Headlines

ဒိုင်ရ်ဒေသမှာ ရာသီတုပ်ကွေးကြောင့် ဖျားတဲ့ လူနာ ဆက်လက်များနေသေးပြီး ဆေးဝါးအခက်အခဲနဲ့လည်း ကြုံနေရတယ်လို့ ဒေသခံတွေကပြော

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နဲ့ ပလက်ဝမြို့နယ် အစပ်တွေမှာတည်ရှိတဲ့ ဒိုင်ရ်ချင်းမျိုးနွယ်စုတွေနေထိုင်တဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ရာသီတုပ်ကွေး ကြောင့် ဖျားနာတဲ့ လူနာ ဆက်လက်များနေပြီး ဆေးဝါးအခက်အခဲ လည်းရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒိုင်ရ်ဒေသမှာ နေထိုင်သူတစ်ဦးက “လူသေဆုံးမှုတော့ မရှိတော့ဘူး ဒါပေမယ့် အဖျားအနာက တောက်လျှောက်များနေကြတုန်းဖြစ်တယ် တချို့မဖျားသေးတဲ့သူတွေ ဖျားနာကြတာပေါ့ ကူးစက်တဲ့ ပုံစံမျိုးပေါ့ ဖျားနာပြီးသူတွေတချို့က သက်သာကြပြီ လက်ရှိ ဆေးဝါးတွေ သယ်ယူစရိတ်တွေကြောင့် လေး ၊ ငါးဆလောက်ပေးဝယ်ပြီး ဆေးကုသပေးနေရတော့ မလွယ်ဘူး ဆေးဝါးအခက်ခဲဖြစ်တယ် ဒေသအုပ်ချုပ်ရေးဘက်ကိုလည်း တင်ပြထားတာတွေတော့ ရှိတယ် အဖျားအနာတွေက မကျသေးဘူးဆိုတော့ အဓိကတော့ ဆေးဝါး ရရှိဖို့အခက်ခဲတော့ ရင်ဆိုင်နေရတယ်”…

Read More

မင်းတပ်မြို့ပေါ် မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနေအိမ် ၇ လုံးပျက်စီးခဲ့ရတယ်လို့ သိရ

စက်တင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ် ၂ နေရာကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ညက စစ်ကောင်စီတပ်က ဗုံး ၄ လုံးကြဲပြီး လေကြောင်းကနေ တိုက်ခိုက်သွားလို့ အရပ်သားနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ မနေ့စက်တင်ဘာ ၂၁ ည ၉ နာရီ ၄၂ မိနစ် အချိန်မှာတစ်ကြိမ် နဲ့ ၉ နာရီ ၅၀ မိနစ်အချိန်မှာနောက်တစ်ကြိမ် ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲက ၂ နေရာကို လေကြောင်းတိုက်ခိုက်သွားတာလို့ မင်းတပ်ဒေသခံတွေကပြောပါတယ်။ မင်းတပ်မြို့ပေါ် ၂ နေရာကို နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂…

Read More

CDF – Daai တည်ထောင်တဲ့ ၄ နှစ်ပြည့်မှာ CDF – Mindat နဲ့ အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်ကြောင်း CDF – Daai ဖော်ပြ

စက်တင်ဘာလ ၂၂ ရက်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( ဒိုင်ရ်) Chinland Defense Force-Daai ( CDF – Daai ) တည်ထောင်တဲ့ ၄ နှစ်ပြည့်တဲ့ နေ့ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat နဲ့ အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်တဲ့အကြောင်း CDF – Daai ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ CDF – Daai ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံး အပတ်စဉ် (၁) နဲ့ အပတ်စဉ် ၂ တို့တွင် စစ်ပညာသင်ကြားပေးခဲ့တဲ့ CDF – Mindat ကို အထူးကျေးဇူးတင်တဲ့အကြောင်း နဲ့ CDF…

