Headlines

ချင်းညီနောင်ကို အစဉ်တစိုက် ထောက်ပံ့ကူညီတဲ့ AA နဲ့ မဟာမိတ်တွေအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်

ဒီဇင်ဘာလ ၃၀ ရက်။ ချင်းညီနောင်အဖွဲ့ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နှင့် တော်လှန်ရေးမဟာမိတ် တွေနဲ့ နိုင်ငံတကာက ​ေတာ်လှန်ပြည်သူတွေအားလုံးအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ် ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ချင်းညီနောင် စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေး နှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်တွေ ကျဆုံးသွားတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အားလုံးကိုလည်း လေးနက်စွာ တန်ဖိုးထား ဂုဏ်ယူအောက်မေ့ ကြောင်း ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူလူထု ထောက်ခံမှု မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် ချင်းညီနောင် အဖွဲ့ဝင်တွေ အခြေစိုက်ရာ မတူပီမြို့နယ်၊…

Read More

တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည် ထိမှန်လို့ ကလေးငယ် ၁ ဦး သေဆုံး ပြီး ကလေး ၁ ဦး ဒဏ်ရာ ရ

ဒီဇင်ဘာလ ၃၀ ရက်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်မှာ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်၂၆၉ တပ်ရင်းမှ ရမ်းသမ်း ပစ်ခတ် သော လက်နက်ကြီး ကျည်ဟာ တီးတိန်မြို့နယ် ဆဲဇန်ရွာ အတွင်း ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ကလေးငယ်အမျိုးသား ၁ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ် လို့ ဒေသခံ များထံမှ သိရှိရပါတယ်။ သေဆုံးသူ ဖြစ်တဲ့ ၈ နှစ် အရွယ် Tg Pau Muan Sang ဟာ ညနေစာ စားပြီး အိမ်ရှေ့ လသာပြင်မှာ ပန်းကန် ဆေးနေစဉ် လက်နက်ကြီး…

Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာစစ်ကော်မရှင်တပ်သား ၄ ဦး အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၃၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ခွန်လီရွာဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းဆီးမိတာတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတဲ့ကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “စစ်ရေးက တအားတင်းမာနေတဲ့အခြေအနေမှာရှိပါတယ် ခွန်လီဘက်မှာရှိတဲ့သူတွေက မနေ့တနေ့လောက်ကနေ စစ်ကြောင်းအသကုန်ထိုးလာတော့ မနေ့ညက ကျနော်တို့ဘက်ကလည်း ပြန်စစ်ကြောင်းပြန် ထိုးတာတွေရှိတော့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄ ယောက်ဖမ်းမိတယ် လက်နက်သိမ်းထားတာတွေရှိတယ် ကျဆုံးတာတွေလည်း ၃ ယောက်လောက်ရှိတယ် အခုအဲဒီနေရာကို လက်နက်ကြီးနဲ့ အသကုန် ပြန်ဆော်နေတော့ စစ်ရေးအခြေအနေ တော်တော်တင်းမာတဲ့ အခြေအနေမှာ ရှိပါတယ်”လို့ ပြောပါတယ်။…

Read More

တီးတိန်မြို့နယ်မှာ ဇိုမီးအမျိုးသားပါတီက ၂ နေရာ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိ

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့ မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ဇိုမီးအမျိုးသားပါတီ(ZNP) က အမျိုးသားလွှတ်တော် (FPTP)မဲဆန္ဒနယ် နှင့် ပြည်နယ် လွှတ်တော် (FPTP)မဲဆန္ဒနယ်တို့မှာ လည်းကောင်း၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တီးတိန်မြို့ နယ် ရှိ တီးတိန်မြို့ နှင့် ခိုင်ကမ်းမြို့ တို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် တီးတိန်မြို့ပေါ် ရပ်ကွက် (…

Read More

ဟားခါးမြို့မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရ

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုက်ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီ ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မနေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့ပေါ် ရပ်ကွက် ( ၈) ခုမှာ မဲရုံ (၁၂) ရုံ ထားရှိကာ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။…

Read More

တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာ

ဒီဇင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် ၃ ခု အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းရှိ မြို့နယ် ၉ ခုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။ ယင်းကြေငြာချက် အရ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များ ရှိ သက်ဆိုင်ရာ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၃ ခု၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်…

Read More

ဟားခါးနဲ့တီးတိန်မြို့က ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အပြင်ထွက်ခြင်းမလုပ်ဖို့အသံတိတ်သပိတ်လုပ်ဖို့ထုတ်ပြန်

ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊အသံတိတ်သပိတ်လုပ်ဖို့ ၊ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားပါတယ်။ နေအိမ်၌သာ နေထိုင်ကာ အသွားအလာ သတိထားကြဖို့ နဲ့ ကျေးလက်နေပြည်သူတွေအနေဖြင့်လည်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ လေးစားစွာ အသိပေးတယ်လို့ PDF Zoland ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ် တွေမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဟားခါးမြို့နယ်အခြေစိုက်…

Read More

စစ်ကော်မရှင်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်မှာ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံး၊နေအိမ်တချို့ထိခိုက်ပျက်စီး

ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်ရဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၆ နာရီကစလို့ နေ့ လည်၁၂ နာရီအထိ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တောိလှန်ရေးတပ်ဖွဲ့ CDF – Hakha တို့အကြား ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က ဟားခါးမြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့လို့ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံးတာ နေအိမ်အဆောက်အအုံ တချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက Chin World Media ကိုပြောပါတယ်။ ဟားခါးမြို့ ရုန်းတောင်ပေါ်ရှိ စစ်ကော်မရှင်တပ် ခလရ ၂၆၆ တပ်ကုန်းနဲ့ ရုန်းတောင်ခြေ နှင့် ၆ လမ်းဆုံ အနီး နေရာ ၃ နေရာလောက်မှာ…

Read More

ဖလမ်း၊ထန်တလန်၊တွန်းဇံ မြို့၃ ခု ရွေးကောက်ပွဲကျင်းပမယ့် အပိုင်း ၃ စာရင်းမှာလည်းမပါဝင်

ဒီဇင်ဘာလ ၂၆ ရက်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အပိုင်း (၃) ပိုင်းခွဲပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ် ကျင်းပရန် စီစဉ်ထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ရှိ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားတဲ့ ထန်တလန်၊ ဖလမ်း နှင့် တွန်းဇံ မြို့နယ်တွေဟာ အပိုင်း (၃) မြို့နယ်စာရင်းမှာလည်း ပါဝင်လာခြင်း မရှိတောါ ကြောင်း UEC ရဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် မြို့နယ်များ စာရင်း အရ သိရှိရ ပါတယ်။ ချင်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် မှာ မူလက ရွေးကောက်ပွဲ…

Read More

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်

ဒီဇင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ရုန်းတောင် (Rungtlang) ရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်နံနက် ၆:၃၀ နာရီခန့်မှာ ဟားခါးမြို့နယ်မှာ စစ် ရေးလှုပ်ရှားတဲ့ CDF-Hakha တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဟားခါးမြို့အနီး ပတ်ဝန်းကျင် နေရာ (၃) ခုခန့်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။ ဒေသခံတစ်ဦးက “ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ အရမ်းပြင်းထန်တယ်။ ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းထဲမှာလည်း မီးတွေ အတော်လောင်နေတာ မြင်ရတယ်” လို့ ဟားခါး ဒေသတွင်းမီဒီယာဖြစ်တဲ့ လုံမီလီ (Lungmili Post) သို့…

Read More