Headlines

ZZLMS ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက လူငယ်တွေ ထောက်ခံစာနှင့်သာ ခရီးသွားလာဖို့ထုတ်ပြန်

ဒီဇင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ် အလယ်ပိုင်းဒေသ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ ZZLMS ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အရွယ် အရွယ်ရှိ လူငယ်တွေအနေဖြင့် အရေးပေါ် ခရီးသွားလာခွင့်အတွက် ZZLMS တပ်ဖွဲ့တွေထံ ထောက်ခံစာယူပြီး ထောက်ခံစာနှင့်သာ သွားလာဖို့ ZZLMS ညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ZZLMS ညီနောင်အဖွဲ့ဟာ ချင်းပြည်နယ် အလယ်ပိုင်း ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF – Senthang ဆိုတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ၅ ဖွဲ့ဖြင့်…

Read More

ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်လမ်း) တလျောက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်များစိုက်ထူ

ဒီဇင်ဘာလ ၂၁ ရက်။ ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း) တလျောက်မှာ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့” စာတမ်းပါတဲ့ စစ်ကော်မရှင်ကျင်းပတော့မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စိုက်ထူခဲ့ကြောင်းကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။ မြို့ပြနှင့် စစ်တပ်ထိန်းချုပ်ထားသည့် ဒေသများမှ ပြည်သူများကို သေနတ်မိုး၍ အတင်းအကြပ်မဲထည့် ခိုင်းမည်မှာသေချာနေပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုသော လွတ်မြောက်ဒေသရှိ ပြည်သူများအနေဖြင့် လည်း အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံးနည်းလမ်းများဖြင့် ဆန့်ကျင်ပေးရန်၊စစ်ကော်မရှင်ဟာ လွတ်မြောက်ဒေသများမှာလည်း ရွေးကောက်ပွဲများကျင်းပပြုလုပ်နိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေကြောင်းကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။ ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း) တလျောက်တွင် ရွေးကောက်ပွဲဆန့် ကျင်ရေး ပိုစတာများစိုက်ထူရာမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)နှင့် ပူးပေါင်းခဲ့ပြီးဖြစ်ပြီး အကူအညီပေးခဲ့သောအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ကြောင်း ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။…

Read More

မရာနိုင်ငံရေးကို ဦးဆောင်ဖို့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီ – Political Steering Committee ကို ဖွဲ့စည်း

ဒီဇင်ဘာလ ၂၀ ရက်။ မရာနိုင်ငံရေးကို ဦးဆောင်ဖို့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီ – Political Steering Committee ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မရာပဋိညာဉ်အား မြေပြင်နှင့်ထပ်တူ ပိုကျတဲ့ ပဠိညာဉ်ဖြစ်လာစေရေးရည်ရွယ်ပြီးပြင်ဆင်ရေးကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF)က ဒီဇင်ဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မရာပဋိညာဉ်အရ အက်ဥပဒေ(၃) ခု ပြင်ဆင်ရေးနဲ့ အက်ဥပဒေကြမ်း ၁ ခုတို့ကို တင်သွင်းဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးအက်ဥပဒေ ပြင်ဆင်ခြင်းနဲ့ လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေတို့ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြပြီး ကျန်အက်ဥပဒေ ၂ ခုတို့အား Council Bill Committee ထံလွှဲအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ ဗဟိုကောင်စီအစည်းအဝေးအတွင်း ပြည်တွင်း/ ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊…

Read More

ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်က ၁ လ အတွင်း လေကြောင်းကနေ အကြိမ် ၅၀၀ ကျော် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ဒီဇင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း ၁ လကျော် အတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ အကြိမ် ၅၀၀ ကျော် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီလို့ ဖလမ်းမြို့နယ်မှာအခြေစိုက်ပြီးစစ်ရေးလှုပ်ရှားနေတဲ့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF)ရဲ့ ကာကွယ်ရေးဝန်ကြီး Pu Nehemiah Van က ပြောပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ အကြိမ် ၁၀၀၀ နီးပါး လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိဖလမ်းမြို့ကိုပြန်ရဖို့အတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲကာလ ၁ လကျော် အတွင်း လေကြောင်းကနေ အကြိမ်ရေ ၅၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့ပြီဖြစ်တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO /…

Read More

တီးတိန်မြို့နယ်မှာ ရှားပါး မျိုးစိတ်ဝင် ကျားသစ် ၂ကောင် ဖမ်းမိ

ဒီဇင်ဘာလ ၁၈ ရက်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် ပိမ်းပိကျေးရွာမှာ ဒေသခံ နှစ်ဦးက တောင်ယာ အနားထိ ရောက်ရှိလာတဲ့ ရှားပါးမျိုးစိတ်ဝင်ကျားသစ် ၂ကောင်ကို ဖမ်းမိသွားတယ် လို့ ဒေသခံတွေ ထံမှ သိရှိရ ပါတယ်။ “ဖမ်းမိတဲ့ သူ နှစ်ယောက် စလုံးက တောင်ယာမှာ ညအိပ် ကြတာ။ တဲနားမှာ သားရဲ အုပ်စု ကစားတဲ့ အသံတွေ ထွက်လာတယ်။ သူတို့လည်း မြေခွေးအုပ် ဖြစ်မယ် ထင်ပြီး ထွက် မကြည့်ရဲ့ဘူး။ တဲ နဲ့ တဖြည်းဖြည်း နီးလာတော့ မနက် ၃ နာရီလောက်မှာ နှစ်ယောက် စလုံး ထပြီး အသံ လာရာ ဘက်ကို တူမီး သေနတ်…

