ခရီးသွားလူငယ်တွေကို တုတ်နဲ့ ရိုက်နှက်မိတဲ့အတွက် CDF-Hakha တောင်းပန်
မတ်လ ၁၂ ရက်။ “လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ တုတ်နဲ့ ရိုက်နှက်မိတဲ့အတွက် ကျွန်တော်တို့ မှားယွင်းသွားပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးကြပါ” လို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) က တာဝန်ရှိသူတွေက ခရီးသွားလူငယ်တွေကို တရားဝင် တောင်းပန်ကြောင်း မတ်လ (၁၂) ရက်နေ့မှာထုတ်ပြန်ပါတယ်။ မတ်လ ၇ ရက်နေ့က CDF-Hakha ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဂိတ်စောင့်နေတဲ့ တပ်ဖွဲ့ဝင်အချို့ဟာ ခရီးသွားလာနေတဲ့ လူငယ် ၁၃ ဦးကို (၂) ကြိမ်စီနဲ့၊ အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ တုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတ်လအတွင်းမှာ နှစ်ဖက်တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး CDF-Hakha…