Read More

ဟားခါးမြို့နယ်ပြင်ပကို သစ်၊တိုင်သယ်ဆောင်ခွင့် ပိတ်ပင်ကြောင်း CDF – Hakha ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ဟားခါးမြို့နယ်အတွင်း ချင်းလဲန်း ဗဟိုမြေယာနဲ့ သစ်တောဌာနရဲ့ တရားဝင်ထောက်ခံစာလေလံစာရွက်မပါရှိဘဲ ဟားခါးမြို့နယ်ကျော်ပြင်ပကို သစ်၊တိုင်တွေကို သယ်ဆောင်ခွင့်ကိုစက်တင်ဘာလ ၂၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ တရားဝင်ပိတ်ပင်တဲ့အကြောင်း CDF – Hakha က ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဟားခါးမြို့နယ် ဒေသ ၂ ခု ၊ မြို့တော်နယ်မြေ၊တို့အတွင်း(ဟားခါးမြ်ို့နယ်ပြင်ပမှလွှဲ)မိမိဒေသတွင်းဖြစ်ပါက ဒေသတာဝန်ခံထောက်ခံစာဖြစ် သွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဒေသတာဝန်ခံတွေအနေနဲ့ မိမိဒေသအတွင်းသာ သစ်ယူခွင့်ကို ထုတ်ပေးခွင့်ရှိပြီး မြို့နယ်ပြင်ပတွေက မြို့နယ်တာဝန်ခံလက်မှတ်ဖြင့်သာ သယ်ယူခွင့်ရှိတယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။ ဒေသတွင်းသယ်ယူလိုပါက ဒေသမြေယာနဲ့ သစ်တောရုံးကို ၃ ရက်ကြိုတင် စာဖြင့်လျှောက်ထားရန်နဲ့ မြို့နယ်ပြင်ပ သယ်ယူခြင်း ဒေသဖြတ်ကျော်…

Read More

ပလက်ဝမြို့နယ်၊ဒိုင်ရ်ဒေသအတွင်း ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါကြောင့် ၄ လ အတွင်း ကလေးငယ် ၅ ဦးအထိ သေဆုံးခဲ့ရပြီလို့ သိရ

စက်တင်ဘာလ ၁၆ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ မြို့နယ်အစပ်တွေမှာတည်ရှိတဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ကလေး၊ လူကြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး အဖြစ်များနေကြပြီး ၄ လအတွင်း ကလေးငယ် ၅ ယောက်အထိ သေဆုံးခဲ့ရပြီလို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။ ဒေသခံတစ်ဦးက “မနေ့က အသဲအသန်လူနာ ၃ ဦးထဲကနေ အသက် ၅ နှစ်ရွယ် ကလေးငယ်က ဦးနှောက်ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါနဲ့ မနေ့ညနေ ၄ နာရီလောက်မှာ ဆုံးသွားတယ် လက်ရှိ မနေ့ကစလို့ ကျောင်းတွေလည်း ပိတ်လိုက်ရတယ် ကျောင်းသား၊ ဆရာ၊ ဆရာမတွေ ရွာသူရွာသားတွေ အားလုံးဖျားနေကြတော့ အခုလို ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါတွေက ဇွန်လကတည်းကဖြစ်တာ အဲဒီခဏသက်သာကြသေးတယ်…

Read More

မိုးများတာကြောင့် ထန်တလန်-နှာရိန်လမ်း ပျက်စီး

စက်တင်ဘာလ ၁၆ ရက်။ မိုးဆက်တိုက်ရွာသွန်းလို့ ချင်းပြည်နယ် ထန်တလန်မြို့နှင့် ဇိုဖေရမ်းဒေသကြားရှိ (ယခင် ထန်တလန်-နှာရိန်လမ်း) လမ်းမကြီးဟာ ပျက်စီးခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်(Chinland) အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပျက်စီးနေတဲ့လမ်းကို ချင်းပြည်(Chinland) အစိုးရ၊ ဒေသန္တရအစိုးရ နှင့် အနီးနားရှိကျေးရွာလူထုတို့ ပူးပေါင်းပြီး ပြည်သူများအတွက် အမြန်ဆုံးအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။ အဆိုပါ ထန်တလန်မြို့နှင့် ဇိုဖေရမ်းဒေသကြားရှိ လမ်းမကြီးသည် ထန်တလန်မြို့မှ ယခင်အစိုးရက ကတ္တရာလမ်း မိုင်( ၂၀) ခန့် ခင်းပေးပြီးဖြစ်သော်လည်း ချင်းတောင်ရဲ့ မိုးများမှုကြောင့် ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လမ်းအသုံးပြုနေသော မိဘပြည်သူများနှင့် ကုန်တင်ကားသမားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီပေး ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။လို့သတင်းထုတ်ပြန်ထားပါတယ်။

Read More

ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ကြောင်း ထုတ်ပြန်

စက်တင်ဘာလ ၁၄ ရက်။ ချင်းပြည်နယ်ရှိ ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှ မဲဆန္ဒနယ် ပေါင်း ၁၁ ခုအပါအဝင် ရွေးကောက်ပွဲ မကျင်းပမယ့် လွှတ်တော်သုံးရပ်မှ မဲဆန္ဒနယ် ၁၂၁ နယ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၁၄ ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာပါတယ်။ ချင်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ ထဲမှ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များ ထဲမှ မတူပီခရိုင်၊ မင်းတပ်ခရိုင် နှင့် ပလက်ဝ ခရိုင် မဲဆန္ဒနယ် ၃ ခုကို လည်းကောင်း၊ ချင်းပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်…

