပြန်ချက် အရ ချင်းပြည်နယ်မှာဘိန်း စိုက်ပျိုးမှု ၁၈% မြင့်တက် သွားကြောင်း အားလုံး သိရှိပြီး ဖြစ်မည်ထင်ပါသည်။ UNDOC ၏ စစ်တမ်းကောက်ယူခဲ့သည့် ဒေသများကို ကြည့်လိုက်မည် ဆိုပါက ချင်းပြည်နယ်တွင် တွန်းဇံမြို့နယ်ကို အဓိကထားလေ့လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ စာတမ်း ထဲတွင်လည်း “ချင်းပြည်နယ် တွင် တွန်းဇံမြို့ မြောက်ဘက်ရှိ တောင်ကုန်းများတွင် စိုက်ပျိုးမှု သိပ်သည်းဆ မြင့်မား နေကြောင်း တွေ့ရှိခဲ့သည်” ဟု ဖော်ပြခဲ့သည်။တီးတိန်မြို့နယ်၊ လေသာတောင်တန်း အရှေ့ဘက် ခြမ်း နှင့် ပတ်သက်ပြီး လေ့လာထားတာမျိုးမရှိသေးသည်ကို တွေ့ရှိခဲ့ရသည်။ ဘိန်းစိုက်ရာသီ မြန်မာ…

Read More

ချင်းပြည်မှာ မြို့သိမ်းပြီးနောက် ဖြေရှင်းရမယ့်တစ်သက်စာ မြေမြှုပ်မိုင်းအန္တရာယ်

DonBosco ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်(CDF-Mindat ) က မြို့ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် မြို့ခံ ပြည်သူများပြန်လည်နေထိုင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ မင်းတပ်မြို့မှာ မိုင်းအရေအတွက်ပေါင်း ၂၀၀ ကျော်ရှင်းလင်းထားပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ မြို့တစ်ခုတည်းမှာပင် ၁ လဝန်းကျင်အတွင်းမိုင်းအလုံးရေ ၂၀၀ ကျော်တွေ့ရှိတာဟာ အတော်များတဲ့ ပမာဏဖြစ်ပါတယ်။မိုင်းတစ်လုံးရဲ့ပေါက်ကွဲအားဟာ အနည်းဆုံး ငါးပေပတ်လည်နဲ့ ၁၀ ပေပတ်လည်အထိလူကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက် မိုင်းအလုံးရေ ၂၀၀ ကျော်ရှင်းလင်းနိုင်ခြင်းဟာလူ့အသက်အနည်းဆုံး ၄၀၀ ကနေ ၅၀၀ အကြားကယ်တင်နိုင်တဲ့သဘောဖြစ်ပါတယ်။ ဒါဟာစစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းပြည်တစ်ခွင်မှာ မြို့တစ်မြို့ရဲ့ မိုင်းရှင်းလင်းထား၊ ရှင်းလင်းဆဲ အနေအထားဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီကင်းစင်တာ ၆ လ ၀န်းကျင်ရှိပြီဖြစ်တဲ့ မတူပီမြို့မှာ မတူပီမြို့တွင်း လူနေတဲ့နေရာတွေကို မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့…

Read More

AA ထိန်းချုပ်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ရဲ့ ရှေ့ရေး ဘယ်လိုလဲ ???

မိုင်မိုင်မန်းထာ “ငါအင်အားရှိတယ် ငါအင်အားရှိတဲ့အတွက် ငါသိမ်းတယ်ကွာ မင်းတို့ဘာတတ်နိုင်လဲဆိုတာမျိုး သူတို့လည်း အဲ့တာခံခဲ့ရတယ် လေ ဗမာကအင်အားရှိတော့ မင်းတို့ရေနံတွေ ကြိုက်သလိုလုပ်မယ် ငါသုံးချင်သလိုသုံးမယ် မင်းတို့ ရော့အင့် တစ်ပြား/နှစ်ပြားပေးလိုက်တာ ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ အဲ့တာ ကိုယ်ကိုတိုင်က အဲလိုဟာမျိုးခံလိုက်ရပြီးတော့ …. ကိုယ်ကအင်အားနည်းနည်းရှိလို့ဆိုပြီး အဲ့တာမျိုး ပြန်လုပ်မယ်ဆိုတာတော့ မသင့်တော်ပါဘူး ဒါကတော့ နောက်ပြီးတော့ ပြဿနာတွေက ကျနော်တို့မှာနည်းပါတယ်” ဝါရင့်ချင်းနိုင်ငံရေးသမား Salai Kipp နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမားလည်းဖြစ်သူ ဒီမိုကရေစီအတွေးအခေါ်နဲ့ ဖက်ဒရယ်ကျွမ်းကျင်သူ Salai Kipp က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အရေးနဲ့ပတ်သက်ပြီး သူ့အမြင်တွေကို Chin World Media ဆီမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ ခုနှစ်…