Read More

ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ဒီဇင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးအလုံးရေ အမြောက်အများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “Khuangli ရွာ အနီးအနားကို ဗုံးအလုံးရေ အမြောက်အများနဲ့ ဗုံးကြဲတာတွေလုပ်သွားတယ် အဲဒီရွာက အများစုက တေ စစ်ဘေးရှောင်သွားကြတယ်ဆိုတော့ အထိခိုက်တော့ မရှိလောက်ဘူး အဆောက်အဦး အထိအခိုက်လည်း အခုချိန်မှာ အတိကျမသိရသေးဘူး အခုဗုံးကြဲခံရတဲ့ အနီးအနားမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ဗုံးကြဲတာဖြစ်မယ်”လို့ပြောပါတယ်။ ဖလမ်းမြို့နယ် ၊ ခွန်လီ ကျေးရွာဟာ အိမ်ခြေအတော်အတန်များစွာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ…

Read More

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ ဈေးပိုရလာ

ဒီဇင်ဘာလ ၁၇ ရက်။ မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လုံးကို ကျပ် ၁ ထောင် အထိ ပေးဝယ် လာခဲ့တယ် လို့ တီးတိန်မြို့နယ် နေ ထောပတ် တောင်သူများ ထံမှ သိရှိရ ပါတယ်။ “ထောပတ်က အသီးကောင်းရင် ကောင်းသလို ဈေးရတယ်။ ဝယ်လက်တွေက ကိုယ်တိုင် ခူးပြီး ဝယ်သွားတယ်။ ၁ လုံးကို ကျပ် ၁ထောင်ထိ ပေးဝယ်တဲ့ အသီးတွေ ရှိတယ်။ ဒါပေမယ့် အရမ်း မျိုးကောင်းတဲ့ အသီး မဟုတ်ရင် ကျွန်တော်တို့ အလုံးလိုက်…

Read More

တီးတိန်မြို့နယ်မှာ မျောက်ငိုသီးတက်ခူးသူ ၁ ဦး အပင်ပေါ်မှ ပြုတ်ကျ သေဆုံး

ဒီဇင်ဘာလ ၁၆ ရက်။ တီးတိန်မြို့နယ် ဆွောင်းဆန် ကျေးရွာနေ အသက် ၄၅ နှစ် အရွယ် ဦးကပ်လမ်ခုပ် ဟာ မနေ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကမျောက်ငိုသီးခူးရင်း အပင်ပေါ်ကနေ ပြုတ်ကျတဲ့ ဒဏ်ရာကြောင့် ဒီနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။ “ကိုကပ်လမ်ခုပ် အပင်ပေါ်ကနေ ပြုတ်ကျတာ ကတော့ မနေ့က ပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ပေါ့။ ငါလ်ဘွာလ်ရွာကို မျောက်ငိုသီး ခူးဖို့ ဆွောင်းဆန်ရွာကနေ အဖွဲ့လိုက် သွားခဲ့ကြတယ်။ သူက အပင်ရဲ့ အဖျားပိုင်း ထိ တက်ပြီး သွားခူးရင်း ကနေ ပြုတ်ကျသွားတာ။ အစမှာတော့ ဘာမှ…

Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာ CDF – Matupi စစ်ဦးစီးဌာနမှူးကျဆုံးခဲ့ကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၃ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာ Chinland Defense Force – Matupi (CDF – Matupi)ရဲ့ စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီ ဒီဇင်ဘာလ ၁၂ ရက်နေ့ မြင့်မြတ်စွာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ CDF – Matupi က ထုတ်ပြန်ပါတယ်။ CDF – Matupiအဖွဲ့ရဲ့ စစ်ဦးစီးချုပ် Nai John Kim က “ဒီဖလမ်းနယ်ထဲမှာဘဲ Sumhrang ရွာအနီးအနားမှာဘဲ မတူပီရဲဘော်တော့ ၂ ဦးကျသွားပြီပေါ့ တိုက်ပွဲကလည်း အမြဲတမ်းပြင်းထန်နေတော့ တချို့ဒဏ်ရာရ ရဲဘော်တွေလည်း ရှိနေပါတယ် ဒီဟာတွေတော့ လုံခြုံရေးအရ ထည့်ပြောလို့ မရသေးဘူးပေါ့ ကျဆုံးတာတော့…

Read More

ဖလမ်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြပြီးတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ဦး အရှင်ဖမ်းမိ ခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့နေ့လည်ပိုင်းအချိန်မှာဖြစ်တယ် ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ တိုက်ပွဲအတွင်း စစ်ခွေးဘက်က ၁၄ ယောက်သေဆုံးတယ် ၁ ယောက်တော့ အရှှုင်ဖမ်းဆီးရမိတယ် တိုက်ပွဲအတွင်း လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံက ငါးကြင်းမြီး၊ ကွန်မန်ဒိုစိန်ပြောင်း၊…

Read More