Read More

ချင်းတော်လှန်ရေးအဖွဲ့များ အုပ်စုကွဲမှုကြောင့် ဒုက္ခသည်စခန်းများမှာ အကူအညီ မညီမျှမှုများ ဖြစ်ပေါ်စေတယ်လို့ Exile Hub ရဲ့ သုတေသနစစ်တမ်းမှာဖော်ပြ

စက်တင်ဘာလ ၁၄ ရက်။ ချင်းတော်လှန်ရေးအဖွဲ့များအတွင်း အုပ်စုကွဲမှုများကြောင့် အချို့သော ဒုက္ခသည်စခန်းများမှာ အကူအညီခွဲ‌၀ေမှု မညီမျှခြင်းများ ဖြစ်ပေါ်စေသလို အစားအစာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ ၀န်ဆောင်မှုများရရှိနိုင်မှုမှာလည်း ကွာဟချက်များဖြစ်ပေါ်စေတယ်လို့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Exile Hub ရဲ့ စက်တင်ဘာလမှာ တရား၀င်ထုတ်ပြန်လာတဲ့ သုတေသနစစ်တမ်းမှာဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပဋိပက္ခများကြောင့် မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ခိုလှုံရာ နေရာတစ်ခုဖြစ်လာခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများသည် စနစ်တကျမရှိပဲ ပြန့်ကျဲနေပြီး တစ်သမတ်တည်း မရှိကြောင်း Exile Hub ကဖော်ပြပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမျိုးရေးနှင့်နိုင်ငံရေးအမြင်ကွဲပြားမှုများကို ကျော်လွန်၍ အားလုံးပိုမိုပါ၀င်နိုင်ပြီး၊ ပိုမိုပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ချည်းကပ်မှုများကို ကျင့်သုံးဖို့လည်းလိုအပ်တယ်လို့ Exile Hub ကအစီအရင်ခံစာမှာ တိုက်တွန်းထားဖော်ပြထားပါတယ်။ ကူညီထောက်ပံ့ရေးကွန်ရက်များ ၀န်ပိနေသည့်အပြင်၊ အမေရိကန်ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ…

Read More

မင်းတပ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဒီနှစ်အတွင်း ၅ နှစ်အောက်ကလေး ၇ ဦးအထိ သေဆုံးခဲ့ရပြီလို့ သိရ

စက်တင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကလေး၊ လူကြီး ရာသီတုပ်ကွေး အဖြစ်များနေကြပြီး ဒီနှစ်အတွင်း ၅ နှစ်အောက် ကလေးငယ် (၇) ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီလို့ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က Chin World မီဒီယာကိုပြောပါတယ်။ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က “ကလေး၊ လူကြီး ဖြစ်ကြတယ် မြို့ပေါ်မှာနဲနဲသက်သာတယ် နယ်ဘက်မှာဆိုရင် သွေးလွန်တုပ်ကွေး အပြင် ငှက်ဖျားပိုးလည်း တွေ့ရတယ် ဆေးကုသမှုပိုင်းကိုလည်း အတက်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ CHO ရဲ့အကူအညီနဲ့ ကျမတို့မြို့နယ်ကျန်းမာရေး ပူးပေါင်းပြီးမှ ဆောင်ရွက်နေပါတယ် မင်းတပ်မြို့နယ်အတွင်းတော့ ဆေးကုသမှုတွေကိုတော့ လုံလုံလောက်လောက်နီးပါးလုပ်နိုင်တယ် အရင်လို ဆေးရုံ ဆေးခန်းမျိုးနဲ့ တော့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာ၊ မြေပြင်မှာဆိုရင် ရာသီဥတုလိုမျိုးတော့ ကျမတို့အတွက်တော့ အခက်ခဲစိန်ခေါ်မှုတွေဖြစ်ပေမယ့် ဆေးကုသမှုတွေကိုတော့…

Read More

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက မနေ့ညက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်းရှိ ခါပန်းရွာကို စစ်ကောင်စီတပ်က မနေ့ညစက်တင်ဘာလ ၁၀ ရက် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “ည ၁၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့နယ်အတွင်းက ခါပန်းရွာကို စကစက လေကြောင်းနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ် ရွာထဲမှာရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ပဲ အနည်းငယ် မစိုးရိမ်ရ ထိခိုက်တာရှိပါတယ် ကျန်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီဘက်က…

Read More