Read More

ညီနောင်ချင်းသွေးစွန်းခဲ့ရင် ပြင်ရခက်ပါတယ် ၊ ချင်းအမျိုးသားများသို့ သတိပေးမေတ္တာရပ်ခံချက်။

ရဲဘော်ကျော်သန်း  မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နိုးထလှုပ်ရှားမှု (Insurrection) ကို မျဉ်းသတ်ခွဲခြားလိုက်ရင် နွေဦးတော်လှန်ရေးရဲ့ မတိုင်မှီနဲ့ နောက်ပိုင်းကို ပထမဆင်နဲ့ ဒုတိယဆင့်လို့ သတ်မှတ်နိုင်ပါတယ်။ ပထမပိုင်းကာလ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ လူထုအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေတဲ့ တိုက်ပွဲတွေမှာ စံနမူနာထား လေးစားရတဲ့ လူမျိုးစုအဖွဲ့တွေက ဗမာပြည်ထောင်စုမှာ အငယ်ဆုံးပြည်နယ် လူမျိုးစုတွေဖြစ်တဲ့ ချင်းနဲ့ ကယားတို့ဖြစ်တယ်။ ဒီအကြောင်းကို အကြောင်းဆိုက်တိုင်း မိတ်ဆွေကြားမှာပြောဖြစ်ပါတယ်။ ပြောရရင် သူတို့ဟာ ပထမပိုင်းကာလမှာ တိုက်ပွဲကို ဦးဆောင်သူ၊ တိုက်ပွဲရဲ့ ဝိညာဉ်အလံကိုင်လို့တောင် ကျနော်ရှုမြင်မိပါတယ်။ ခုတော့ ကျနော်အလေးထား စောင့်ကြည့်အားပေးနေတဲ့ သူတို့ ချင်း ညီနောင်တွေဆီက စိတ်မချမ်းမြေ့စရာ ပူပန်သောကရောက်စရာ သတင်းတွေကြားနေရတယ်။ ချင်းအမျိုးသားတပ်ဦး (Chin National Front) ဦးစီးတဲ့ ချင်းလန်းကောင်စီ( (Chinland Council) လက်အောက်ခံ…

Read More

လူရာချီထိခိုက်သေဆုံးခဲ့ရသည့် ကသည်းလူမျိုးနဲ့ချင်းအနွယ်ဝင်လူမျိုးစုတွေအကြားက မဏိပူရပြည်နယ် အဓိကရုဏ်း (2023 Manipur Violence)

၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့တွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ် တစ်ခုဖြစ်သော မဏိပူရပြည်နယ် ရှိ အင်ဖာ (Imphal) လွင်ပြင်တွင် နေထိုင်သော လူများစုလူမျိုးဖြစ်သည့် ကသည်း (Meitei) လူမျိုးများ နှင့် ချင်းအနွယ်ဝင် ကူကီလူမျိုးများ နှင့် ဇိုလူမျိုးများ အပါအဝင် ယင်းလွင်ပြင်ကို ဝန်းရံထားသည့် တောင်တန်းဒေသေတွင် နေထိုင်သော မျိုးနွယ်စုဝင်များ အကြား တွန်းတိုက်မှုကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။ အကြမ်းဖက်မှုကြောင့် လူပေါင်း ၉၈ဦး အသက်ရှုံးဆုံးခဲ့ရပြီး ၃၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရ ပြည်နယ် တွင် လွန်ခဲ့သော တစ်လအတွင်းကဖြစ်ပွားခဲ့သော ဟိန္ဒူ – ခရစ်ယာန် လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက်…

Read More